ကျိုင်းတုံမြို့ ရပ်ကွက် (၃)မှ ဝက်ခေါက်လုပ်ငန်းများ တိုင်ကြားခံရ၍ စည်းကမ်းချက်များ သတ်မှတ်

ကျိုင်းတုံမြို့ ရပ်ကွက် (၃)မှ ဝက်ခေါက်လုပ်ငန်းများ တိုင်ကြားခံရ၍ စည်းကမ်းချက်များ သတ်မှတ်
စကျတငျဘာ 27, 2017
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ ပိုင်း)၊ ကျိုင်းတုံမြို့ ရပ်ကွက်(၃)ရှိ ဝက်ခေါက်လုပ်ငန်းများ အနေဖြင့် ပတ်ဝန်းကျင် အနှောင့်အယှက် မဖြစ်စေရန် ဝက်ခေါက်ကြော်ချိန် သတ်မှတ်ခြင်းနှင့် လူနေရပ်ကွက်အတွင်း ရေဆိုး စွန့်ပစ်ခြင်းမပြုရန် စက်တင်ဘာလ (၂၆)ရက်နေ့တွင် ခရိုင်စားသုံးသူ သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေးစင်တာက ညှိနှိုင်းဖြေရှင်းပေးထားကြောင်း သိရသည်။


"ရပ်ကွက်(၃)ထဲမှာရှိတဲ့ ၀က်ခေါက်ရုံတွေကနေပြီးတော့ ၀က်ခေါက်မီးမြိုက်တဲ့အခါနဲ့  ၀က်ခေါက်ကြော်တဲ့ အခါမှာ ထွက်တဲ့ညှော်နံ့ နဲ့  သူတို့ ဆီကထွက်တဲ့ ရေဆိုးတွေက ဘေးပတ်ဝန်းကျင်အတွက် ကျန်းမာရေး ထိခိုက်မှုတွေ ဖြစ်စေနိုင်တယ်ဆိုပြီး ကျွန်တော်တို့ ဆီကို တိုင်ကြားလာတဲ့အတွက် ဒီနေ့  နေ့လယ်ပိုင်းက နှစ်ဦးနှစ်ဘက် အဆင်ပြေအောင် ညှိနှိုင်းပေးခဲ့တာ အဆင်ပြေသွားပါတယ်"ဟု ခရိုင်စားသုံးသူ သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာမှ စစ်ဆေးရေးမှူး ဦးသန်းစိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

၎င်းကိစ္စနှင့်ပတ်သက်၍ ၀က်ခေါက်ကြော်မည့် အချိန်ကို နံနက်(၅)နာရီမှ(၇)နာရီနှင့် ညနေ(၅)နာရီမှ (၇)နာရီ နှစ်ကြိမ်သတ်မှတ်ရန်နှင့် ရေဆိုးများကို မြောင်းအတွင်း မစွန့် ပစ်ဘဲ လူနေအိမ်များနှင့် ဝေးသော နေရာများတွင် သွားရောက်စွန့်ပစ်ရန် ညှိနှိုင်းခဲ့ရာ တိုင်ကြားသူနှင့် ၀က်ခေါက်လုပ်ငန်းရှင်တို့ ကပါ သဘောတူကြကြောင်း သိရသည်။



သတင်း- #ဇွဲမြတ်


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ ရပ်ကွက်(၃)ရှိ ဝက်ခေါက်လုပ်ငန်းများ အနဖြေင့် ပတ်ဝန်းကျင် အနှောင့်အယှက် မဖြစ်စေရန် ဝက်ခေါက်ကြော်ချိန် သတ်မှတ်ခြင်းနှင့် လူနေရပ်ကွက်အတွင်း ရေဆိုး စွန့်ပစ်ခြင်းမပြုရန် စက်တင်ဘာလ (၂၆)ရက်နေ့တွင် ခရိုင်စားသုံးသူ သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေးစင်တာက ညှိနှိုင်းဖြေရှင်းပေးထားကြောင်း သိရသည်။

