တာခ်ီလိတ္ ASG အဖြဲ႔က ဘိုးဘြားရိပ္သာမွ ဘိုးဘြား(၂၉)ဦးအား H1N1 ကာကြယ္ေဆးထိုးေပး

တာခ်ီလိတ္ ASG အဖြဲ႔က ဘိုးဘြားရိပ္သာမွ ဘိုးဘြား(၂၉)ဦးအား H1N1 ကာကြယ္ေဆးထိုးေပး
စက်တင်ဘာ 16, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ ဝမ္ေကာင္းရပ္ကြက္မွ ဘိုးဘြားရိပ္သာတြင္ အပတ္စဥ္ စေနေန႔တုိင္း က်န္းမာေရးေစာင့္ေရွာက္မႈႏွင့္ အာဟာရဒါနျပဳေနသည့္ ASG အဖြဲ႕၏  ျငိမ္းခ်မ္းေရး ျပန္လည္သင့္ျမတ္ေရးႏွင့္ဖြံ႕ၿဖိဳး ေရးစီမံခ်က္၀န္ထမ္းမ်ားမွ စက္တင္ဘာလ (၁၆)ရက္ေန႔က ရိပ္သာရွိ ဘိုးဘြားမ်ားအား H1N1 ကာကြယ္ေဆးထိုးႏွံေပးေၾကာင္း သိရသည္။

“ရိပ္သာမွာ က်န္းမာေရးေစာင့္ေရွာက္မႈေပးေနတဲ့ ဆရာဝန္က ေျပာင္းသြားကတည္းက ကၽြန္ေတာ္တို႔ကို အကူအညီ ေတာင္းတာနဲ႔ ကၽြန္ေတာ္တုိ႔အဖြဲ႕က အပတ္စဥ္ က်န္းမာေရးေစာင့္ေရွာက္မႈနဲ႔ အာဟာရဒါန ကူညီေပးေနတာပါ။ ဘိုးဘြားေတြကို H1N1 ကာကြယ္ေဆးထိုးေပးဖို႔ ကၽြန္ေတာ္တို႔ ASG အဖြဲ႕ရဲ႕ ၿငိမ္းခ်မ္းေရးျပန္လည္သင့္ျမတ္ေရးဖြံ႕ၿဖိဳးေရးစီမံခ်က္ ဝန္ထမ္းေတြရယ္ ဒီအေၾကာင္းကို အြန္လိုင္းမွာ တင္လုိက္ေတာ့ သိသြားတဲ့ မိတ္ေဆြေတြရဲ႕ ပါဝင္ ကူညီမႈေတြရယ္နဲ႔ လုပ္ေပးတာပါ”ဟု ASG အဖြဲ႔ တည္ေထာင္သူႏွင့္ ဒါရိုက္တာျဖစ္သူ ေဒါက္တာျမင့္ေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

 H1N1 ကာကြယ္ေဆးထိုးေပးရာတြင္ အဖိုး(၁၁)ဦး ႏွင့္ အဖြား(၁၈)ဦး စုစုေပါင္း (၂၉)ဦးအား ထိုးႏွံေပးျခက္း ျဖစ္ေၾကာင္း သိရသည္။

ASG(Aids Support Group)သည္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း)တာခ်ီလိတ္ၿမိဳ႕တြင္ အေျခစိုက္သည့္ အစိုးရမဟုတ္ေသာ ေဒသဆုိင္ရာအဖြဲ႕အစည္း တစ္ရပ္ျဖစ္ၿပီး ရွမ္းျပည္နယ္ အေရွ႕ပိုင္းေဒသအတြင္း ဥေရာပသမဂၢ ရန္ပံုေငြျဖင့္ ၂၀၁၆ခုႏွစ္က စတင္၍ (၄၈)လအၾကာ ၿငိမ္းခ်မ္းေရး၊ ျပန္လည္သင့္ျမတ္ေရးႏွင့္ ဖြံ႕ၿဖိဳေရး စီမံခ်က္အား အေကာင္ထည္ေဖာ္ လုပ္ေဆာင္ေနလ်က္ျဖစ္ေၾကာင္း သိရသည္။

သတင္း - ခ်ယ္ရီထိုက္
ဓာတ္ပံု - ETDA



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်မှ ဘိုးဘွားရိပ်သာတွင် အပတ်စဉ် စနေနေ့တိုင်း ကျန်းမာရေးစောင့်ရှောက်မှုနှင့် အာဟာရဒါနပြုနေသည့် ASG အဖွဲ့၏ ငြိမ်းချမ်းရေး ပြန်လည်သင့်မြတ်ရေးနှင့်ဖွံ့ဖြိုး ရေးစီမံချက်ဝန်ထမ်းများမှ စက်တင်ဘာလ (၁၆)ရက်နေ့က ရိပ်သာရှိ ဘိုးဘွားများအား H1N1 ကာကွယ်ဆေးထိုးနှံပေးကြောင်း သိရသည်။

“ရိပ်သာမှာ ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ ဆရာဝန်က ပြောင်းသွားကတည်းက ကျွန်တော်တို့ကို အကူအညီ တောင်းတာနဲ့ ကျွန်တော်တို့အဖွဲ့က အပတ်စဉ် ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အာဟာရဒါန ကူညီပေးနေတာပါ။ ဘိုးဘွားတွေကို H1N1 ကာကွယ်ဆေးထိုးပေးဖို့ ကျွန်တော်တို့ ASG အဖွဲ့ရဲ့ ငြိမ်းချမ်းရေးပြန်လည်သင့်မြတ်ရေးဖွံ့ဖြိုးရေးစီမံချက် ဝန်ထမ်းတွေရယ် ဒီအကြောင်းကို အွန်လိုင်းမှာ တင်လိုက်တော့ သိသွားတဲ့ မိတ်ဆွေတွေရဲ့ ပါဝင် ကူညီမှုတွေရယ်နဲ့ လုပ်ပေးတာပါ”ဟု ASG အဖွဲ့ တည်ထောင်သူနှင့် ဒါရိုက်တာဖြစ်သူ ဒေါက်တာမြင့်အောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

 H1N1 ကာကွယ်ဆေးထိုးပေးရာတွင် အဖိုး(၁၁)ဦး နှင့် အဖွား(၁၈)ဦး စုစုပေါင်း (၂၉)ဦးအား ထိုးနှံပေးခြက်း ဖြစ်ကြောင်း သိရသည်။

ASG(Aids Support Group)သည် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့တွင် အခြေစိုက်သည့် အစိုးရမဟုတ်သော ဒေသဆိုင်ရာအဖွဲ့အစည်း တစ်ရပ်ဖြစ်ပြီး ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသအတွင်း ဥရောပသမဂ္ဂ ရန်ပုံငွဖြေင့် ၂၀၁၆ခုနှစ်က စတင်၍ (၄၈)လအကြာ ငြိမ်းချမ်းရေး၊ ပြန်လည်သင့်မြတ်ရေးနှင့် ဖွံ့ဖြိုရေး စီမံချက်အား အကောင်ထည်ဖော် လုပ်ဆောင်နေလျက်ဖြစ်ကြောင်း သိရသည်။

သတင်း - ချယ်ရီထိုက်
ဓာတ်ပုံ - ETDA

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~