ရှမ်းပြည်နယ် ဒုတိယ အထွေထွေအုပ်ချုပ်ရေးမှူးဖလား အားကစားပြိုင်ပွဲအား ယခုနှစ်အတွက် တာချီလိတ်တွင် ကျင်းပမည်

ရှမ်းပြည်နယ် ဒုတိယ အထွေထွေအုပ်ချုပ်ရေးမှူးဖလား အားကစားပြိုင်ပွဲအား ယခုနှစ်အတွက် တာချီလိတ်တွင် ကျင်းပမည်
စကျတငျဘာ 28, 2017
By Tachileik News Agency



နှစ်စဉ် ကျင်းပနေသည့် မြို့နယ်အားကစားဖွံ့ ဖြိုးတိုးတက်ရေးအစီအစဉ် (TSDP - Township Sport Development Program )အရ ဇွန်လအတွင်း (၅)မြို့နယ်နှင့် ဒီဇင်ဘာလအတွင်း (၅)မြို့နယ်စီ ရွေးချယ်ပြီး အားကစားပြိုင်ပွဲများ ကျင်းပနေခြင်းဖြစ်ကြောင်း သိရသည်။

မြို့နယ်အားကစားဖွံ့ ဖြိုးတိုးတက်ရေးအစီအစဉ်(TSDP) အရ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး(ဖလား) မြို့နယ်ပေါင်းစုံ အားကစားပြိုင်ပွဲများအား ၂၀၁၆ ခုနှစ် ဇန်န၀ါရီလက ရှမ်းပြည်နယ် (အရှေ့ပိုင်း)ဒေသအတွက် ကျိုင်းတုံမြို့တွင် ကျင်းပခဲ့ရာ ကျိုင်းတုံခရိုင်၊ တာချီလိတ်ခရိုင်နှင့် မိုင်းဆတ်ခရိုင်တို့ အတွင်းရှိ မြို့နယ် (၉)မြို့နယ်မှ ပါဝင်ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်သည်။

သတင်း - ချယ်ရီထိုက်


~~~~~~~~⊰❂ unicode ~~~~~~~~

မြို့နယ်အလိုက် အလှည့်ကျ ကျင်းပနေသည့် ရှမ်းပြည်နယ် ဒုတိယအထွေထွေအုပ်ချုပ်ရေးမှူးဖလား အားကစားပြိုင်ပွဲအား ယခု ၂၀၁၇ခုနှစ်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့၌ ဒီဇင်ဘာလ အတွင်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

“ဒီပြိုင်ပွဲကို မြို့နယ်အလိုက် အလှည့်ကျ ကျင်းပဖို့ ရည်ရွယ်တာပါ။ ဒီအားကစားပွဲတွေ ကျင်းပခြင်းနှင့်အတူ မြို့နယ်ဖွံ့ဖြိုးရေးလည်း ပါဝင်အောင်လို့ပါ။ မနှစ်ကတော့ ရှမ်း/တောင်၊ ရှမ်း/မြောက်၊ ရှမ်း/အရှေ့ဆိုပြီး အဲဒီလို ခွဲလိုက်တာပေါ့နော်။ ရှမ်း/အရှေ့အတွက် မနှစ်က ကျိုင်းတုံမှာ လုပ်လိုက်ပါတယ်။ ဒီနှစ်ကတော့ အဲဒီခေါင်းစဉ်နဲ့ပဲ တာချီလိတ်မှာ ကျင်းပဖို့ စီစဉ်ထားတာပါ”ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

နှစ်စဉ် ကျင်းပနေသည့် မြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် (TSDP - Township Sport Development Program )အရ ဇွန်လအတွင်း (၅)မြို့နယ်နှင့် ဒီဇင်ဘာလအတွင်း (၅)မြို့နယ်စီ ရွေးချယ်ပြီး အားကစားပြိုင်ပွဲများ ကျင်းပနခြေင်းဖြစ်ကြောင်း သိရသည်။

မြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်(TSDP) အရ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး(ဖလား) မြို့နယ်ပေါင်းစုံ အားကစားပြိုင်ပွဲများအား ၂၀၁၆ ခုနှစ် ဇန်နဝါရီလက ရှမ်းပြည်နယ် (အရှေ့ပို်င်း)ဒေသအတွက် ကျိုင်းတုံမြို့တွင် ကျင်းပခဲ့ရာ ကျိုင်းတုံခရိုင်၊ တာချီလိတ်ခရိုင်နှင့် မိုင်းဆတ်ခရိုင်တို့အတွင်းရှိ မြို့နယ် (၉)မြို့နယ်မှ ပါဝင်ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်သည်။

သတင်း - ချယ်ရီထိုက် 

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~