ကယားျပည္နယ္မွ ဘိလပ္ေျမ စက္ရုံစီမံကိန္းအား ေဒသလူထုလက္ခံမႈမရိွလွ်င္ ျပည္နယ္အစိုးရ ခြင့္မျပဳ

ကယားျပည္နယ္မွ ဘိလပ္ေျမ စက္ရုံစီမံကိန္းအား ေဒသလူထုလက္ခံမႈမရိွလွ်င္ ျပည္နယ္အစိုးရ ခြင့္မျပဳ
စက်တင်ဘာ 17, 2017
By Tachileik News Agency

ကယားျပည္နယ္တြင္ တည္ေဆာက္မည့္ တစ္ေန႔တန္(၄)ေထာင္က် ဘိလပ္ေျမစက္ရုံစီမံကိန္းကို ေဒသခံလူထု လက္ခံမႈ မရမခ်င္း ခြင့္ျပဳမည္မဟုတ္ေၾကာင္း ကယားျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးအယ္လ္ေဖာင္းရႈိက လိြဳင္ေကာ္ၿမိဳ႕တြင္ လူထုႏွင့္ေတြ႔ဆံုစဥ္ ကတိေပးေျပာၾကားလိုက္သည္။

"အဲဒီေဒသကလူေတြ ဒီျပည္နယ္ထဲက မိဘ ျပည္သူေတြ သူတို႔ဆႏၵေပၚပဲ မူတည္ပါတယ္။ အားလုံးက လိုလိုလားလားနဲ႕ စည္းကမ္းနဲ႕အညီ ျပည္သူေတြအတြက္လည္း အက်ိဳးရွွိမယ္။ သဘာဝပတ္ဝန္းက်င္လည္း ထိခိုက္မႈမရွိဘူး။ ေဒသကလူေတြလည္း ခြင့္ျပဳမယ္။ ျပည္နယ္သူျပည္နယ္သားေတြအတြက္လည္း အလုပ္အကိုင္အခြင့္အလမ္းရမယ္။ ဒါကိုသူတို႔က ၾကည္ျဖဴတယ္၊ လက္ခံတယ္ဆိုတဲ့ တစ္ေန႕ ကြ်န္ေတာ္တို႔ ျပည္နယ္အစိုးရက ဒီေပၚမွာခြင့္ျပဳေပးမယ္။ ျပည္သူေတြလက္မခံဘူးဆိုရင္ ကြ်န္ေတာ္တို႔ကလည္း ခြင့္ျပဳသြားမွာ လက္ခံသြားမွာ မဟုတ္ပါဘူးလို႔ ကြ်န္ေတာ္ဒီလိုပဲေျပာခ်င္ပါတယ္ "ဟု စက္တင္ဘာလ (၁၆) ရက္ေန႕ လိြဳင္ေကာ္ၿမိဳ႕ လူထုေတြ႕ဆုံပြဲတြင္ ယင္းကဲ့သို႔ ေျပာၾကားလုိက္ျခင္းျဖစ္သည္။

လိြဳင္ေကာ္ၿမိဳ႕နယ္ ပႀကဲေတာင္သုံးလုံးေဒသတြင္ Square Power Group Co.,Ltd က တစ္ေန႕တန္ (၄)ေထာင္က် ဘိလပ္ေျမစက္ရုံစီမံကိန္းတည္ေဆာက္ရန္ ၂၀၁၁ ခုႏွစ္က ခြင့္ျပဳခ်က္က်ထားသျဖင့္ အေကာင္အထည္ေဖာ္ရန္ ႀကိဳးစားေနျခင္းျဖစ္ၿပီး အဆိုပါေဒသမွ ေဒသခံမ်ားႏွင့္ ကယားျပည္နယ္အတြင္းရွိ အရပ္ဖက္အဖြဲ႕အစည္းမ်ား၊ တိုင္းရင္းသားႏိုင္ငံေရးပါတီမ်ားက အဆိုပါ စီမံကိန္းအား ကန္႔ကြက္ ေနၾကျခင္းျဖစ္သည္။

