တာခ်ီလိတ္မွ ရခုိင္ျပည္နယ္ နယ္စပ္ၿခံစည္းရိုးအတြက္ လွဴဒါန္းသြားမည္ျဖစ္ၿပီး ရခုိင္ျပည္သူမ်ားသို႔ လွဴဒါန္းမည့္ ရွမ္းျပည္နယ္အစိုးရ၏ အစီအစဥ္တြင္လည္း က်ပ္(၅၈)သိန္း ပါဝင္လွဴဒါန္း

တာခ်ီလိတ္မွ ရခုိင္ျပည္နယ္ နယ္စပ္ၿခံစည္းရိုးအတြက္ လွဴဒါန္းသြားမည္ျဖစ္ၿပီး ရခုိင္ျပည္သူမ်ားသို႔ လွဴဒါန္းမည့္ ရွမ္းျပည္နယ္အစိုးရ၏ အစီအစဥ္တြင္လည္း က်ပ္(၅၈)သိန္း ပါဝင္လွဴဒါန္း
စက်တင်ဘာ 14, 2017
By Tachileik News Agency

ရခိုင္ျပည္သူမ်ားအား ကူညီမည့္ ရွမ္းျပည္နယ္အစိုးရ၏ အစီအစဥ္သို႔ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕မွ ေငြက်ပ္(၅၈)သိန္း ထည့္ဝင္လွဴဒါန္းလိုက္ၿပီး ဆက္လက္၍ ရခိုင္ျပည္နယ္ ကူညီ ေထာက္ပံ့ေရး ေကာ္မတီက ျပန္လည္ ထူေထာင္ေရးအတြက္ လ်ာထားသည့္ အလွဴေငြမ်ားကိုလည္း ရခိုင္ျပည္နယ္ နယ္စပ္ၿခံစည္းရိုးအတြက္ လွဴဒါန္းသြားရန္ စက္တင္ဘာလ (၁၄)ရက္ေန႔ အစည္းအေဝးတြင္ ဆံုးျဖတ္လုိက္္ေၾကာင္း သိရသည္။

“ကြ်န္ေတာ္တို႔ ေကာ္မတီကေန ေကာက္ခံထားတဲ့ အလွဴေငြကေန ရွမ္းျပည္နယ္အစိုးရကတစ္ဆင့္ ရွမ္းျပည္နယ္တစ္ခုလံုးက ျပည္သူေတြရဲ႕ အလွဴေငြအျဖစ္ ရခိုင္ျပည္နယ္ကို ကူညီမယ့္အစီအစဥ္အတြက္ ေကာ္မတီက ရရိွထားတဲ့ အလွဴေငြကေန က်ပ္သိန္း(၅၀)နဲ႔ ဌာနဆုိိင္ရာေတြ စုေပါင္းလွဴဒါန္းတဲ့ က်ပ္(၈)သိန္း စုစုေပါင္း က်ပ္(၅၈)သိန္းကို ထည့္ဝင္လွဴဒါန္းမွာပါ။ ဒီလိုလွဴတာက ျပန္လည္ထူေထာင္ေရးအတြက္ ဘဏ္မွာ အပ္ထားတဲ့ အထဲက မဟုတ္ဘဲ ထပ္မံလွဴဒါန္းမႈေတြကေန ခြဲေဝလွဴဒါန္းတာျဖစ္ၿပီး ေနာက္ထပ္လည္း တိုးခ်ဲ႕အလွဴခံသြားမွာပါ။ လက္ရိွမွာ အေရးႀကီးဆံုးျဖစ္တဲ့ ရခုိင္ျပည္နယ္ နယ္စပ္မွာ ၿခံစည္းရိုးခတ္မယ့္ကိစၥ အတြက္ပါ။ ႏို္င္ငံတစ္ခုလံုးရဲ႕ လံုၿခံဳေရးအတြက္ အေရးႀကီးတဲ့ နယ္စပ္ၿခံစည္းရိုး ကိစၥဟာ ႏိုင္ငံသားတုိင္းနဲ႔ သက္ဆုိင္တယ္လို႔ ခံယူတဲ့အတြက္ နယ္စပ္ၿခံစည္းရိုး လံုလံုၿခံဳၿခံဳနဲ႔ ခုိင္ခိုင္မာမာ ျဖစ္သြားဖို႔ လွဴဒါန္းသြားၾကမွာပါ”ဟု ရခိုင္ျပည္နယ္ ကူညီေထာက္ပံ့ေရးေကာ္မတီ (တာခ်ီလိတ္ၿမိဳ႕) ဥကၠဌ ဦးေအာင္ၿဖိဳးရွိန္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ရခိုင္ျပည္သူလူထု ျပန္လည္ထူေထာင္ေရးအတြက္ လ်ာထားၿပီး ဘဏ္တြင္အပ္ႏွံထားသည့္အလွဴေငြမ်ားကို ရခိုင္ျပည္နယ္ နယ္စပ္ၿခံစည္းရိုးအတြက္ လွဴဒါန္းရန္ စက္တင္ဘာလ (၁၄)ရက္ေန႔အစည္းအေဝးျဖင့္ ဆံုးျဖတ္လုိက္ျခင္းျဖစ္ေၾကာင္း သိရသည္။

