မေကြးၿမိဳ႕မရဲစခန္းအခ်ဳပ္ခန္း၌ ထိန္းသိမ္းခံရသူ ေသဆံုးမႈ ျမန္မာႏိုင္ငံလူ႔အခြင္႔အေရးေကာ္မရွင္က ကြင္းဆင္း စစ္ေဆးေန

မေကြးၿမိဳ႕မရဲစခန္းအခ်ဳပ္ခန္း၌ ထိန္းသိမ္းခံရသူ ေသဆံုးမႈ ျမန္မာႏိုင္ငံလူ႔အခြင္႔အေရးေကာ္မရွင္က ကြင္းဆင္း စစ္ေဆးေန
သြဂုတ် 2, 2017
By Tachileik News Agency

မေကြးၿမိဳ႕မရဲစခန္း၌ ထိန္းသိမ္းခံထားရသူ တစ္ဦး ဇူလိုင္(၂၆)ရက္ေန႔က ရဲအခ်ဳပ္ခန္းတြင္ ေသဆံုးသြားသည့္ ကိစၥႏွင့္ ပတ္သက္၍  ျမန္မာႏို္င္ငံလူ႔အခြင္႔အေရးေကာ္မရွင္က ၾသဂုတ္လ(၂)ရက္ေန႔တြင္ ကြင္းဆင္းစစ္ေဆးေဆာင္ရြက္လ်က္ရိွေၾကာင္း သိရသည္။

“ဒီေန႔ ကၽြန္မရယ္၊ ေသဆံုးသြားတဲ႔႔ေမာင္ေလးရဲ႕ဇနီးရယ္၊ မႈခင္းဆရာဝန္ႀကီးရယ္၊ ေမာင္ေလးအဖမ္း ခံရစဥ္က အာမခံေပးဖို႔ လိုက္ပါေဆာင္ရြက္ခဲ႔တဲ႔ ေဆးတကၠသိုလ္က ဆရာ (၂) ဦးရယ္ကို ေခၚယူ စစ္ေဆးပါတယ္”ဟု ေသဆံုးသူ၏ အစ္မေတာ္စပ္သူ ေဒၚသင္းသင္းခိုင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မေကြးၿမိဳ႕တြင္ ေပ်ာက္ဆံုးေနသည္႔ ဆိုင္ကယ္ႏွင္႔အတူ ေတြ႔ရိွ၍ စစ္ေဆးရန္ ဇူလိုင္လ(၂၅)ရက္ေန႔က ၿမိဳ႕မရဲစခန္း အခ်ဳပ္ခန္းအမွတ္(၉)၌ တစ္ဦးတည္း ထိန္းသိမ္းခံထားရသူ ကိုသန္းထိုက္ေအာင္မွာ ဇူလိုင္လ (၂၆)ရက္ေန႔ နံနက္ပိုင္း၌ အခ်ဳပ္ခန္းတြင္ ေသဆံုးသြားသည့္ကိစၥႏွင့္ပတ္သက္၍ အမႈမွန္ေဖာ္ထုတ္ႏိုင္ ေရး အတြက္ ျမန္မာႏိုင္ငံအမ်ိဳးသားလူ႔အခြင္႔ အေရးေကာ္မရွင္သို႔ တင္ျပတိုင္တန္းခဲ႔ျခင္းေၾကာင္႔ ယခုကဲ႔သို႔ လာေရာက္ကြင္းဆင္း စစ္ေဆးျခင္းျဖစ္ေၾကာင္း သိရသည္။

ကိုသန္းထိုက္ေအာင္ ေသဆံုးရျခင္းမွာ ေရခ်ိဳးခန္းအတြင္း သတိလစ္လဲက်ေသဆံုးျခင္း ျဖစ္သည္ဟု ၿမိဳ႕မရဲစခန္းမွ ရဲအုပ္ ႏွစ္ဦးက ေျပာၾကားထားၿပီး ပုဆိုးျဖင္႔ ႀကိဳးဆဲြခ်ေသဆံုးသြားျခင္း ျဖစ္သည္ဟု စခန္းမွဴးက ေျပာဆိုထားရာ ေျပာၾကားခ်က္ ကဲြလဲြေနသည့္အျပင္ ဇူလိုင္(၂၆)ရက္ေန႔နံနက္ပိုင္းက ေဒၚသင္းသင္းခိုင္က ကိုသန္းထိုက္ေအာင္ထံ နံနက္စာပို႔ရန္ စခန္းသို႔ေရာက္ရိွေနခိုက္ အခ်ဳပ္ခန္းအတြင္းမွ ေအာ္သံၾကား လိုက္ရၿပီးေနာက္ အခ်ဳပ္ခန္းတြင္းမွလူတစ္ဦးအား ေဆးရံုသို႔ပို႔ေဆာင္ရန္ ကားငွားေနသျဖင့္ သံုးဘီးတစ္စီးကို ၎ကိုယ္တိုင္ ကူညီငွားေပးခဲ႔ရေသာ္လည္း ေဆးရံုသို႔ပို႔ေဆာင္ရသူမွာ ၎၏ ေမာင္ျဖစ္ေၾကာင္းကို တာဝန္ရိွသူမ်ားက အသိေပးခဲ႔မႈ မရိွခဲ့သျဖင့္ ေသဆံုးမႈႏွင့္ ပတ္သက္၍ သံသယ ရိွသျဖင့္ အမႈမွန္ေဖၚထုတ္ေပးရန္ မိသားစုမ်ားက တုိင္ၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ယင္းကိစၥႏွင့္ ပတ္သက္၍ ျမန္မာႏိုင္ငံလူ႔အခြင္႔အေရးေကာ္မရွင္မွ ေကာ္မရွင္အဖဲြ႔ဝင္ ေဒါက္တာျမင္႔ ၾကည္ ဦးေဆာင္ေသာအဖဲြ႔က ၾသဂုတ္(၂)ရက္မွ ၾသဂုတ္(၃)ရက္ေန႔ အထိ ကြင္းဆင္းစစ္ေဆးေဆာင္ရြက္သြား မည္ျဖစ္ေၾကာင္း သိရသည္။