အဆိုပါ ဘိလပ္ေျမစက္ရုံအား ျမန္မာ့ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္က ၂၀၁၁ ခုႏွစ္ ႏုိဝင္ဘာလ (၈)ရက္ေန႔တြင္လည္းေကာင္း၊ ကယားျပည္နယ္အစိုးရက ၂၀၁၁ ခုႏွစ္ ႏိုဝင္ဘာလ (၁၁)ရက္ေန႔တြင္ လည္းေကာင္း ခြင့္ျပဳခဲ့ျခင္းျဖစ္ၿပီး ပႀကဲေဒသရွိ ခ်ိကယ္ေက်းရြာအုပ္စုဆယ္စုမွ ေဒသခံမ်ားက ေထာက္ခံမဲ (၅၀၄)မဲ၊ ကန္႕ကြက္မဲ (၁၉၂)မဲ ျဖင့္ သေဘာတူအတည္ျပဳထားသျဖင့္ စက္ရံုတည္ေဆာက္မည့္ ပႀကဲ - ေတာင္သုံးလုံး ေဒသမွ ေျမဧက (၉၈.၀၉)ႏွင့္ ထုံးေက်ာက္ ထုတ္လုပ္မည့္ ေျမဧက ( ၂၉၁ .၈၀)တို႔အတြက္ ေျမယာေလ်ာ္ေၾကးႏွင့္ ေတာင္ယာေျပာင္းေရႊ႕စရိတ္မ်ားကို ၂၀၁၃ ခုႏွစ္ ဒီဇင္ဘာလ (၁၇)ရက္ေန႔တြင္ ေတာင္သူမ်ားထံ ေပးအပ္ထားၿပီးျဖစ္ေၾကာင္း အဆိုပါ ကုမၸဏီက ထုတ္ျပန္ထားသည္။

ကယားျပည္နယ္ဝန္ႀကီးခ်ဳပ္ဦးေဆာင္ေသာ ျပည္နယ္အစိုးရအဖြဲ႔က စက္တင္ဘာလ (၁၆)ရက္ေန႔တြင္ လြဳိင္ေကာ္ၿမိဳ႕ေပၚ(၁၉)ရပ္ကြက္မွ ျပည္သူ မ်ားႏွင့္ေတြ႔ဆုံပြဲက်င္းပရာတြင္ အဆိုပါစီမံကိန္းႏွင့္ပတ္သက္၍ ျပည္နယ္အစိုးရ၏ သေဘာထားကို ဝန္ႀကီးခ်ဳပ္က ထုတ္ေဖာ္ေျပာၾကားခဲ့ျခင္းျဖစ္သည္။

အဆိုပါ အခမ္းအနားသုိ႔ တက္ေရာက္လာသည့္ လြဳိင္ေကာ္ၿမိဳ႕ေပၚ(၁၉) ရပ္ကြက္မွ ျပည္သူမ်ားက ရပ္ကြက္အလုိက္ လုိအပ္ခ်က္မ်ား၊ ျဖည့္ဆည္းေဆာင္ရြက္ေပးရမည့္ အခ်က္မ်ား၊ သိရွိလုိသည္မ်ား တင္ျပခဲ့မႈအေပၚ သက္ဆုိင္ရာဌာနအႀကီးအကဲမ်ား၊ ၀န္ႀကီးမ်ားက ေဆာင္ရြက္ေပးႏုိင္မည့္ အေျခအေန တို႔ကို ျပန္လည္ရွင္းလင္းၿပီး တက္ေရာက္လာေသာ လႊတ္ေတာ္ကုိယ္စားလွယ္မ်ားမွလည္း ေဆြးေႏြး တင္ျပျခင္းမ်ား လုပ္ေဆာင္ေၾကာင္း သိရသည္။

