မိုင္းျဖတ္တြင္ အာဟာရဖြံ႕ၿဖိဳးေရး ရက္သတၱပတ္လႈပ္ရွားမႈအခမ္းအနား က်င္းပ

မိုင္းျဖတ္တြင္ အာဟာရဖြံ႕ၿဖိဳးေရး ရက္သတၱပတ္လႈပ္ရွားမႈအခမ္းအနား က်င္းပ
သြဂုတ် 10, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ခ႐ိုင္၊ မိုင္းျဖတ္ၿမိဳ႕နယ္ က်န္းမာေရးဦးစီးဌာနႏွင့္ ဂ်ာမဏီ အျပည္ျပည္ဆိုင္ရာ ကူညီေပးေရးအဖြဲ႕(GIZ)တို႔ ပူးေပါင္းက်င္းပသည့္ အာဟာရဖြံ႔ၿဖိဳးေရး ရက္သတၱပတ္ လႈပ္ရွားမႈ အခမ္းအနားကို ၿမိဳ႕နယ္က်န္းမာေရးဦးစီးဌာနခန္းမေဆာင္တြင္ ၾသဂုတ္လ(၁၀)ရက္ေန႔က က်င္းပသည္။

“အာဟာရဖြံ႔ၿဖိဳေရး ရက္သတၱပတ္လႈပ္ရွားမႈ အထိမ္းအမွတ္အျဖစ္ ၾသဂုတ္လ ပထမပတ္ကေတာ့ မိခင္ႏို႔ရည္တိုက္ေကြ်းေရး၊ ဒုတိယပတ္ကေတာ့ ၅ ႏွစ္ေအာက္ ကေလးငယ္မ်ား အာဟာရဖြံ႕ၿဖိဳးေရး၊ တတိယပတ္ဆိုလို႔ရွိရင္ ကိုယ္ဝန္ေဆာင္ႏွင့္ ႏို႔တိုက္မိခင္မ်ား အာဟာရဖြံ႔ၿဖိဳးေရး၊ စတုတၳပတ္
ကေတာ့ အိုင္အိုဒင္း ခ်ဳိ႕တဲ့ေရာဂါပေပ်ာက္ေရး စတဲ့ ရက္သတၱပတ္ လႈပ္ရွားမွဳမ်ား လုပ္ေဆာင္သြားမွာ ျဖစ္ပါတယ္” ဟု ၿမိဳ႕နယ္က်န္းမာေရးဦးစီးမွဴး ေဒါက္တာေအးျမတ္ဝင္းက ေျပာသည္။

အဆိုပါလႈပ္ရွားမႈအား ႏွစ္စဥ္ ၾသဂုတ္လအတြင္း က်င္းပေလ့ရိွၿပီး ကေလးမ်ား မိခင္ ကိုယ္ဝန္ေဆာင္ကာလမွ ကေလးအသက္ (၂)ႏွစ္အရြယ္အထိ ဥာဏ္ရည္ဖြံ႕ၿဖိဳးမႈမထိခုိက္ေစေရး အာဟာရဖြံ႕ၿဖိဳးမွဳ ပညာေပးလုပ္ေဆာင္ျခင္းျဖစ္ေၾကာင္း သိရသည္။

“အဓိကေတာ့ ကေလးေတြ ရက္တစ္ေထာင္ အာဟာရဖြံ႕ၿဖိဳးေရးျဖစ္ပါတယ္။ ကေလးရက္ တစ္ေထာင္ဆိုတာ မိခင္ ကိုယ္ဝန္ေဆာင္တဲ့ေန႔ကစၿပီး ကေလးအသက္ (၂)ႏွစ္ျပည့္တဲ့ေန႔အထိ အာဟာရဖြံ႔ၿဖိဳးေအာင္ ေကြ်းမွသာ ဥာဏ္ရည္ဖြံ႔ၿဖိဳးၿပီး က်န္းမာသန္စြမ္းတဲ့ ဘဝကိုပိုင္ဆိုင္တဲ့ လူတစ္ေယာက္ ျဖစ္လာမွာျဖစ္ပါတယ္” ဟု GIZ မွ အာဟာရ နည္းပညာကြ်မ္းက်င္ပညာရွင္ ဦးေက်ာ္သူလတ္က ေျပာသည္။

