ေက်ာက္မဲၿမိဳ႕နယ္အတြင္း ေျမၾသဇာတင္လာသည့္ကုန္တင္ယာဥ္တိမ္းေမွာက္၍ တစ္ဦးေသဆံုး

ေက်ာက္မဲၿမိဳ႕နယ္အတြင္း ေျမၾသဇာတင္လာသည့္ကုန္တင္ယာဥ္တိမ္းေမွာက္၍ တစ္ဦးေသဆံုး
သြဂုတ် 24, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕နယ္ ခိုက္တံုဟုန္းေက်းရြာအနီးတြင္ ၾသဂုတ္လ(၂၄)ရက္ေန႔ နံနက္(၄)နာရီခန္႔က မႏၱေလးမွ လားရႈိးဘက္သို႔ ထြက္ခြာလာသည့္ (၂၂)ဘီးယာဥ္တစ္စီး တိမ္းေမွာက္ရာ ယာဥ္ေနာက္လိုက္ ေသဆံုးသြားၿပီး အခင္းျဖစ္ေနရာသို႔ ေက်ာက္မဲ မီးသတ္တပ္ဖြဲ႔မွ သြားေရာက္ ကယ္ဆယ္ခဲ့ရေၾကာင္း သိရသည္။

“ယာဥ္က ေျမၾသဇာအိတ္ေတြတင္လာတဲ့ (၂၂)ဘီး ယာဥ္ပါ။ ခိုက္တုန္ဟုန္းေက်းရြာအနီးက ရထားသံလမ္းေကြ႔ ေနရာမွာ ေမွာက္ထားတာပါ။ ယာဥ္ေနာက္လိုက္ျဖစ္သူထိုင္တဲ့ဖက္ကို ေစာင္းတာဆိုေတာ့ တံခါးနဲ႔ ထိုင္ခံုၾကား ၫွပ္ၿပီး ေသဆံုးေနပါၿပီ။ ကြ်န္ေတာ္တို႔မွာပါတဲ့ စက္ပစၥည္းေတြ အျပင္ ကရိန္းအကူအညီယူၿပီး ဆြဲထုတ္ခဲ့တာ ျဖစ္ပါတယ္”ဟု ေက်ာက္မဲခရိုင္ မီးသတ္ဦးစီးဌာနမွ ခရိုင္မီးသတ္ဦးစီးမွဴး ဦးေဇာ္မင္းဦးက တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။

ယာဥ္မေတာ္တဆမႈ ျဖစ္ပြားေၾကာင္း နံနက္(၅)နာရီခြဲခန္႔တြင္ သတင္းရရွိသျဖင့္ ေက်ာက္မဲခရိုင္ မီးသတ္တပ္ဖြဲ႔မွ ဦးစီးအရာရွိႏွင့္ တပ္ဖြဲ႔ဝင္ စုစုေပါင္း(၇)ဦး သြားေရာက္၍ ကားအတြင္း ညႇပ္ေနသူအား ထုတ္ေပးႏုိင္ရန္ ကရိန္းအကူအညီျဖင့္ နံနက္(၇)နာရီခန္႔အထိ လုပ္ေဆာင္ခဲ့ရေၾကာင္း သိရသည္။

“ေက်ာက္မဲၿမိဳ႕နယ္ စခန္းသာေက်းရြာနားက ခိုက္တံုဟုန္းရြာ ရထားသံလမ္းကူးေနရာမွာ ယာဥ္ မေတာ္ တဆမႈျဖစ္တာပါ။ ယာဥ္ေနာက္လိုက္ကေတာ့ ျဖစ္စဥ္အတြင္း ေသဆံုးသြားတယ္။ ယာဥ္ေမာင္းသူ ကိုေတာ့ အမႈဖြင့္အေရးယူဖို႔ ေဆာင္ရြက္ေနပါတယ္” ဟု ေက်ာက္မဲယာဥ္ထိန္းရဲတပ္ဖြဲ႔မွ တပ္ၾကပ္ႀကီး စိုင္းဝင္းေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီ သို႔ ေျပာသည္။