အဆိုပါ ဝက်ခေါက်ကြော်လုပ်ငန်းများ၏ ညှော်နံ့များနှင့် ရေဆိုးများကြောင့် အနီးဝန်းကျင် နေထိုင်သူများ အနှောင့်အယှက်ဖြစ်ရကြောင်း စင်တာသို့ တိုင်ကြားလာသဖြင့် သွားရောက်ညှိနှိုင်း ဖြေရှင်း ပေးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ရပ်ကွက်(၃)ထဲမှာရှိတဲ့ ဝက်ခေါက်ရုံတွေကနပြေီးတော့ ဝက်ခေါက်မီးမြိုက်တဲ့အခါနဲ့ ဝက်ခေါက်ကြော်တဲ့ အခါမှာ ထွက်တဲ့ညှော်နံ့နဲ့ သူတို့ဆီကထွက်တဲ့ ရေဆိုးတွေက ဘေးပတ်ဝန်းကျင်အတွက် ကျန်းမာရေး ထိခိုက်မှုတွေ ဖြစ်စေနိုင်တယ်ဆိုပြီး ကျွန်တော်တို့ဆီကို တိုင်ကြားလာတဲ့အတွက် ဒီနေ့ နေ့လယ်ပိုင်းက နှစ်ဦးနှစ်ဘက် အဆင်ပြေအောင် ညှိနှိုင်းပေးခဲ့တာ အဆင်ပြေသွားပါတယ်"ဟု ခရိုင်စားသုံးသူ သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာမှ စစ်ဆေးရေးမှူး ဦးသန်းစိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

၎င်းကိစ္စနှင့်ပတ်သက်၍ ဝက်ခေါက်ကြော်မည့် အချိန်ကို နံနက်(၅)နာရီမှ(၇)နာရီနှင့် ညနေ(၅)နာရီမှ (၇)နာရီ နှစ်ကြိမ်သတ်မှတ်ရန်နှင့် ရေဆိုးများကို မြောင်းအတွင်း မစွန့်ပစ်ဘဲ လူနေအိမ်များနှင့်ေဝးသော နေရာများတွင် သွားရောက်စွန့်ပစ်ရန် ညှိနှို်င်းခဲ့ရာ တိုင်ကြားသူနှင့် ဝက်ခေါက်လုပ်ငန်းရှင်တို့ကပါ သဘောတူကြကြောင်း သိရသည်။

"ဒီတစ်ခေါက် အမှုကတော့ ကျွန်တော်တို့ဆီတိုင်တာ တတိယမြောက်အမှုပါ။ ရှေ့အမှု(၂)ခုကတော့ ကျွန်တော်တို့ဆီမှာပဲ မပြီးပြတ်လို့ ခရိုင်စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့အထိ တက်ရပါတယ်။ ဒီတစ်ခေါက် အမှုကတော့ ကျွန်တော်တို့ဆီမှာပဲ နှစ်ဦးနှစ်ဘက် အဆင်ပြေအောင် ညှိနှိုင်းပေး နိုင်ခဲ့ပါတယ်"ဟု ခရိုင်စားသုံးသူ သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာမှ စစ်ဆေးရေးမှူး ဦးသန်းစိုးက ပြောသည်။

ကျိုင်းတုံခရိုင် စားသုံးသူသတင်း ပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာကို ဇူလိုင်လ ပထမပတ်မှ စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး စားသုံးသူများအား အစားအသောက်များနှင့် ပတ်သက်၍ သတင်းပြန်ကြား ပေးရန်နှင့် စားသုံးသူများ၏ နစ်နာဆုံးရှုံးမှုများကို လာရောက် တိုင်ကြားမှုများအား ဖြေရှင်းပေးနေကြောင်း သိရသည်။

သတင်း - #ဇွဲမြတ်
ဓာတ်ပုံ - ခရိုင်စားသုံးသူရေးရာဦးစီးဌာန

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~