အဆိုပါအခမ္းအနားသို႔ ဌာနဆိုင္ရာအႀကီးအကဲမ်ား၊ က်န္းမာေရးဦးစီးဌာနမွ ေဒါက္တာ ေအးျမတ္ဝင္းႏွင့္ တာဝန္ရွိသူမ်ား၊ GIZ မွဦးေက်ာ္သူလတ္ႏွင့္ တာဝန္ရွိသူမ်ား၊ ၿမိဳ႕နယ္အတြင္းရွိ ကိုယ္ဝန္ေဆာင္ မိခင္မ်ားႏွင့္ ကေလးမိခင္မ်ား တက္ေရာက္ခဲ့ၾကေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ကိုသာ


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ် ကျန်းမာရေးဦးစီးဌာနနှင့် ဂျာမဏီ အပြည်ပြည်ဆိုင်ရာ ကူညီပေးရေးအဖွဲ့(GIZ)တို့ ပူးပေါင်းကျင်းပသည့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် လှုပ်ရှားမှု အခမ်းအနားကို မြို့နယ်ကျန်းမာရေးဦးစီးဌာနခန်းမဆောင်တွင် သြဂုတ်လ(၁၀)ရက်နေ့က ကျင်းပသည်။

“အာဟာရဖွံ့ဖြိုရေး ရက်သတ္တပတ်လှုပ်ရှားမှု အထိမ်းအမှတ်အဖြစ် သြဂုတ်လ ပထမပတ်ကတော့ မိခင်နို့ရည်တိုက်ကျွေးရေး၊ ဒုတိယပတ်ကတော့ ၅ နှစ်အောက် ကလေးငယ်များ အာဟာရဖွံ့ဖြိုးရေး၊ တတိယပတ်ဆိုလို့ရှိရင် ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေး၊ စတုတ္ထပတ်
ကတော့ အိုင်အိုဒင်း ချို့တဲ့ရောဂါပပျောက်ရေး စတဲ့ ရက်သတ္တပတ် လှုပ်ရှားမှုများ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု မြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာအေးမြတ်ဝင်းက ပြောသည်။

အဆိုပါလှုပ်ရှားမှုအား နှစ်စဉ် သြဂုတ်လအတွင်း ကျင်းပလေ့ရှိပြီး ကလေးများ မိခင် ကိုယ်ဝန်ဆောင်ကာလမှ ကလေးအသက် (၂)နှစ်အရွယ်အထိ ဉာဏ်ရည်ဖွံ့ဖြိုးမှုမထိခိုက်စေရေး အာဟာရဖွံ့ဖြိုးမှု ပညာပေးလုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

“အဓိကတော့ ကလေးတွေ ရက်တစ်ထောင် အာဟာရဖွံ့ဖြိုးရေးဖြစ်ပါတယ်။ ကလေးရက် တစ်ထောင်ဆိုတာ မိခင် ကိုယ်ဝန်ဆောင်တဲ့နေ့ကစပြီး ကလေးအသက် (၂)နှစ်ပြည့်တဲ့နေ့အထိ အာဟာရဖွံ့ဖြိုးအောင် ကျွေးမှသာ ဉာဏ်ရည်ဖွံ့ဖြိုးပြီး ကျန်းမာသန်စွမ်းတဲ့ ဘဝကိုပိုင်ဆိုင်တဲ့ လူတစ်ယောက် ဖြစ်လာမှာဖြစ်ပါတယ်” ဟု GIZ မှ အာဟာရ နည်းပညာကျွမ်းကျင်ပညာရှင် ဦးကျော်သူလတ်က ပြောသည်။

အဆိုပါအခမ်းအနားသို့ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ အေးမြတ်ဝင်းနှင့် တာဝန်ရှိသူများ၊ GIZ မှဦးကျော်သူလတ်နှင့် တာဝန်ရှိသူများ၊ မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင် မိခင်များနှင့် ကလေးမိခင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ကိုသာ 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~