ရခိုင္ျပည္နယ္တြင္ ဆူပူအံုၾကြမႈျဖစ္ရန္ မေကြးတိုင္းေဒသႀကီး၌ ေငြေပးစည္းရံုးသူမ်ားအား စံုစမ္းစစ္ေဆးမႈ ျပဳလုပ္ေန

ရခိုင္ျပည္နယ္တြင္ ဆူပူအံုၾကြမႈျဖစ္ရန္ မေကြးတိုင္းေဒသႀကီး၌ ေငြေပးစည္းရံုးသူမ်ားအား စံုစမ္းစစ္ေဆးမႈ ျပဳလုပ္ေန
စက်တင်ဘာ 27, 2017
By Tachileik News Agency

ရခိုင္ျပည္နယ္ အလယ္ပိုင္းတြင္ ဘဂၤါလီတစ္သန္းခန္႔အား ေနရာခ်ထားေပးမည္ဟု လူမွဳကြန္ရက္ စာမ်က္နွာ၌ ေရးသားၿပီး ရခိုင္ျပည္နယ္တြင္ ဆူပူအံုၾကြမႈလုပ္ေဆာင္ရန္ လူတစ္ဦးလွ်င္ ေငြက်ပ္ (၅)သိန္းႏႈန္းေပး၍ အမ္းၿမိဳ႕သို႔ ေခၚေဆာင္ရန္ စည္းရံုးေနသူအား စံုစမ္းစစ္ေဆးမႈမ်ား လုပ္ေဆာင္ေနေၾကာင္း မေကြးတိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္က စက္တင္ဘာ(၂၆)ရက္ ညေနပိုင္းတြင္ ထုတ္ေဖာ္ ေျပာၾကားလိုက္သည္။

“စံုစမ္းစစ္ေဆးဆဲ ကာလျဖစ္တဲ့အတြက္ ကၽြန္ေတာ္တို႔ကို သတင္းေပးတဲ့လူကိုေရာ သူ႔ကိုစည္းရံုးတဲ့လူကိုပါ အမည္ေဖာ္ထုတ္ေျပာလို႔ မရေသးပါဘူး။ အမ္းကိုလိုက္ခဲ့ (၅) သိန္းေပးမယ္။ လမ္းမွာ အစားအေသာက္နဲ႔ လိုတာ အကုန္ရေစရမယ္။ ငါးသိန္းေတာင္ေပးတာ ဘာလုပ္ရမွာလဲဆိုေတာ့ အမ္းမွာဆူပူအံုၾကြေအာင္ လံႈ႕ေဆာ္ေပးရမွာဆိုၿပီး သူ႔ကိုစည္းရံုးတယ္လို႔ ေျပာတယ္” ဟု မေကြးတုိင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ေဒါက္တာ ေအာင္မိုးညိဳက ေျပာသည္။

စည္းရံုးသူက ေငြလိုအပ္ေန၍ လုပ္ေပးျခင္းျဖစ္ၿပီး အဆိုပါ ကိစၥမ်ား ေအာင္ျမင္စြာ လုပ္ႏုိင္ပါက က်ပ္သိန္းေထာင္ခ်ီ ရမည္ျဖစ္ေၾကာင္း ေျပာဆို စည္းရံုးခဲ့ျခင္းျဖစ္သည္ဟု သိရသျဖင့္ သက္ဆုိင္ရာက ဆက္လက္ စစ္ေဆးေဖာ္ထုတ္မႈမ်ား လုပ္ေဆာင္ရန္ မေကြးတိုင္းေဒသႀကီး အစိုးရအဖြဲ႔ဝင္မ်ား၊ လံုၿခံဳေရးႏွင့္ နယ္စပ္ေရးရာဝန္ႀကီး၊ ဥပေဒအရာရွိမ်ားပါဝင္သည့္ လံုျခံဳေရးႏွင့္ သတင္း ေပါင္းစပ္ ညႇိႏိႈင္း အစည္းအေဝးတြင္ ဆံုးျဖတ္ထားေၾကာင္း သိရသည္။

ျပစ္မႈဆိုင္ရာ ဥပေဒတြင္ ပုဒ္မ၁၂၄(က)၌ မည္သူမဆိုႏႈတ္ျဖင့္ျဖစ္ေစ၊ စာျဖင့္ျဖစ္ေစ၊ အမွတ္အသားျဖင့္ ျဖစ္္ေစ ထင္ရွားေသာပံုသ႑ာန္ျဖင့္ျဖစ္ေစ၊ အျခားနည္းျဖင့္ျဖစ္ေစ၊ ျပည္ေထာင္စုအတြက္ သို႔တည္းမဟုတ္ ျပည္ေထာင္စု အဖြဲ႔ဝင္မ်ားအတြက္ ဥပေဒအရ တည္ေထာင္ထားေသာ အစိုးရကို အမုန္းထားေအာင္ေသာ္ လည္းေကာင္း ၊ မေလးစားေအာင္ေသာ္လည္းေကာင္းျပဳလွ်င္ သို႔တည္းမဟုတ္ ထိုသို႔ျပဳရန္အားထုတ္လွ်င္ သို႔တည္းမဟုတ္ ေမတၱာပ်က္ေအာင္လံႈ႕ေဆာ္လွ်င္ သို႔တည္းမဟုတ္ ထိုသို႔လံႈ႕ေဆာ္ရန္အားထုတ္လွ်င္ ထုိ သူကို ေငြဒဏ္နွင့္တကြ တစ္သက္တစ္ကြ်န္းဒဏ္ျဖစ္ေစ၊ ေငြဒဏ္နွင့္ တစ္သက္တစ္ကြ်န္းေအာက္ ေလ်ာ့သည့္ တစ္ကြ်န္းဒဏ္ျဖစ္ေစ၊ ေငြဒဏ္နွင့္တကြ သံုးနွစ္အထိ ေထာင္ဒဏ္ျဖစ္ေစ၊ ေငြဒဏ္ သက္သက္ျဖစ္ေစ ခ်မွတ္ရမည္ဟု ျပဌာန္းထားေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု #ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~

