သိႏၷီၿမိဳ႕နယ္ အိုရီယမ္တယ္တိုးဂိတ္တြင္ ခရီးသည္တင္ကားျဖင့္ စိတ္ႂကြ႐ူးသြပ္ေဆးျပားသယ္လာသူအား ဖမ္းဆီးရမိ

သိႏၷီၿမိဳ႕နယ္ အိုရီယမ္တယ္တိုးဂိတ္တြင္ ခရီးသည္တင္ကားျဖင့္ စိတ္ႂကြ႐ူးသြပ္ေဆးျပားသယ္လာသူအား ဖမ္းဆီးရမိ
စက်တင်ဘာ 5, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) သိႏၷီၿမိဳ႕အဝင္ အိုရီယမ္တယ္တိုးဂိတ္အနီးတြင္ ခရီးသည္တင္ ေမာ္ေတာ္ယာဥ္ တစ္စီးအား စစ္ေဆးရာ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၁၄၀၀)သယ္ေဆာင္လာသည့္ ခရီးသည္တစ္ဦးကို စက္တင္ဘာလ (၄)ရက္ေန႔က ဖမ္းဆီးရမိေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႕စု(၂၄)လားရိႈးမွ တပ္ဖြဲ႕ဝင္မ်ား ပါဝင္သည့္ ပူးေပါင္းအဖြဲ႕သည္ သိႏၷီၿမိဳ႕အဝင္ အိုရီယမ္တယ္ တိုးဂိတ္အနီးတြင္ စက္တင္ဘာလ (၄ ) ရက္ေန႔ ေန႔လယ္(၁)နာရီခြဲအခ်ိန္က ခရီးသည္တင္ ေမာ္ေတာ္ယာဥ္အား ရွာေဖြရာ ခရီးသည္ ေအာင္ဇင္လတ္၏ လြယ္အိတ္အတြင္းမွ စိတ္ႂကြ ႐ူးသြပ္ ေဆးျပားမ်ားကို သိမ္းဆည္းရမိျခင္းျဖစ္ေၾကာင္း သိရသည္။

စိတ္ၾကြေဆးျပားမ်ားနွင့္အတူ ဖမ္းဆီးရမိသည့္ ေအာင္ဇင္လတ္အား မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာေဆးဝါးမ်ားဆိုင္ရာဥပေဒအရ အေရးယူထားေၾကာင္း သိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) သိန္နီမြို့အဝင် အိုရီယမ်တယ်တိုးဂိတ်အနီးတွင် ခရီးသည်တင် မော်တော်ယာဉ် တစ်စီးအား စစ်ဆေးရာ စိတ်ကြွရူးသွပ်ဆေးပြား (၁၄၀၀)သယ်ဆောင်လာသည့် ခရီးသည်တစ်ဦးကို စက်တင်ဘာလ (၄)ရက်နေ့က ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၂၄)လားရှိုးမှ တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် သိန္နီမြို့အဝင် အိုရီယမ်တယ် တိုးဂိတ်အနီးတွင် စက်တင်ဘာလ (၄ ) ရက်နေ့ နေ့လယ်(၁)နာရီခွဲအချိန်က ခရီးသည်တင် မော်တော်ယာဉ်အား ရှာဖွေရာ ခရီးသည် အောင်ဇင်လတ်၏ လွယ်အိတ်အတွင်းမှ စိတ်ကြွ ရူးသွပ် ဆေးပြားများကို သိမ်းဆည်းရမိခြင်းဖြစ်ကြောင်း သိရသည်။

စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းဆီးရမိသည့် အောင်ဇင်လတ်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။ 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~