တာခ်ီလိတ္ခရိုင္အတြင္း ေတာင္သူပညာေပးကို တုိင္းရင္းသားဘာသာမ်ားျဖင့္ပါ ျဖန္႔ေဝမည္ျဖစ္၍ ဘာသာျပန္ေစလိုသည့္ တုိင္းရင္းသားဘာသာမ်ားရိွပါက ဆက္သြယ္အေၾကာင္းၾကားႏုိင္

တာခ်ီလိတ္ခရိုင္အတြင္း ေတာင္သူပညာေပးကို တုိင္းရင္းသားဘာသာမ်ားျဖင့္ပါ ျဖန္႔ေဝမည္ျဖစ္၍ ဘာသာျပန္ေစလိုသည့္ တုိင္းရင္းသားဘာသာမ်ားရိွပါက ဆက္သြယ္အေၾကာင္းၾကားႏုိင္
စက်တင်ဘာ 12, 2017
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ခရိုင္အတြင္း ေတာင္သူပညာေပးပိုစတာမ်ားႏွင့္ လက္ကမ္းစာေစာင္မ်ားအား ျမန္မာဘာသာအျပင္ ေဒသတြင္းတုိင္းရင္းသားဘာသာစကားမ်ားျဖင့္ပါ ျဖန္႔ေဝျခင္းမ်ား လုပ္ေဆာင္မည္ျဖစ္သျဖင့္ မိမိတို႔ေဒသတြင္းအသံုးျပဳသည့္ တိုင္းရင္းဘာသာစကားမ်ားသို႔ ထပ္မံျပန္ဆိုေပးရန္ လိုအပ္ပါက တာခ်ီလိတ္ခရိုင္ စိုက္ပ်ိဳးေရးဦးစီးဌာနသို႔ ဆက္သြယ္အသိေပးႏုိင္ေၾကာင္း သိရသည္။

“အခုကေတာ့ ျမန္မာဘာသာအပါအဝင္ ဘာသာစကားေလးမ်ိဳးနဲ႔ ပိုစတာေတြ၊ လက္ကမ္းစာေစာင္ေတြ၊ စတစ္ကာေတြ လုပ္ထားပါတယ္။ ကုိုယ့္ေဒသမွာ တစ္ျခားဘာသာစကားေတြ အသံုးျပဳတာရိွၾကတယ္ဆိုရင္လည္း ကၽြန္ေတာ္တို႔ဆီကို ဆက္သြယ္အေၾကာင္းၾကားေပးလို႔ရပါတယ္။ တာခ်ီလိတ္ခရိုင္အတြင္းက ၿမိဳ႕နယ္ (၆)ၿမိဳ႕နယ္မွာ ဘာသာစကားေလးမ်ိဳးနဲ႔ ပိုစတာေတြ စိုက္ထူထားၿပီး ေက်းရြာေတြမွာ ေတာင္သူပညာေပးသြားရင္း လက္ကမ္းစာေစာင္ေတြ ျဖန္႔ေဝေပးမွာပါ။ သက္ဆုိင္ရာ ရပ္/ေက်းအုပ္ခ်ဳပ္ေရးမွဴးေတြအေနနဲ႔ ကိုယ့္ေဒသအတြင္း လာေရာက္ေဟာေျပာဖို႔ ေခၚမယ္ဆိုရင္လည္း ကၽြန္ေတာ္တို႔ဌာနက သြားေပးမွာပါ။ ကားေတြ၊ လက္ဖက္ရည္ဆိုင္ေတြမွာ ကပ္ထားဖို႔ စတစ္ကာေတြလည္း လုပ္ထားပါတယ္။ ေတာင္သူပညာေပးကို လူထုၾကား မ်ားမ်ားေရာက္ေစဖို႔ပါ”ဟု တာခ်ီလိတ္ခရိုင္စိုက္ပ်ိဳးေရးဦစီးဌာနမွ ခရိုင္ဦးစီးမွဴး ဦးလွဝင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

