နမ့္ခမ္းၿမိဳ႕နယ္ ေကာင္းဝိုင္းေက်းရြာအနီး တုိက္ပြဲေၾကာင့္ ေဒသခံ ၄ ဦးဒဏ္ရာရ

နမ့္ခမ္းၿမိဳ႕နယ္ ေကာင္းဝိုင္းေက်းရြာအနီး တုိက္ပြဲေၾကာင့္ ေဒသခံ ၄ ဦးဒဏ္ရာရ
သြဂုတ် 13, 2017
By Tachileik News Agency

ရွမ္းျပည္နယ္ (ေျမာက္ပိုင္း) နမ့္ခမ္းၿမိဳ႕နယ္ ေကာင္းဝိုင္းေက်းရြာအနီးတြင္ ၾသဂုတ္လ (၁၃)ရက္ေန႔ နံနက္ပိုင္းက တုိက္ပြဲျဖစ္ပြားသျဖင့္ ေဒသခံ (၄)ဦး ဒဏ္ရာရရွိခဲ့ကာ (၃)ဦးမွာ နမ့္ခမ္းျပည္သူ႔ေဆးရံုတြင္ ေဆးကုသမႈခံယူေနရေၾကာင္း သိရသည္။

“မနက္(၈)နာရီ(၄၀)ေလာက္မွာ ေဆးရံုကိုေရာက္လာၾကတာျဖစ္ပါတယ္။ လူနာက စုစုေပါင္း(၄)ဦးပါ။ တစ္ဦးက ဒဏ္ရာအနည္းငယ္သာျဖစ္တဲ့အတြက္ ေဆးရံုမတက္ပါဘူး။ က်န္(၃)ဦးကိုေတာ့ ေဆးရံုမွာ ကုသမႈေပးေနပါ တယ္။ ဒဏ္ရာကအရမ္းေတာ့မႀကီးမားပါဘူး။ စိုးရိမ္စရာအေျခအေနမရွိပါဘူး” ဟု နမ့္ခမ္းၿမိဳ႕ ျပည္သူ႔ေဆးရံုမွ သူနာျပဳတစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေကာင္းဝိုင္းေက်းရြာမွ အသက္(၂၇)ႏွစ္အရြယ္ အမ်ိဳးသား(၁)ဦး၊ အသက္ (၂)ႏွစ္(၆)လ အရြယ္ ကေလးတစ္ဦးႏွင့္ အဆိုပါကေလး၏မိခင္ျဖစ္သူ အသက္(၂၂)ႏွစ္အရြယ္ အမ်ိဳးသမီးတစ္ဦးတို႔ ေဆးကုသမႈခံယူူေနေၾကာင္း သိရသည္။

“ဒီမနက္မွာတိုက္ပြဲျဖစ္ခဲ့တာ ဟုတ္ပါတယ္။ အရပ္သား(၄)ဦး ဒဏ္ရာရရွိတယ္။ ေဆးရံုကိုလိုက္ပို႔ထားၾကတယ္လို႔ သိရတယ္။ ဘယ္အဖြဲ႔နဲ႔ ဘယ္အဖြဲ႔တိုက္ပြဲျဖစ္တယ္ဆိုတာေတာ့ ကြ်န္ေတာ္တို႔ေအာက္ေျခအဆင့္က မသိရပါဘူး။ ေက်းရြာကိုေတာ့ သြားၿပီးစံုစမ္းေနပါတယ္”ဟု နမ့္ခမ္းၿမိဳ႕မရဲစခန္းမွ ရဲဝန္ထမ္းတစ္ဦးက ေျပာသည္။

နမ့္ဖတ္ကာ-နမ့္ခမ္း လမ္းပိုင္းရွိ ေကာင္းဝိုင္းေက်းရြာအနီးတြင္ တိုက္ပြဲျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - ေနၿဖိဳးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ် (မြောက်ပိုင်း) နမ့်ခမ်းမြို့နယ် ကောင်းဝိုင်းကျေးရွာအနီးတွင် သြဂုတ်လ (၁၃)ရက်နေ့ နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားသဖြင့် ဒေသခံ (၄)ဦး ဒဏ်ရာရရှိခဲ့ကာ (၃)ဦးမှာ နမ့်ခမ်းပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

“မနက်(၈)နာရီ(၄၀)လောက်မှာ ဆေးရုံကိုရောက်လာကြတာဖြစ်ပါတယ်။ လူနာက စုစုပေါင်း(၄)ဦးပါ။ တစ်ဦးက ဒဏ်ရာအနည်းငယ်သာဖြစ်တဲ့အတွက် ဆေးရုံမတက်ပါဘူး။ ကျန်(၃)ဦးကိုတော့ ဆေးရုံမှာ ကုသမှုပေးနေပါ တယ်။ ဒဏ်ရာကအရမ်းတော့မကြီးမားပါဘူး။ စိုးရိမ်စရာအခြေအနေမရှိပါဘူး” ဟု နမ့်ခမ်းမြို့ ပြည်သူ့ဆေးရုံမှ သူနာပြုတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကောင်းဝိုင်းကျေးရွာမှ အသက်(၂၇)နှစ်အရွယ် အမျိုးသား(၁)ဦး၊ အသက် (၂)နှစ်(၆)လ အရွယ် ကလေးတစ်ဦးနှင့် အဆိုပါကလေး၏မိခင်ဖြစ်သူ အသက်(၂၂)နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ ဆေးကုသမှုခံယူနေကြောင်း သိရသည်။

“ဒီမနက်မှာတိုက်ပွဲဖြစ်ခဲ့တာ ဟုတ်ပါတယ်။ အရပ်သား(၄)ဦး ဒဏ်ရာရရှိတယ်။ ဆေးရုံကိုလိုက်ပို့ထားကြတယ်လို့ သိရတယ်။ ဘယ်အဖွဲ့နဲ့ ဘယ်အဖွဲ့တိုက်ပွဲဖြစ်တယ်ဆိုတာတော့ ကျွန်တော်တို့အောက်ခြေအဆင့်က မသိရပါဘူး။ ကျေးရွာကိုတော့ သွားပြီးစုံစမ်းနေပါတယ်”ဟု နမ့်ခမ်းမြို့မရဲစခန်းမှ ရဲဝန်ထမ်းတစ်ဦးက ပြောသည်။

နမ့်ဖတ်ကာ-နမ့်ခမ်း လမ်းပိုင်းရှိ ကောင်းဝိုင်းကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~