ေရပူအၿမဲတမ္းစစ္ေဆးေရးစခန္းတြင္ သစ္(၁၀)တန္ တရားမဝင္သယ္ေဆာင္လာသူႏွစ္ဦးအား ဖမ္းဆီးရမိ

ေရပူအၿမဲတမ္းစစ္ေဆးေရးစခန္းတြင္ သစ္(၁၀)တန္ တရားမဝင္သယ္ေဆာင္လာသူႏွစ္ဦးအား ဖမ္းဆီးရမိ
စက်တင်ဘာ 17, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) သိန္းနီၿမိဳ႕နယ္ ေရပူအၿမဲတမ္းစစ္ေဆးေရးစခန္းတြင္ စက္တင္ဘာလ (၁၇)ရက္ေန႔ နံနက္ပိုင္းက တရားမဝင္ပိေတာက္သစ္ (၁၀) တန္ခန္႔ တင္ေဆာင္လာသည့္ (၂၂)ဘီးယာဥ္တစ္စီးအား ယာဥ္ေပၚပါအမ်ိဳးသား(၂)ဦးႏွင့္အတူ ဖမ္းဆီးရမိထားေၾကာင္း သိရသည္။

“မိတာကေတာ့ ဒီမနက္အေစာပိုင္း (၁)နာရီဝန္းက်င္ေလာက္က ဂိတ္မွာစစ္ေဆးေရးလုပ္ငန္းေတြ လုပ္ေဆာင္ေနရင္း မိတာျဖစ္ပါတယ္။ သစ္ေတြကေတာ့ လားရိႈးကိုသယ္သြားၿပီး ေသခ်ာ တိုင္းတာတြက္ခ်က္ရဦးမွာ ျဖစ္ပါ တယ္။ ခန္႔မွန္းေျခ (၁၀)တန္ေလာက္ရွိမယ္လို႔ ခန္႔မွန္းရပါတယ္။ ယာဥ္ေမာင္းအမ်ိဳးသားနဲ႔ ယာဥ္ေပၚပါ အမ်ိဳးသားတစ္ဦးကိုလည္း ဖမ္းဆီးရမိထားပါတယ္”ဟု စစ္ေဆးေရးအဖြဲ႔ဝင္ျဖစ္သည့္ ေတာအုပ္ႀကီး ဦးစိုးတင့္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါသစ္မ်ားအား မူဆယ္ဘက္သို႔ သယ္ေဆာင္လာျခင္းျဖစ္ေၾကာင္း သိရၿပီး  ယာဥ္ႏွင့္သစ္မ်ားအား လားရႈိးၿမိဳ႕နယ္ သစ္ေတာဦးစီးဌာနသို႔ ပို႔ေဆာင္မည္ျဖစ္ေၾကာင္း သိရသည္။

သစ္မ်ား တရားမဝင္သယ္ေဆာင္လာသည့္ အမ်ိဳးသားႏွစ္ဦးအား သိန္းနီၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္အေရးယူ ေဆာင္ရြက္ထားေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) သိန်းနီမြို့နယ် ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းတွင် စက်တင်ဘာလ (၁၇)ရက်နေ့ နံနက်ပိုင်းက တရားမဝင်ပိတောက်သစ် (၁၀) တန်ခန့် တင်ဆောင်လာသည့် (၂၂)ဘီးယာဉ်တစ်စီးအား ယာဉ်ပေါ်ပါအမျိုးသား(၂)ဦးနှင့်အတူ ဖမ်းဆီးရမိထားကြောင်း သိရသည်။

“မိတာကတော့ ဒီမနက်အစောပိုင်း (၁)နာရီဝန်းကျင်လောက်က ဂိတ်မှာစစ်ဆေးရေးလုပ်ငန်းတွေ လုပ်ဆောင်နေရင်း မိတာဖြစ်ပါတယ်။ သစ်တွေကတော့ လားရှိုးကိုသယ်သွားပြီး သေချာ တိုင်းတာတွက်ချက်ရဦးမှာ ဖြစ်ပါ တယ်။ ခန့်မှန်းခြေ (၁၀)တန်လောက်ရှိမယ်လို့ ခန့်မှန်းရပါတယ်။ ယာဉ်မောင်းအမျိုးသားနဲ့ ယာဉ်ပေါ်ပါ အမျိုးသားတစ်ဦးကိုလည်း ဖမ်းဆီးရမိထားပါတယ်”ဟု စစ်ဆေးရေးအဖွဲ့ဝင်ဖြစ်သည့် တောအုပ်ကြီး ဦးစိုးတင့်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါသစ်များအား မူဆယ်ဘက်သို့ သယ်ဆောင်လာခြင်းဖြစ်ကြောင်း သိရပြီး ယာဉ်နှင့်သစ်များအား လားရှိုးမြို့နယ် သစ်တောဦးစီးဌာနသို့ ပို့ဆောင်မည်ဖြစ်ကြောင်း သိရသည်။

သစ်များ တရားမဝင်သယ်ဆောင်လာသည့် အမျိုးသားနှစ်ဦးအား သိန်းနီမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

သတင်း #နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~