ရွမ္းျပည္နယ္တြင္း မသန္စြမ္းကေလးငယ္မ်ား သက္ေမြးပညာႏွင့္ အားကစားသင္ယူခြင့္ရေရး ျပည္နယ္အစိုးရ ေဆာင္ရြက္မည္

ရွမ္းျပည္နယ္တြင္း မသန္စြမ္းကေလးငယ္မ်ား သက္ေမြးပညာႏွင့္ အားကစားသင္ယူခြင့္ရေရး ျပည္နယ္အစိုးရ ေဆာင္ရြက္မည္
သြဂုတ် 6, 2017
By Tachileik News Agency

ရွမ္းျပည္နယ္အတြင္း မသန္စြမ္း ကေလးငယ္မ်ားအတြက္ သက္ေမြးဝမ္းေက်ာင္း ပညာႏွင့္ အားကစား ပညာရပ္မ်ား သင္ယူခြင့္ရေရး ရွမ္းျပည္နယ္ အစိုးရအဖြဲ႔ ဗမာတိုင္းရင္းသားေရးရာ ဝန္ႀကီးက ဦးေဆာင္ ေဆာင္ရြက္ေနေၾကာင္း သိရသည္။

“တခ်ဳိ႕ မသန္စြမ္းေတြမွာက လက္ေတြ ေျခေတြေကာင္းတယ္။ နားမၾကားတာေတြ ရွိတယ္။ အဲဒီလို ကေလးေတြ အတြက္ဆိုရင္ လက္မႈပညာေတြ သင္ေပးလို႔ရတယ္။ တခ်ဳိ႕က ဥာဏ္ရည္နည္းေပမယ့္ အားကစားမွာ အရမ္း ထူးခၽြန္တယ္။ သူတို႔လုပ္ထားတဲ့ လက္ရာေတြက လူေကာင္းေတြထက္ ေတာင္ ေတာ္တာရွိတယ္။ ဗဟိုမသန္စြမ္းေကာ္မတီ ေနျပည္ေတာ္အစည္းအေ၀းက်ရင္ ေရွ႕ဆက္လုပ္ရမယ့္ လုပ္ငန္းစဥ္ေတြ ညိႇႏိႈင္းေဆြးေႏြးမယ္။ မသန္စြမ္းကေလးငယ္ေတြဘ၀ စိတ္ခ်ရဖို႔အတြက္ေတြလည္း ေဆြးေႏြးသြားမွာပါ” ဟု ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္ ဗမာတိုင္းရင္းသားေရးရာ၀န္ႀကီး ေဒါက္တာ ေအာင္သန္းေမာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မသန္စြမ္းမ်ား ကူညီေဆာင္ရြက္ေရး အတြက္ ျပည္နယ္ေကာ္မတီတြင္ ဥကၠဌအျဖစ္ တာဝန္ယူထားသည့္ ဗမာတိုင္းရင္းသားေရးရာ ဝန္ႀကီးက ျပည္နယ္တြင္း ဆက္လက္ လုပ္ေဆာင္မည့္ အစီအစဥ္မ်ားအတြက္ မသန္စြမ္းအေရး ေဆာင္ရြက္ေနသည့္ အဖြဲ႕မ်ားႏွင့္လည္း ေတြ႔ဆံုေဆြးေႏြးေနေၾကာင္း သိရသည္။

“မသန္စြမ္း ဥပေဒက ထြက္ေတာ့မယ္။ ေနာက္တစ္ခုက မသန္စြမ္းေတြကို က်ေနာ္က ဗဟိုေကာ္မတီမွာ အဖြဲ႕၀င္ တစ္ဦးအျဖစ္ တာ၀န္ယူထားတယ္။ ျပည္နယ္ေကာ္မတီမွာလည္း ဥကၠဌ တာ၀န္ယူထားပါတယ္။ မသန္းစြမ္းေတြ အတြက္ ေဆာင္ရြက္နိုင္ေပးဖို႔ ေရွ႕ဆက္လုပ္ရမယ့္ဟာေတြကိုလည္း ေကာ္မတီနဲ႕ ေဆြးေႏြးမယ္။ ရွမ္းျပည္အႏွံ႔မွာရွိတဲ့ မသန္စြမ္းေတြ အတြက္ ဖြင့္ထားတဲ့ ေနရာေတြကိုသြားၿပီး သူတို႕ရဲ႕ လက္ရွိအေျခအေနမွာ ဘယ္လိုရွိေနလဲဆိုတာေတြကို ေလ့လာမယ္”ဟု ဗမာတိုင္းရင္းသားေရးရာ၀န္ၾကီး ေဒါက္တာေအာင္သန္းေမာင္က ေျပာသည္။

