လားရှိုးမြို့ နယ်မြေ (၆)ရှိ အိမ်တစ်လုံးတွင် စိတ်ကြွရူးသွပ်ဆေးပြားနှင့်အတူ အမျိုးသား လေးဦးအား ဖမ်းဆီးရမိ

လားရှိုးမြို့ နယ်မြေ (၆)ရှိ အိမ်တစ်လုံးတွင် စိတ်ကြွရူးသွပ်ဆေးပြားနှင့်အတူ အမျိုးသား လေးဦးအား ဖမ်းဆီးရမိ
စက်တင်ဘာ 29, 2017
By Tachileik News Agency




သတင်း - နန်းဟွမ်ခမ်း


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ် အမှတ်(၇)ရပ်ကွက်၊ နယ်မြေ(၆)၊ ကောင်းမှုလမ်းမှ နေအိမ် တစ်လုံးအား စက်တင်ဘာလ (၂၈)ရက်နေ့တွင် ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား (၈၆၀၀)ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၂၄)လားရှိုးမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဝင်းမြတ်သူ(ခ) ဖူဝေရန်၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ဝင်းမြတ်သူ(ခ) ဖူဝေရန်၊ လီကျိန်ချန်း(ခ) အားချန်၊ ကျော်ကျော်ဦး(ခ) ယွိလုံနှင့် ရွဲ့ယုံဖူးတို့အား အဆိုပါ နေအိမ်တွင် တွေ့ရှိရပြီး အိပ်ခန်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား (၈၆၀၀) ပြားကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများ ရှာဖွေတွေ့ရှိသည့် အိမ်တွင် တွေ့ရသည့် ဝင်းမြတ်သူ(ခ)ဖူဝေရန်၊ လီကျိန်ချန်း(ခ) အားချန်၊ ကျော်ကျော်ဦး(ခ)ယွိလုံနှင့် ရွဲ့ယုံဖူး(ခ)အားယုံတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

သတင်း - နန်းဟွမ်ခမ်း

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~