ရခိုင္ျပည္နယ္ ကူညီေထာက္ပံ့ေရးေကာ္မတီ (တာခ်ီလိတ္ၿမိဳ႕) ၏ အလွဴခံဌာနအား ၾသဂုတ္လ(၂၈)ရက္ေန႔မွ စ၍ စက္တင္ဘာလ (၇)ရက္ေန႔အထိ ဗယ္လင္တိုင္း ကေဖးႏွင့္အေအး စားေသာက္ဆိုင္တြင္  ဖြင့္လွစ္ခဲ့ရာတြင္ (၁၁)ရက္တာ ကာလအတြင္း ရရိွသည့္စုစုေပါင္းအလွဴေငြမွာ မတည္အလွဴေငြအပါအဝင္ စုစုေပါင္းက်ပ္ (၃၉,၅၅၅,၂၃၈)အနက္ ရခိုင္ျပည္နယ္ အစိုးရထံသို႔ က်ပ္သိန္း (၁၀၀)ႏွင့္ က်ပ္ (၁၀,၂၂၈,၅၀၀) တန္ဖိုးရိွသည့္ ဆန္ႏွင့္ဆီတို႔အား လွဴဒါန္းၿပီးျဖစ္၍ ေကာ္မတီထံတြင္ရိွသည့္ လက္က်န္ေငြ (၁၉,၃၂၆,၇၃၈) က်ပ္ကို ျပန္လည္ထူေထာင္ေရး အတြက္ လွဴဒါန္းရန္ ယခင္က လ်ာထားခဲ့ျခင္းျဖစ္သည္။

ေကာ္မတီအေနျဖင့္ ရခုိင္ျပည္နယ္အတြင္း ပဋိပကၡျဖစ္ပြားေနသည့္ေဒသ ျပန္လည္ထူေထာင္ေရးအတြက္ အလွဴေငြမ်ား ဆက္လက္လက္ခံေနမည္ျဖစ္ရာ လွဴဒါန္းလိုသူမ်ားအေနျဖင့္ ေကာ္မတီနာယကမ်ားျဖစ္သည့္ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္းဝင္းေအာင္(ဖုန္း ၀၉ ၄၅၂၈၀၈၀၄၄) ၊ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴး ရဲမႉးသန္းႏု (ဖုန္း ၀၉၂၀၁၆၉၇၄) ၊ ေကာ္မတီဥကၠဌ ဦးေအာင္ၿဖိဳးရွိန္ (ဖုန္း ၀၉ ၄၃၁၃၆၄၃၁)၊ ေကာ္မတီအတြင္းေရးမွဴး ဦးေစာထြန္းဦး(ဖုန္း ၀၉ ၅၂၄၂၀၄၉) တို႔သို႔ ဆက္သြယ္ႏုိင္ေၾကာင္း သိရသည္။