မသန္စြမ္းကေလးမ်ား အတြက္ လက္မႈပညာ၊ အားကစားစသည့္ ပညာရပ္မ်ားကို သင္ယူခြင့္ရေရး ေဆာင္ရြက္ေပးႏုိင္ရန္ ဗဟိုမသန္စြမ္းေကာ္မတီေနျပည္ေတာ္အစည္းအေ၀းတြင္ ညိႇႏိႈင္း ေဆြးေႏြး သြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း - ႏိုႏို


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အတွင်း မသန်စွမ်း ကလေးငယ်များအတွက် သက်မွေးဝမ်းကျောင်း ပညာနှင့် အားကစား ပညာရပ်များ သင်ယူခွင့်ရရေး ရှမ်းပြည်နယ် အစိုးရအဖွဲ့ ဗမာတိုင်းရင်းသားရေးရာ ဝန်ကြီးက ဦးဆောင် ဆောင်ရွက်နေကြောင်း သိရသည်။

“တချို့ မသန်စွမ်းတွေမှာက လက်တွေ ခြေတွေကောင်းတယ်။ နားမကြားတာတွေ ရှိတယ်။ အဲဒီလိုကလေးတွေ အတွက်ဆိုရင် လက်မှုပညာတွေ သင်ပေးလို့ရတယ်။ တချို့က ဉာဏ်ရည်နည်းပေမယ့် အားကစားမှာ အရမ်း ထူးချွန်တယ်။ သူတို့လုပ်ထားတဲ့ လက်ရာတွေက လူကောင်းတွေထက် တောင် တော်တာရှိတယ်။ ဗဟိုမသန်စွမ်းကော်မတီ နပြေည်တော်အစည်းအေဝးကျရင် ရှေ့ဆက်လုပ်ရမယ့် လုပ်ငန်းစဉ်တွေ ညှိနှိုင်းဆွေးနွေးမယ်။ မသန်စွမ်းကလေးငယ်တွေဘဝ စိတ်ချရဖို့အတွက်တွေလည်း ဆွေးနွေးသွားမှာပါ” ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာ အောင်သန်းမောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မသန်စွမ်းများ ကူညီဆောင်ရွက်ရေး အတွက် ပြည်နယ်ကော်မတီတွင် ဥက္ကဌအဖြစ် တာဝန်ယူထားသည့် ဗမာတိုင်းရင်းသားရေးရာ ဝန်ကြီးက ပြည်နယ်တွင်း ဆက်လက် လုပ်ဆောင်မည့် အစီအစဉ်များအတွက် မသန်စွမ်းအရေး ဆောင်ရွက်နေသည့် အဖွဲ့များနှင့်လည်း တွေ့ဆုံဆွေးနွေးနေကြောင်း သိရသည်။

“မသန်စွမ်း ဥပဒေက ထွက်တော့မယ်။ နောက်တစ်ခုက မသန်စွမ်းတွေကို ကျနော်က ဗဟိုကော်မတီမှာ အဖွဲ့ဝင် တစ်ဦးအဖြစ် တာဝန်ယူထားတယ်။ ပြည်နယ်ကော်မတီမှာလည်း ဥက္ကဌ တာဝန်ယူထားပါတယ်။ မသန်းစွမ်းတွေ အတွက် ဆောင်ရွက်နိုင်ပေးဖို့ ရှေ့ဆက်လုပ်ရမယ့်ဟာတွေကိုလည်း ကော်မတီနဲ့ ဆွေးနွေးမယ်။ ရှမ်းပြည်အနှံ့မှာရှိတဲ့ မသန်စွမ်းတွေ အတွက် ဖွင့်ထားတဲ့ နေရာတွေကိုသွားပြီး သူတို့ရဲ့ လက်ရှိအခြေအနေမှာ ဘယ်လိုရှိနေလဲဆိုတာတွေကို လေ့လာမယ်”ဟု ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်က ပြောသည်။

မသန်စွမ်းကလေးများ အတွက် လက်မှုပညာ၊ အားကစားစသည့် ပညာရပ်များကို သင်ယူခွင့်ရရေး ဆောင်ရွက်ပေးနိုင်ရန် ဗဟိုမသန်စွမ်းကော်မတီနပြေည်တော်အစည်းအေဝးတွင် ညှိနှိုင်း ဆွေးနွေး သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - နိုနို

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~