လက္ရိွတြင္ ပိုစတာႏွင့္ လက္ကမ္းစာေစာင္မ်ားအား ျမန္မာဘာသာ၊ ရွမ္းဘာသာ၊ အာခါဘာသာႏွင့္ လားဟူဘာသာမ်ားျဖင့္ ျပန္ဆိုထားၿပီး ထပ္မံဘာသာျပန္စလိုသည့္ တုိင္းရင္းသားဘာသာစကားရိွပါက တာခ်ီလိတ္ၿမိဳ႕ မယ္ေခါင္ရပ္ကြက္ရိွ ခရိုင္စိုက္ပ်ိဳးေရးဦးစီးမွဴးရံုး ဖုန္း ၀၈၄ ၅၁၄၈၈ သို႔ ဆက္သြယ္အေၾကာင္းၾကားႏုိင္ေၾကာင္း သိရသည္။

သတင္း #ခ်ယ္ရီထုိက္
ဓါတ္ပံု #ခရိုင္စုိက္ပ်ိဳးေရးဦးစီးဌာန

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်ခရိုင်အတွင်း တောင်သူပညာပေးကို တိုင်းရင်းသားဘာသာများဖြင့်ပါ ဖြန့်ဝေမည်ဖြစ်၍ ဘာသာပြန်စေလိုသည့် တိုင်းရင်းသားဘာသာများရှိပါက ဆက်သွယ်အကြောင်းကြားနိုင်
***********
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်အတွင်း တောင်သူပညာပေးပိုစတာများနှင့် လက်ကမ်းစာစောင်များအား မြန်မာဘာသာအပြင် ဒေသတွင်းတိုင်းရင်းသားဘာသာစကားများဖြင့်ပါ ဖြန့်ဝေခြင်းများ လုပ်ဆောင်မည်ဖြစ်သဖြင့် မိမိတို့ဒေသတွင်းအသုံးပြုသည့် တိုင်းရင်းဘာသာစကားများသို့ ထပ်မံပြန်ဆိုပေးရန် လိုအပ်ပါက တာချီလိတ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနသို့ ဆက်သွယ်အသိပေးနိုင်ကြောင်း သိရသည်။

“အခုကတော့ မြန်မာဘာသာအပါအဝင် ဘာသာစကားလေးမျိုးနဲ့ ပိုစတာတွေ၊ လက်ကမ်းစာစောင်တွေ၊ စတစ်ကာတွေ လုပ်ထားပါတယ်။ ကိုုယ့်ဒေသမှာ တစ်ခြားဘာသာစကားတွေ အသုံးပြုတာရှိကြတယ်ဆိုရင်လည်း ကျွန်တော်တို့ဆီကို ဆက်သွယ်အကြောင်းကြားပေးလို့ရပါတယ်။ တာချီလိတ်ခရိုင်အတွင်းက မြို့နယ် (၆)မြို့နယ်မှာ ဘာသာစကားလေးမျိုးနဲ့ ပိုစတာတွေ စိုက်ထူထားပြီး ကျေးရွာတွေမှာ တောင်သူပညာပေးသွားရင်း လက်ကမ်းစာစောင်တွေ ဖြန့်ဝေပေးမှာပါ။ သက်ဆိုင်ရာ ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေအနေနဲ့ ကိုယ့်ဒေသအတွင်း လာရောက်ဟောပြောဖို့ ခေါ်မယ်ဆိုရင်လည်း ကျွန်တော်တို့ဌာနက သွားပေးမှာပါ။ ကားတွေ၊ လက်ဖက်ရည်ဆိုင်တွေမှာ ကပ်ထားဖို့ စတစ်ကာတွေလည်း လုပ်ထားပါတယ်။ တောင်သူပညာပေးကို လူထုကြား များများရောက်စေဖို့ပါ”ဟု တာချီလိတ်ခရိုင်စိုက်ပျိုးရေးဦစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးလှဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လက်ရှိတွင် ပိုစတာနှင့် လက်ကမ်းစာစောင်များအား မြန်မာဘာသာ၊ ရှမ်းဘာသာ၊ အာခါဘာသာနှင့် လားဟူဘာသာများဖြင့် ပြန်ဆိုထားပြီး ထပ်မံဘာသာပြန်စလိုသည့် တိုင်းရင်းသားဘာသာစကားရှိပါက တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်ရှိ ခရိုင်စိုက်ပျိုးရေးဦးစီးမှူးရုံး ဖုန်း ၀၈၄ ၅၁၄၈၈ သို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း သိရသည်။

သတင်း #ချယ်ရီထိုက်
ဓါတ်ပုံ #ခရိုင်စိုက်ပျိုးရေးဦးစီးဌာန

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~