အစြန္းေရာက္ ဘဂၤါလီအၾကမ္းဖက္သမားမ်ားႏွင့္ ARSA တို႔ တုိက္ခုိက္ခံေနရသည့္ ရခုိင္ျပည္နယ္အတြင္းမွ ေဒသခံျပည္သူမ်ား၊ ႏုိင္ငံ့ဝန္ထမ္းမ်ားႏွင့္ တပ္မေတာ္သားမ်ားအား ေထာက္ပံ့ေပးႏိုင္ရန္အတြက္ ရခိုင္ျပည္နယ္ ကူညီေထာက္ပံ့ေရးေကာ္မတီ (တာခ်ီလိတ္ၿမိဳ႕)အား ၾသဂုတ္လ (၂၇)ရက္ေန႔က ဖြဲ႕စည္းခဲ့ျခင္းျဖစ္သည္။

သတင္း - ခ်ယ္ရီထိုက္
ဓါတ္ပံု - ေမာင္ယဥ္ေက်း


~~~~~~~~⊰❂ unicode ~~~~~~~~

ရခိုင်ပြည်သူများအား ကူညီမည့် ရှမ်းပြည်နယ်အစိုးရ၏ အစီအစဉ်သို့ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့မှ ငွေကျပ်(၅၈)သိန်း ထည့်ဝင်လှူဒါန်းလိုက်ပြီး ဆက်လက်၍ ရခိုင်ပြည်နယ် ကူညီ ထောက်ပံ့ရေး ကော်မတီက ပြန်လည် ထူထောင်ရေးအတွက် လျာထားသည့် အလှူငွေများကိုလည်း ရခိုင်ပြည်နယ် နယ်စပ်ခြံစည်းရိုးအတွက် လှူဒါန်းသွားရန် စက်တင်ဘာလ (၁၄)ရက်နေ့ အစည်းအဝေးတွင် ဆုံးဖြတ်လိုက်ကြောင်း သိရသည်။

“ကျွန်တော်တို့ ကော်မတီကနေ ကောက်ခံထားတဲ့ အလှူငွေကနေ ရှမ်းပြည်နယ်အစိုးရကတစ်ဆင့် ရှမ်းပြည်နယ်တစ်ခုလုံးက ပြည်သူတွေရဲ့ အလှူငွေအဖြစ် ရခိုင်ပြည်နယ်ကို ကူညီမယ့်အစီအစဉ်အတွက် ကော်မတီက ရရှိထားတဲ့ အလှူငွေကနေ ကျပ်သိန်း(၅၀)နဲ့ ဌာနဆိုင်ရာတွေ စုပေါင်းလှူဒါန်းတဲ့ ကျပ်(၈)သိန်း စုစုပေါင်း ကျပ်(၅၈)သိန်းကို ထည့်ဝင်လှူဒါန်းမှာပါ။ ဒီလိုလှူတာက ပြန်လည်ထူထောင်ရေးအတွက် ဘဏ်မှာ အပ်ထားတဲ့ အထဲက မဟုတ်ဘဲ ထပ်မံလှူဒါန်းမှုတွေကနေ ခွဲဝေလှူဒါန်းတာဖြစ်ပြီး နောက်ထပ်လည်း တိုးချဲ့အလှူခံသွားမှာပါ။ လက်ရှိမှာ အရေးကြီးဆုံးဖြစ်တဲ့ ရခိုင်ပြည်နယ် နယ်စပ်မှာ ခြံစည်းရိုးခတ်မယ့်ကိစ္စ အတွက်ပါ။ နို်င်ငံတစ်ခုလုံးရဲ့ လုံခြုံရေးအတွက် အရေးကြီးတဲ့ နယ်စပ်ခြံစည်းရိုး ကိစ္စဟာ နိုင်ငံသားတိုင်းနဲ့ သက်ဆိုင်တယ်လို့ ခံယူတဲ့အတွက် နယ်စပ်ခြံစည်းရိုး လုံလုံခြုံခြုံနဲ့ ခိုင်ခိုင်မာမာ ဖြစ်သွားဖို့ လှူဒါန်းသွားကြမှာပါ”ဟု ရခိုင်ပြည်နယ် ကူညီထောက်ပံ့ရေးကော်မတီ (တာချီလိတ်မြို့) ဥက္ကဌ ဦးအောင်ဖြိုးရှိန်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရခိုင်ပြည်သူလူထု