ယာဥ္ေမာင္းျဖစ္သူမွာ ဒဏ္ရာအနည္းငယ္ရရိွထားၿပီး ယာဥ္မေတာ္တဆမႈႏွင့္ပတ္သက္၍ စံုစမ္းစစ္ေဆးမႈ မ်ားျပဳလုပ္ေနဆဲျဖစ္ေၾကာင္း ႏွင့္ ဥပေဒအရဆက္လက္လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း - ေနၿဖဳိးျမင့္
ဓာတ္ပံု - ေက်ာက္မဲ ခရိုင္/မီးသတ္



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ် ခိုက်တုံဟုန်းကျေးရွာအနီးတွင် သြဂုတ်လ(၂၄)ရက်နေ့ နံနက်(၄)နာရီခန့်က မန္တလေးမှ လားရှိုးဘက်သို့ ထွက်ခွာလာသည့် (၂၂)ဘီးယာဉ်တစ်စီး တိမ်းမှောက်ရာ ယာဉ်နောက်လိုက် သေဆုံးသွားပြီး အခင်းဖြစ်နေရာသို့ ကျောက်မဲ မီးသတ်တပ်ဖွဲ့မှ သွားရောက် ကယ်ဆယ်ခဲ့ရကြောင်း သိရသည်။

“ယာဉ်က မြသြေဇာအိတ်တွေတင်လာတဲ့ (၂၂)ဘီး ယာဉ်ပါ။ ခိုက်တုန်ဟုန်းကျေးရွာအနီးက ရထားသံလမ်းကွေ့ နေရာမှာ မှောက်ထားတာပါ။ ယာဉ်နောက်လိုက်ဖြစ်သူထိုင်တဲ့ဖက်ကို စောင်းတာဆိုတော့ တံခါးနဲ့ ထိုင်ခုံကြား ညှပ်ပြီး သေဆုံးနေပါပြီ။ ကျွန်တော်တို့မှာပါတဲ့ စက်ပစ္စည်းတွေ အပြင် ကရိန်းအကူအညီယူပြီး ဆွဲထုတ်ခဲ့တာ ဖြစ်ပါတယ်”ဟု ကျောက်မဲခရိုင် မီးသတ်ဦးစီးဌာနမှ ခရိုင်မီးသတ်ဦးစီးမှူး ဦးဇော်မင်းဦးက တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

ယာဉ်မတော်တဆမှု ဖြစ်ပွားကြောင်း နံနက်(၅)နာရီခွဲခန့်တွင် သတင်းရရှိသဖြင့် ကျောက်မဲခရိုင် မီးသတ်တပ်ဖွဲ့မှ ဦးစီးအရာရှိနှင့် တပ်ဖွဲ့ဝင် စုစုပေါင်း(၇)ဦး သွားရောက်၍ ကားအတွင်း ညှပ်နေသူအား ထုတ်ပေးနိုင်ရန် ကရိန်းအကူအညီဖြင့် နံနက်(၇)နာရီခန့်အထိ လုပ်ဆောင်ခဲ့ရကြောင်း သိရသည်။

“ကျောက်မဲမြို့နယ် စခန်းသာကျေးရွာနားက ခိုက်တုံဟုန်းရွာ ရထားသံလမ်းကူးနေရာမှာ ယာဉ် မတော် တဆမှုဖြစ်တာပါ။ ယာဉ်နောက်လိုက်ကတော့ ဖြစ်စဉ်အတွင်း သေဆုံးသွားတယ်။ ယာဉ်မောင်းသူ ကိုတော့ အမှုဖွင့်အရေးယူဖို့ ဆောင်ရွက်နေပါတယ်” ဟု ကျောက်မဲယာဉ်ထိန်းရဲတပ်ဖွဲ့မှ တပ်ကြပ်ကြီး စိုင်းဝင်းအောင်က တာချီလိတ်သတင်းအေဂျင်စီ သို့ ပြောသည်။

ယာဉ်မောင်းဖြစ်သူမှာ ဒဏ်ရာအနည်းငယ်ရရှိထားပြီး ယာဉ်မတော်တဆမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှု များပြုလုပ်နေဆဲဖြစ်ကြောင်း နှင့် ဥပဒေအရဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - ကျောက်မဲ ခရိုင်/မီးသတ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~