ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများက မြန်မာနိုင်ငံအတွင်း အကြမ်းဖက် တိုက်ခိုက်ရန် စီစဉ်နေ၍ မသင်္ကာဖွယ်တွေ့ပါက အကြောင်းကြားရန် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံမှ အသိပေးနှိုးဆော်ထား

ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများက မြန်မာနိုင်ငံအတွင်း အကြမ်းဖက် တိုက်ခိုက်ရန် စီစဉ်နေ၍ မသင်္ကာဖွယ်တွေ့ပါက အကြောင်းကြားရန် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံမှ အသိပေးနှိုးဆော်ထား
စကျတငျဘာ 5, 2017
By Tachileik News Agency


မြန်မာနိုင်ငံ တ၀ှမ်းရှိ မြို့နယ်၊ ကျေးရွာများအလိုက် ပြည်သူလူထု တစ်ရပ်လုံးအနေဖြင့် ARSA အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများဟု မသင်္ကာဖွယ်ရာ လှုပ်ရှားမှုသတင်းများ၊ ဖောက်ခွဲရေးသုံးပစ္စည်းများ၊ အထူးသဖြင့် အမိုနီယမ်နိုက်ထရိတ်(ပုလဲဓာတ်မြေသြဇာ)များ စုဆောင်း နေမှုများကို သိရှိရပါက နီးစပ်ရာ တပ်စခန်း၊ ရဲစခန်းများနှင့် တပ်ဌာနချုပ်များသို့ အကြောင်း ကြားသွားကြပါရန် အသိပေး နှိုးဆော်ထားခြင်း ဖြစ်သည်။


မြန်မာနိုင်ငံမှ အခြားနိုင်ငံများသို့ သွားရောက် အလုပ် လုပ်နေကြသည့် အလုပ်သမားအချို့အား လွန်ခဲ့သည့် (၄) လခန့်ကပင် ဒေသန္တရပစ္စည်းများနှင့် မိုင်းလုပ်နည်းများကို ကျွမ်းကျင်ကြသူများအဖြစ် နိုင်ငံတစ်နိုင်ငံတွင် အကြမ်းဖက်သင်တန်းဖွင့်လှစ် ပို့ချထားခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်-မောင်တောဒေသကို ဘင်္ဂါလီအရေးနှင့် ပတ်သက်၍ ကမ္ဘာက ပိုမို အာရုံစိုက်လာစေရန်နှင့် ARSA အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများ၏ အကြမ်းဖက်မှုကို ထောက်ခံမှု ရရှိစေရန်အတွက် မြန်မာနိုင်ငံ၏ အဓိကမြို့ကြီးများဖြစ်သည့် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မော်လမြိုင် အပါအ၀င် အခြားမြို့ကြီးများ၌ အကြမ်းဖက်ဖောက်ခွဲတိုက်ခိုက်မှုများ လုပ်ဆောင်ရန် ပြင်ဆင်လျက်ရှိကြောင်း သတင်းရရှိထားသည်ဟု သိရသည်။


~~~~~~~~⊰❂ unicode ~~~~~~~~

Arakan Rohingya Salvation Army (ARSA) အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများက စက်တင်ဘာလအတွင်း မြန်မာနိုင်ငံအတွင်း ပိုင်းဒေသများတွင် အကြမ်းဖက် ဖောက်ခွဲတိုက်ခိုက်မှုများ လုပ်ဆောင်ရန် စီစဉ်နေကြောင်း သတင်းရထားသဖြင့် မိမိတို့ဝန်းကျင်တွင် မသင်္ကာဖွယ်များ သတိထားကြရန် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက စက်တင်ဘာလ (၅)ရက်နေ့တွင် အသိပေးနှိုးဆော်ချက်ထုတ်ပြန်လိုက်သည်။

မြန်မာနိုင်ငံ တဝှမ်းရှိ မြို့နယ်၊ ကျေးရွာများအလိုက် ပြည်သူလူထု တစ်ရပ်လုံးအနဖြေင့် ARSA အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများဟု မသင်္ကာဖွယ်ရာ လှုပ်ရှားမှုသတင်းများ၊ ဖောက်ခွဲရေးသုံးပစ္စည်းများ၊ အထူးသဖြင့် အမိုနီယမ်နိုက်ထရိတ်(ပုလဲဓာတ်မြသြေဇာ)များ စုဆောင်း နေမှုများကို သိရှိရပါက နီးစပ်ရာ တပ်စခန်း၊ ရဲစခန်းများနှင့် တပ်ဌာနချုပ်များသို့ အကြောင်း ကြားသွားကြပါရန် အသိပေး နှိုးဆော်ထားခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်မြောက်ခြမ်း၌ ARSA အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများက အကြမ်းဖက် တိုက်ခိုက်မှုများ ပြုလုပ်နေချိန်နှင့် ကုလသမဂ္ဂအထွေထွေ ညီလာခံကျင်းပရန်ရှိသည့် စက်တင်ဘာလ အတွင်း အချိန်ကိုက်လျက် မြန်မာနိုင်ငံအတွင်းပိုင်းဒေသများတွင် အကြမ်းဖက်ဖောက်ခွဲတိုက်ခိုက်မှုများ လုပ်ဆောင်ရန် အကြမ်းဖက်မှုကိုထောက်ခံသည့် ပြည်ပနိုင်ငံတစ်ခု၌ စီစဉ်နေကြောင်း သိရှိရသည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံမှ အခြားနိုင်ငံများသို့ သွားရောက် အလုပ် လုပ်နကြေသည့် အလုပ်သမားအချို့အား လွန်ခဲ့သည့် (၄) လခန့်ကပင် ဒေသန္တရပစ္စည်းများနှင့် မိုင်းလုပ်နည်းများကို ကျွမ်းကျင်ကြသူများအဖြစ် နိုင်ငံတစ်နိုင်ငံတွင် အကြမ်းဖက်သင်တန်းဖွင့်လှစ် ပို့ချထားခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်-မောင်တောဒေသကို ဘင်္ဂါလီအရေးနှင့် ပတ်သက်၍ ကမ္ဘာက ပိုမို အာရုံစိုက်လာစေရန်နှင့် ARSA အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများ၏ အကြမ်းဖက်မှုကို ထောက်ခံမှု ရရှိစေရန်အတွက် မြန်မာနိုင်ငံ၏ အဓိကမြို့ကြီးများဖြစ်သည့် နပြေည်တော်၊ ရန်ကုန်၊ မန္တလေး၊ မော်လမြိုင် အပါအဝင် အခြားမြို့ကြီးများ၌ အကြမ်းဖက်ဖောက်ခွဲတိုက်ခိုက်မှုများ လုပ်ဆောင်ရန် ပြင်ဆင်လျက်ရှိကြောင်း သတင်းရရှိထားသည်ဟု သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~