ရခိုင်ပြည်နယ် အလယ်ပိုင်းတွင် ဘင်္ဂါလီတစ်သန်းခန့်အား နေရာချထားပေးမည်ဟု လူမှုကွန်ရက် စာမျက်နှာ၌ ရေးသားပြီး ရခိုင်ပြည်နယ်တွင် ဆူပူအုံကြွမှုလုပ်ဆောင်ရန် လူတစ်ဦးလျှင် ငွေကျပ် (၅)သိန်းနှုန်းပေး၍ အမ်းမြို့သို့ ခေါ်ဆောင်ရန် စည်းရုံးနေသူအား စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က စက်တင်ဘာ(၂၆)ရက် ညနေပိုင်းတွင် ထုတ်ဖော် ပြောကြားလိုက်သည်။

“စုံစမ်းစစ်ဆေးဆဲ ကာလဖြစ်တဲ့အတွက် ကျွန်တော်တို့ကို သတင်းပေးတဲ့လူကိုရော သူ့ကိုစည်းရုံးတဲ့လူကိုပါ အမည်ဖော်ထုတ်ပြောလို့ မရသေးပါဘူး။ အမ်းကိုလိုက်ခဲ့ (၅) သိန်းပေးမယ်။ လမ်းမှာ အစားအသောက်နဲ့ လိုတာ အကုန်ရစေရမယ်။ ငါးသိန်းတောင်ပေးတာ ဘာလုပ်ရမှာလဲဆိုတော့ အမ်းမှာဆူပူအုံကြွအောင် လှုံ့ဆော်ပေးရမှာဆိုပြီး သူ့ကိုစည်းရုံးတယ်လို့ ပြောတယ်” ဟု မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာ အောင်မိုးညိုက ပြောသည်။

စည်းရုံးသူက ငွေလိုအပ်နေ၍ လုပ်ပေးခြင်းဖြစ်ပြီး အဆိုပါ ကိစ္စများ အောင်မြင်စွာ လုပ်နိုင်ပါက ကျပ်သိန်းထောင်ချီ ရမည်ဖြစ်ကြောင်း ပြောဆို စည်းရုံးခဲ့ခြင်းဖြစ်သည်ဟု သိရသဖြင့် သက်ဆိုင်ရာက ဆက်လက် စစ်ဆေးဖော်ထုတ်မှုများ လုပ်ဆောင်ရန် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ဥပဒေအရာရှိများပါဝင်သည့် လုံခြုံရေးနှင့် သတင်း ပေါင်းစပ် ညှိနှိုင်း အစည်းအဝေးတွင် ဆုံးဖြတ်ထားကြောင်း သိရသည်။

ပြစ်မှုဆိုင်ရာ ဥပဒေတွင် ပုဒ်မ၁၂၄(က)၌ မည်သူမဆိုနှုတ်ဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ အမှတ်အသားဖြင့် ဖြစ်စေ ထင်ရှားသောပုံသဏ္ဍာန်ဖြင့်ဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေ၊ ပြည်ထောင်စုအတွက် သို့တည်းမဟုတ် ပြည်ထောင်စု အဖွဲ့ဝင်များအတွက် ဥပဒေအရ တည်ထောင်ထားသော အစိုးရကို အမုန်းထားအောင်သော် လည်းကောင်း၊ မလေးစားအောင်သော်လည်းကောင်းပြုလျှင် သို့တည်းမဟုတ် ထိုသို့ပြုရန်အားထုတ်လျှင် သို့တည်းမဟုတ် မေတ္တာပျက်အောင်လှုံ့ဆော်လျှင် သို့တည်းမဟုတ် ထိုသို့လှုံ့ဆော်ရန်အားထုတ်လျှင် ထို သူကို ငွေဒဏ်နှင့်တကွ တစ်သက်တစ်ကျွန်းဒဏ်ဖြစ်စေ၊ ငွေဒဏ်နှင့် တစ်သက်တစ်ကျွန်းအောက် လျော့သည့် တစ်ကျွန်းဒဏ်ဖြစ်စေ၊ ငွေဒဏ်နှင့်တကွ သုံးနှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ် သက်သက်ဖြစ်စေ ချမှတ်ရမည်ဟု ပြဌာန်းထားကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ #ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~