သတင္း - ဖီးနစ္






~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးမြို့မရဲစခန်း၌ ထိန်းသိမ်းခံထားရသူ တစ်ဦး ဇူလိုင်(၂၆)ရက်နေ့က ရဲအချုပ်ခန်းတွင် သေဆုံးသွားသည့် ကိစ္စနှင့် ပတ်သက်၍ မြန်မာနို်င်ငံလူ့အခွင့်အရေးကော်မရှင်က သြဂုတ်လ(၂)ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“ဒီနေ့ ကျွန်မရယ်၊ သေဆုံးသွားတဲ့မောင်လေးရဲ့ဇနီးရယ်၊ မှုခင်းဆရာဝန်ကြီးရယ်၊ မောင်လေးအဖမ်း ခံရစဉ်က အာမခံပေးဖို့ လိုက်ပါဆောင်ရွက်ခဲ့တဲ့ ဆေးတက္ကသိုလ်က ဆရာ (၂) ဦးရယ်ကို ခေါ်ယူ စစ်ဆေးပါတယ်”ဟု သေဆုံးသူ၏ အစ်မတော်စပ်သူ ဒေါ်သင်းသင်းခိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မကွေးမြို့တွင် ပျောက်ဆုံးနေသည့် ဆိုင်ကယ်နှင့်အတူ တွေ့ရှိ၍ စစ်ဆေးရန် ဇူလိုင်လ(၂၅)ရက်နေ့က မြို့မရဲစခန်း အချုပ်ခန်းအမှတ်(၉)၌ တစ်ဦးတည်း ထိန်းသိမ်းခံထားရသူ ကိုသန်းထိုက်အောင်မှာ ဇူလိုင်လ (၂၆)ရက်နေ့ နံနက်ပိုင်း၌ အချုပ်ခန်းတွင် သေဆုံးသွားသည့်ကိစ္စနှင့်ပတ်သက်၍ အမှုမှန်ဖော်ထုတ်နိုင် ရေး အတွက် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့် အရေးကော်မရှင်သို့ တင်ပြတိုင်တန်းခဲ့ခြင်းကြောင့် ယခုကဲ့သို့ လာရောက်ကွင်းဆင်း စစ်ဆေးခြင်းဖြစ်ကြောင်း သိရသည်။

ကိုသန်းထိုက်အောင် သေဆုံးရခြင်းမှာ ရေချိုးခန်းအတွင်း သတိလစ်လဲကျသေဆုံးခြင်း ဖြစ်သည်ဟု မြို့မရဲစခန်းမှ ရဲအုပ် နှစ်ဦးက ပြောကြားထားပြီး ပုဆိုးဖြင့် ကြိုးဆွဲချသေဆုံးသွားခြင်း ဖြစ်သည်ဟု စခန်းမှူးက ပြောဆိုထားရာ ပြောကြားချက် ကွဲလွဲနေသည့်အပြင် ဇူလိုင်(၂၆)ရက်နေ့နံနက်ပိုင်းက ဒေါ်သင်းသင်းခိုင်က ကိုသန်းထိုက်အောင်ထံ နံနက်စာပို့ရန် စခန်းသို့ရောက်ရှိနေခိုက် အချုပ်ခန်းအတွင်းမှ အော်သံကြား လိုက်ရပြီးနောက် အချုပ်ခန်းတွင်းမှလူတစ်ဦးအား ဆေးရုံသို့ပို့ဆောင်ရန် ကားငှါးနေသဖြင့် သုံးဘီးတစ်စီးကို၎င်းကိုယ်တိုင် ကူညီငှါးပေးခဲ့ရသော်လည်း ဆေးရုံသို့ပို့ဆောင်ရသူမှာ၎င်း၏ မောင်ဖြစ်ကြောင်းကို တာဝန်ရှိသူများက အသိပေးခဲ့မှု မရှိခဲ့သဖြင့် သေဆုံးမှုနှင့် ပတ်သက်၍ သံသယ ရှိသဖြင့် အမှုမှန်ဖော်ထုတ်ပေးရန် မိသားစုများက တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာမြင့် ကြည် ဦးဆောင်သောအဖွဲ့က သြဂုတ်(၂)ရက်မှ သြဂုတ်(၃)ရက်နေ့ အထိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

သတင်း - ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~