စက္တင္ဘာ (၁)ရက္မွစ၍ လုိင္စင္မဲ့ဆုိင္ကယ္မ်ား ဖမ္းဆီးမည့္ ေက်ာက္မဲၿမိဳ႕တြင္ ၂၀၁၇ ေမာ္ဒယ္ဆိုင္ကယ္မ်ား လိုင္စင္အတြက္ ဒဏ္ေၾကးေလွ်ာ့ေပါ့ေပးထား

စက္တင္ဘာ (၁)ရက္မွစ၍ လုိင္စင္မဲ့ဆုိင္ကယ္မ်ား ဖမ္းဆီးမည့္ ေက်ာက္မဲၿမိဳ႕တြင္ ၂၀၁၇ ေမာ္ဒယ္ဆိုင္ကယ္မ်ား လိုင္စင္အတြက္ ဒဏ္ေၾကးေလွ်ာ့ေပါ့ေပးထား
သြဂုတ် 30, 2017
By Tachileik News Agency

ရွမ္းျပည္နယ္ (ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕နယ္အတြင္း စက္တင္ဘာလ (၁)ရက္ေန႔မွ စတင္၍ လိုင္စင္မဲ့ ေမာ္ေတာ္ဆိုင္ကယ္မ်ားအား လိုင္စင္ျပဳလုပ္ရာတြင္ ဒဏ္ေၾကးသက္သာေစရန္အတြက္ တရုတ္ႏိုင္ငံထုတ္ ၂၀၁၇ ခုႏွစ္ ေမာ္ဒယ္ဆိုင္ကယ္မ်ားအား ၂၀၁၆ ခုႏွစ္ေမာ္ဒယ္ ဒဏ္ေၾကးျဖင့္ ျပဳလုပ္ေပးႏိုင္ရန္ စီစဥ္လ်က္ရွိေၾကာင္း သိရသည္။

“ဒီတစ္ခါ လုိင္စင္လုပ္ေပးမယ့္ ထူးျခားခ်က္ကေတာ့ လိုင္စင္ျပဳလုပ္တဲ့အခ်ိန္မွာ ဒဏ္ေၾကးေဆာင္ရတာ သက္သာေစဖို႔အတြက္ ၂၀၁၇ ခုႏွစ္ေမာ္ဒယ္(တရုတ္ႏိုင္ငံထုတ္)ဆိုင္ကယ္ေတြကို ဒဏ္ေၾကး ေကာက္ခံတဲ့ေနရာမွာ၂၀၁၆ ခုႏွစ္ ေမာ္ဒယ္ေစ်းႏႈန္းအတိုင္း ေလွ်ာ့ေပ့ါေကာက္ခံဖို႔ စီစဥ္ေပးထားပါ တယ္။ စိစစ္တာကေတာ့ ခရိုင္/ၿမိဳ႕နယ္တို႔က ဖြဲ႔ေပးတဲ့အဖြဲ႔ေတြနဲ႔ လုပ္မွာပါ။ ကညနအေနနဲ႔ကေတာ့ သူတို႔ အေရးယူၿပီးသား၊ ဒဏ္ေၾကးေဆာင္ၿပီးသားေတြကို လုိင္စင္လုပ္ေပးဖို႔ စီစဥ္ေပးရမွာျဖစ္ပါတယ္”ဟု ေက်ာက္မဲခရိုင္ ကုန္းလမ္းပို႔ေဆာင္ေရးညႊန္ၾကားမႈ ဦးစီးဌာန ခရိုင္ဦးစီးအရာရွိ ဦးဝင္းႏိုင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ရွမ္းျပည္နယ္အတြင္း မတ္လ (၁)ရက္ေန႔မွ ဇြန္လဆန္းအထိ လိုင္စင္မဲ့ဆုိင္ကယ္မ်ားအား ေဒသလုိင္စင္ထုတ္ေပးသည့္ စီမံခ်က္တြင္ ၂၀၁၇ ခုႏွစ္ တရုတ္ႏိုင္ငံထုတ္ ေမာ္ေတာ္ဆိုင္ကယ္မ်ားအား ေဒသေပါက္ေစ်းအတိုင္း ဒဏ္ေၾကးေပးေဆာင္ေစရာ ဒဏ္ေၾကးပမာဏေၾကာင့္ လိုင္စင္ျပဳလုပ္သူ နည္းပါးသျဖင့္ ၂၀၁၆ ေမာ္ဒယ္ဒဏ္ေၾကးျဖင့္ သတ္မွတ္ေကာက္ခံရန္ ျပင္ဆင္ေပးျခင္းျဖစ္ေၾကာင္း သိရသည္။