ပြန်လည်ထူထောင်ရေးအတွက် လျာထားပြီး ဘဏ်တွင်အပ်နှံထားသည့်အလှူငွေများကို ရခိုင်ပြည်နယ် နယ်စပ်ခြံစည်းရိုးအတွက် လှူဒါန်းရန် စက်တင်ဘာလ (၁၄)ရက်နေ့အစည်းအဝေးဖြင့် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ် ကူညီထောက်ပံ့ရေးကော်မတီ (တာချီလိတ်မြို့)၏ အလှူခံဌာနအား သြဂုတ်လ(၂၈)ရက်နေ့မှ စ၍ စက်တင်ဘာလ (၇)ရက်နေ့အထိ ဗယ်လင်တိုင်း ကဖေးနှင့်အအေး စားသောက်ဆိုင်တွင် ဖွင့်လှစ်ခဲ့ရာတွင် (၁၁)ရက်တာ ကာလအတွင်း ရရှိသည့်စုစုပေါင်းအလှူငွေမှာ မတည်အလှူငွေအပါအဝင် စုစုပေါင်းကျပ် (၃၉,၅၅၅,၂၃၈)အနက် ရခိုင်ပြည်နယ် အစိုးရထံသို့ ကျပ်သိန်း (၁၀၀)နှင့် ကျပ် (၁၀,၂၂၈,၅၀၀) တန်ဖိုးရှိသည့် ဆန်နှင့်ဆီတို့အား လှူဒါန်းပြီးဖြစ်၍ ကော်မတီထံတွင်ရှိသည့် လက်ကျန်ငွေ (၁၉,၃၂၆,၇၃၈) ကျပ်ကို ပြန်လည်ထူထောင်ရေး အတွက် လှူဒါန်းရန် ယခင်က လျာထားခဲ့ခြင်းဖြစ်သည်။

ကော်မတီအနဖြေင့် ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်ပွားနေသည့်ဒေသ ပြန်လည်ထူထောင်ရေးအတွက် အလှူငွေများ ဆက်လက်လက်ခံနေမည်ဖြစ်ရာ လှူဒါန်းလိုသူများအနဖြေင့် ကော်မတီနာယကများဖြစ်သည့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်(ဖုန်း ဝ၉ ၄၅၂၈၀၈၀၄၄)၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းနု (ဖုန်း ဝ၉၂၀၁၆၉၇၄)၊ ကော်မတီဥက္ကဌ ဦးအောင်ဖြိုးရှိန် (ဖုန်း ဝ၉ ၄၃၁၃၆၄၃၁)၊ ကော်မတီအတွင်းရေးမှူး ဦးစောထွန်းဦး(ဖုန်း ဝ၉ ၅၂၄၂၀၄၉) တို့သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများနှင့် ARSA တို့ တိုက်ခိုက်ခံနေရသည့် ရခိုင်ပြည်နယ်အတွင်းမှ ဒေသခံပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် တပ်မတော်သားများအား ထောက်ပံ့ပေးနိုင်ရန်အတွက် ရခိုင်ပြည်နယ် ကူညီထောက်ပံ့ရေးကော်မတီ (တာချီလိတ်မြို့)အား သြဂုတ်လ (၂၇)ရက်နေ့က ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

သတင်း - ချယ်ရီထိုက်
ဓာတ်ပုံ - မောင်ယဉ်ကျေး

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~