သတင္း #ဆန္းၿဖိဳးထြန္း
ဓာတ္ပံု #ျပည္နယ္အစိုးရအဖြဲ႕



~~~~~~~~⊰❂ unicode ~~~~~~~~

ကယားပြည်နယ်တွင် တည်ဆောက်မည့် တစ်နေ့တန်(၄)ထောင်ကျ ဘိလပ်မြေစက်ရုံစီမံကိန်းကို ဒေသခံလူထု လက်ခံမှု မရမချင်း ခွင့်ပြုမည်မဟုတ်ကြောင်း ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက လွိုင်ကော်မြို့တွင် လူထုနှင့်တွေ့ဆုံစဉ် ကတိပေးပြောကြားလိုက်သည်။

"အဲဒီဒေသကလူတွေ ဒီပြည်နယ်ထဲက မိဘ ပြည်သူတွေ သူတို့ဆန္ဒပေါ်ပဲ မူတည်ပါတယ်။ အားလုံးက လိုလိုလားလားနဲ့ စည်းကမ်းနဲ့အညီ ပြည်သူတွေအတွက်လည်း အကျိုးရှိမယ်။ သဘာဝပတ်ဝန်းကျင်လည်း ထိခိုက်မှုမရှိဘူး။ ဒေသကလူတွေလည်း ခွင့်ပြုမယ်။ ပြည်နယ်သူပြည်နယ်သားတွေအတွက်လည်း အလုပ်အကိုင်အခွင့်အလမ်းရမယ်။ ဒါကိုသူတို့က ကြည်ဖြူတယ်၊ လက်ခံတယ်ဆိုတဲ့ တစ်နေ့ ကျွန်တော်တို့ ပြည်နယ်အစိုးရက ဒီပေါ်မှာခွင့်ပြုပေးမယ်။ ပြည်သူတွေလက်မခံဘူးဆိုရင် ကျွန်တော်တို့ကလည်း ခွင့်ပြုသွားမှာ လက်ခံသွားမှာ မဟုတ်ပါဘူးလို့ ကျွန်တော်ဒီလိုပဲပြောချင်ပါတယ် "ဟု စက်တင်ဘာလ (၁၆) ရက်နေ့ လွိုင်ကော်မြို့ လူထုတွေ့ဆုံပွဲတွင် ယင်းကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

လွိုင်ကော်မြို့နယ် ပကြဲတောင်သုံးလုံးဒေသတွင် Square Power Group Co.,Ltd က တစ်နေ့တန် (၄)ထောင်ကျ ဘိလပ်မြေစက်ရုံစီမံကိန်းတည်ဆောက်ရန် ၂၀၁၁ ခုနှစ်က ခွင့်ပြုချက်ကျထားသဖြင့် အကောင်အထည်ဖော်ရန် ကြိုးစားနခြေင်းဖြစ်ပြီး အဆိုပါဒေသမှ ဒေသခံများနှင့် ကယားပြည်နယ်အတွင်းရှိ အရပ်ဖက်အဖွဲ့အစည်းများ၊ တိုင်းရင်းသားနိုင်ငံရေးပါတီများက အဆိုပါ စီမံကိန်းအား ကန့်ကွက် နကြခြေင်းဖြစ်သည်။

အဆိုပါ ဘိလပ်မြေစက်ရုံအား မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ၂၀၁၁ ခုနှစ် နိုဝင်ဘာလ (၈)ရက်နေ့တွင်လည်းကောင်း၊ ကယားပြည်နယ်အစိုးရက ၂၀၁၁ ခုနှစ် နိုဝင်ဘာလ (၁၁)ရက်နေ့တွင် လည်းကောင်း ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး ပကြဲဒေသရှိ ချိကယ်ကျေးရွာအုပ်စုဆယ်စုမှ ဒေသခံများက ထောက်ခံမဲ (၅၀၄)မဲ၊ ကန့်ကွက်မဲ (၁၉၂)မဲ ဖြင့် သဘောတူအတည်ပြုထားသဖြင့် စက်ရုံတည်ဆောက်မည့် ပကြဲ - တောင်သုံးလုံး ဒေသမှ မြေဧက (၉၈.ဝ၉)နှင့် ထုံးကျောက် ထုတ်လုပ်မည့် မြေဧက ( ၂၉၁ .၈၀)တို့အတွက် မြေယာလျော်ကြေးနှင့် တောင်ယာပြောင်းရွှေ့စရိတ်များကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ (၁၇)ရက်နေ့တွင် တောင်သူများထံ ပေးအပ်ထားပြီးဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီက ထုတ်ပြန်ထားသည်။

ကယားပြည်နယ်ဝန်ကြီးချုပ်ဦးဆောင်သော ပြည်နယ်အစိုးရအဖွဲ့က စက်တင်ဘာလ (၁၆)ရက်နေ့တွင် လွိုင်ကော်မြို့ပေါ်(၁၉)ရပ်ကွက်မှ ပြည်သူ များနှင့်တွေ့ဆုံပွဲကျင်းပရာတွင် အဆိုပါစီမံကိန်းနှင့်ပတ်သက်၍ ပြည်နယ်အစိုးရ၏ သဘောထားကို ဝန်ကြီးချုပ်က ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ အခမ်းအနားသို့ တက်ရောက်လာသည့် လွိုင်ကော်မြို့ပေါ်(၁၉) ရပ်ကွက်မှ ပြည်သူများက ရပ်ကွက်အလိုက် လိုအပ်ချက်များ၊ ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် အချက်များ၊ သိရှိလိုသည်များ တင်ပြခဲ့မှုအပေါ် သက်ဆိုင်ရာဌာနအကြီးအကဲများ၊ ဝန်ကြီးများက ဆောင်ရွက်ပေးနိုင်မည့် အခြေအနေ တို့ကို ပြန်လည်ရှင်းလင်းပြီး တက်ရောက်လာသော လွှတ်တော်ကိုယ်စားလှယ်များမှလည်း ဆွေးနွေး တင်ပြခြင်းများ လုပ်ဆောင်ကြောင်း သိရသည်။

သတင်း #ဆန်းဖြိုးထွန်း
ဓာတ်ပုံ #ပြည်နယ်အစိုးရအဖွဲ့ 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~