လိုင္စင္မဲ့ေမာ္ေတာ္ယာဥ္မ်ားအား ဖမ္းဆီးရမိပါက ဥပေဒအရ ႏိုင္ငံေတာ္ဘ႑ာအျဖစ္ သိမ္းဆည္းသြားကာ ေလလံတင္ေရာင္းခ်ျခင္းျဖင့္ ေျဖရွင္း ေဆာင္ရြက္ေလ့ရွိေသာ္လည္း စက္တင္ဘာလ (၁)ရက္ေန႔မွစ၍ ယာဥ္စည္းကမ္း၊လမ္းစည္းကမ္း မလိုက္နာသည့္ ေမာ္ေတာ္ယာဥ္မ်ားအား ဖမ္းဆီးအေရး ယူရာတြင္ လိုင္စင္မဲ့ေမာ္ေတာ္ဆိုင္ကယ္မ်ားျဖစ္ပါက ယာဥ္ပိုင္ရွင္ဆႏၵအရ လိုင္စင္ျပဳလုပ္လာေစရန္ တြန္းအားေပးသည့္အေနျဖင့္ ယင္းကဲ့သို႔ လုပ္ေဆာင္ျခင္းျဖစ္ေၾကာင္း သိရသည္။

ေက်ာက္မဲၿမိဳ႕နယ္ စည္ပင္သာယာေရးနယ္နိမိတ္အတြင္း ဆိုင္ကယ္ေရာင္းခ်သည့္ဆိုင္ရွင္မ်ားအား ေခၚယူေတြ႔ဆံုကာ လိုင္စင္ပါသည့္ ေမာ္ေတာ္ဆိုင္ကယ္မ်ားကိုသာ ျပန္လည္ေရာင္းခ်ရန္အတြက္ ၾသဂုတ္လ(၂၉)ရက္ေန႔က ၿမိဳ႕နယ္စည္ပင္သာယာေရးဌာန၌ ေဆြးေႏြးညႇိႏႈိင္းထားေၾကာင္း သိရသည္။

“လိုင္စင္လုပ္ေပးမယ္ဆိုရင္ေတာ့ အခ်ိန္ကုန္လည္း သက္သာေအာင္၊ လြယ္ကူျမန္ဆန္မႈလည္းရွိေအာင္ ကညနရံုး တစ္ေနရာတည္းမွာပဲ One Stop Service နဲ႔ လုပ္ေဆာင္ေပးတာက ပိုၿပီးသင့္ေတာ္မယ္လို႔ ထင္ပါတယ္။ လိုင္စင္မဲ့ ေမာ္ေတာ္ဆိုင္ကယ္ေတြကို ဖမ္းဆီးအေရးယူမႈလုပ္ၿပီး ဒဏ္ေၾကးနဲ႔ လိုင္စင္လုပ္ခိုင္းေစခ်င္ရင္ လိုင္စင္မဲ့ ေမာ္ေတာ္ကားေတြကိုလည္း အေရးယူေစခ်င္ပါတယ္”ဟု ေက်ာက္မဲၿမိဳ႕မွ ဦးခင္တိုးက ေျပာသည္။

ေက်ာက္မဲၿမိဳ႕တြင္ စက္တင္ဘာလ(၁)ရက္ေန႔ နံနက္(၉)နာရီခြဲ မွ ညေန(၄)နာရီခြဲ အတြင္း လိုင္စင္မဲ့ေမာ္ေတာ္ဆိုင္ကယ္မ်ားအား ဖမ္းဆီး စိစစ္မည့္အဖြဲ႔၌ ခရိုင္/ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရး၊ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႔၊ ကုန္းလမ္းပို႔ေဆာင္ေရးႏွင့္ ညႊန္ၾကားမႈဦးစီးဌာန၊ ခရိုင္/ၿမိဳ႕နယ္ ျမန္မာ့စီးပြားေရးဘဏ္၊ ခရိုင္/ ၿမိဳ႕နယ္ စည္ပင္သာယာေရးဌာန၊ ခရိုင္/ၿမိဳ႕နယ္ ဥပေဒအရာရွိမ်ား၊ ခရိုင္/ၿမိဳ႕နယ္ မီးသတ္တပ္ဖြဲ႔ တို႔ ပါဝင္မည္ျဖစ္ေၾကာင္း သိရသည္။

သတင္း၊ဓာတ္ပံု #ေနၿဖိဳးျမင့္



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့နယ်အတွင်း စက်တင်ဘာလ (၁)ရက်နေ့မှ စတင်၍ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များအား လိုင်စင်ပြုလုပ်ရာတွင် ဒဏ်ကြေးသက်သာစေရန်အတွက် တရုတ်နိုင်ငံထုတ် ၂၀၁၇ ခုနှစ် မော်ဒယ်ဆိုင်ကယ်များအား ၂၀၁၆ ခုနှစ်မော်ဒယ် ဒဏ်ကြေးဖြင့် ပြုလုပ်ပေးနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

“ဒီတစ်ခါ လိုင်စင်လုပ်ပေးမယ့် ထူးခြားချက်ကတော့ လိုင်စင်ပြုလုပ်တဲ့အချိန်မှာ ဒဏ်ကြေးဆောင်ရတာ သက်သာစေဖို့အတွက် ၂၀၁၇ ခုနှစ်မော်ဒယ်(တရုတ်နိုင်ငံထုတ်)ဆိုင်ကယ်တွေကို ဒဏ်ကြေး ကောက်ခံတဲ့နေရာမှာ၂၀၁၆ ခုနှစ် မော်ဒယ်ဈေးနှုန်းအတိုင်း လျှော့ပေါ့ကောက်ခံဖို့ စီစဉ်ပေးထားပါ တယ်။ စိစစ်တာကတော့ ခရိုင်/မြို့နယ်တို့က ဖွဲ့ပေးတဲ့အဖွဲ့တွေနဲ့ လုပ်မှာပါ။ ကညနအနေနဲ့ကတော့ သူတို့ အရေးယူပြီးသား၊ ဒဏ်ကြေးဆောင်ပြီးသားတွေကို လိုင်စင်လုပ်ပေးဖို့ စီစဉ်ပေးရမှာဖြစ်ပါတယ်”ဟု ကျောက်မဲခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန ခရိုင်ဦးစီးအရာရှိ ဦးဝင်းနိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရှမ်းပြည်နယ်အတွင်း မတ်လ (၁)ရက်နေ့မှ ဇွန်လဆန်းအထိ လိုင်စင်မဲ့ဆိုင်ကယ်များအား ဒေသလိုင်စင်ထုတ်ပေးသည့် စီမံချက်တွင် ၂၀၁၇ ခုနှစ် တရုတ်နိုင်ငံထုတ် မော်တော်ဆိုင်ကယ်များအား ဒေသပေါက်ဈေးအတိုင်း ဒဏ်ကြေးပေးဆောင်စေရာ ဒဏ်ကြေးပမာဏကြောင့် လိုင်စင်ပြုလုပ်သူ နည်းပါးသဖြင့် ၂၀၁၆ မော်ဒယ်ဒဏ်ကြေးဖြင့် သတ်မှတ်ကောက်ခံရန် ပြင်ဆင်ပေးခြင်းဖြစ်ကြောင်း သိရသည်။

လိုင်စင်မဲ့မော်တော်ယာဉ်များအား ဖမ်းဆီးရမိပါက ဥပဒေအရ နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းသွားကာ လေလံတင်ရောင်းချခြင်းဖြင့် ဖြေရှင်း ဆောင်ရွက်လေ့ရှိသော်လည်း စက်တင်ဘာလ (၁)ရက်နေ့မှစ၍ ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း မလိုက်နာသည့် မော်တော်ယာဉ်များအား ဖမ်းဆီးအရေး ယူရာတွင် လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များဖြစ်ပါက ယာဉ်ပိုင်ရှင်ဆန္ဒအရ လိုင်စင်ပြုလုပ်လာစေရန် တွန်းအားပေးသည့်အနဖြေင့် ယင်းကဲ့သို့ လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

ကျောက်မဲမြို့နယ် စည်ပင်သာယာရေးနယ်နိမိတ်အတွင်း ဆိုင်ကယ်ရောင်းချသည့်ဆိုင်ရှင်များအား ခေါ်ယူတွေ့ဆုံကာ လိုင်စင်ပါသည့် မော်တော်ဆိုင်ကယ်များကိုသာ ပြန်လည်ရောင်းချရန်အတွက် သြဂုတ်လ(၂၉)ရက်နေ့က မြို့နယ်စည်ပင်သာယာရေးဌာန၌ ဆွေးနွေးညှိနှိုင်းထားကြောင်း သိရသည်။

“လိုင်စင်လုပ်ပေးမယ်ဆိုရင်တော့ အချိန်ကုန်လည်း သက်သာအောင်၊ လွယ်ကူမြန်ဆန်မှုလည်းရှိအောင် ကညနရုံး တစ်နေရာတည်းမှာပဲ One Stop Service နဲ့ လုပ်ဆောင်ပေးတာက ပိုပြီးသင့်တော်မယ်လို့ ထင်ပါတယ်။ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်တွေကို ဖမ်းဆီးအရေးယူမှုလုပ်ပြီး ဒဏ်ကြေးနဲ့ လိုင်စင်လုပ်ခိုင်းစေချင်ရင် လိုင်စင်မဲ့ မော်တော်ကားတွေကိုလည်း အရေးယူစေချင်ပါတယ်”ဟု ကျောက်မဲမြို့မှ ဦးခင်တိုးက ပြောသည်။

ကျောက်မဲမြို့တွင် စက်တင်ဘာလ(၁)ရက်နေ့ နံနက်(၉)နာရီခွဲ မှ ညနေ(၄)နာရီခွဲ အတွင်း လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များအား ဖမ်းဆီး စိစစ်မည့်အဖွဲ့၌ ခရိုင်/မြို့နယ် အုပ်ချုပ်ရေး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကုန်းလမ်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာန၊ ခရိုင်/မြို့နယ် မြန်မာ့စီးပွားရေးဘဏ်၊ ခရိုင်/ မြို့နယ် စည်ပင်သာယာရေးဌာန၊ ခရိုင်/မြို့နယ် ဥပဒေအရာရှိများ၊ ခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့ တို့ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

သတင်း၊ဓာတ်ပုံ #နဖြေိုးမြင့် 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~