ေက်ာက္မဲတြင္ ေဆးကုသမႈခံယူရန္ အုန္းငမ္းေက်းရြာမွလာသူတစ္ဦး ခရီးသည္တင္ကားေပၚတြင္ ေသဆံုး

ေက်ာက္မဲတြင္ ေဆးကုသမႈခံယူရန္ အုန္းငမ္းေက်းရြာမွလာသူတစ္ဦး ခရီးသည္တင္ကားေပၚတြင္ ေသဆံုး
သြဂုတ် 14, 2017
By Tachileik News Agency

ရွမ္းျပည္နယ္ (ေျမာက္ပိုင္း) ေက်ာက္မဲ-မိုးကုတ္ ခရီးသည္တင္ယာဥ္တစ္စီးေပၚတြင္ အုန္းငမ္းေက်းရြာမွ ေက်ာက္မဲၿမိဳ႕သို႔ ေဆးကုသမႈခံယူရန္လာသည့္ ခရီးသည္တစ္ဦး ကားေပၚတြင္ေသဆံုးသြားသျဖင့္ စစ္ေဆးရာ အစာအိမ္ေသြးေၾကာေပါက္ ေသဆံုးျခင္းျဖစ္ေၾကာင္း ကနဦးစစ္ေဆးေတြ႔ရိွရသည္ဟု သိရသည္။

“ေသဆံုးသူကိုေတာ့ ရင္ခြဲၿပီးစစ္ေဆးမႈျပဳလုပ္ဦးမွာပါ။ ေသဆံုးသူက ဝမ္းမည္းေတြသြားတယ္။ ေသြးအန္တာလည္း ရွိထားတယ္လို႔သိရပါတယ္။ အရက္ေတြဘာေတြလည္း ေသာက္တတ္တယ္လို႔ သိရတယ္။ လတ္တေလာ စစ္ေဆးခ်က္အရ အစာအိမ္ေသြးေၾကာေပါက္တဲ့ေဝဒနာေၾကာင့္ ေသဆံုးသြားတယ္လို႔ ခန္႔မွန္း ရပါတယ္။ တျခားကူးစက္ေရာဂါေၾကာင့္ ေသတာမ်ိဳးမဟုတ္ပါဘူး” ဟု ေက်ာက္မဲျပည္သူ႔ေဆးရံုမွ ေဆးရံုအုပ္ႀကီး ေဒါက္တာေအာင္ေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မိုးကုတ္-ေက်ာက္မဲ ခရီးသည္တင္ယာဥ္ေပၚ၌ လိုက္ပါလာသည့္ ခရီးသည္တစ္ဦးေသဆံုးေနေၾကာင္း ၾသဂုတ္လ(၁၄) ရက္ နံနက္ (၁၀)နာရီ(၄၀)ခန္႔တြင္ ေက်ာက္မဲၿမိဳ႕ ဇီဝိတလူမႈကူညီေရးအသင္းထံသို႔ ဖုန္းဆက္အေၾကာင္း ၾကားလာသျဖင့္ အသင္းမွ သြားေရာက္သယ္ေဆာင္ေပးခဲ့ျခင္းျဖစ္ေၾကာင္း သိရွိရသည္။

“ေသတဲ့သူက မိုင္းလံုၿမိဳ႕နယ္ခြဲ ပန္စံ ေက်းရြာအနီးက အုန္းငမ္းေက်းရြာမွာ ေနထိုင္တဲ့ အသက္(၃၅)ႏွစ္အရြယ္ အမ်ိဳးသားတစ္ဦးျဖစ္ပါတယ္။ တေလာက ျပင္းထန္ကူးစက္တုပ္ေကြးေရာဂါ သံသယလူနာေတြေတြ႔တဲ့ ေက်းရြာ နဲ႔လည္းနီးေတာ့ တျခားေရာဂါနဲ႔ေသတယ္ထင္မွာစိုးလို႔ ပါလာတဲ့မိသားစုဝင္ေတြကိုေမးၾကည့္တဲ့အခါ သူ႔ရြာမွာကတည္းက အဲဒီအမ်ိဳးသားဟာ ေသြးအန္တဲ့ေဝဒနာရွိတယ္လို႔သိရပါတယ္ “ဟု ေက်ာက္မဲၿမိဳ႕ ဇီဝိတ လူမႈ ကူညီေရးအသင္းမွ ကိုေစာမင္းၾကဴက တာခ်ီလိတ္သတင္းေအဂ်င္စီ သို႔ ေျပာသည္။

ေက်ာက္မဲျပည္သူ႔ေဆးရံုသို႔ ေဆးကုသရန္ ခရီးသည္တင္ကားႏွင့္လိုက္ပါလာစဥ္ လမ္းခရီးတြင္ေသဆံုးခဲ့ျခင္း ျဖစ္သည္ဟု ေသဆံုးသူ၏ မိသားစုဝင္မ်ားမွ ေျပာဆိုခ်က္မ်ားအရ သိရွိရေၾကာင္း ဇီဝိတလူမႈကူညီေရးအသင္းမွ သိရွိရသည္။

သတင္း - ေနၿဖိဳးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲ-မိုးကုတ် ခရီးသည်တင်ယာဉ်တစ်စီးပေါ်တွင် အုန်းငမ်းကျေးရွာမှ ကျောက်မဲမြို့သို့ ဆေးကုသမှုခံယူရန်လာသည့် ခရီးသည်တစ်ဦး ကားပေါ်တွင်သေဆုံးသွားသဖြင့် စစ်ဆေးရာ အစာအိမ်သွေးကြောပေါက် သေဆုံးခြင်းဖြစ်ကြောင်း ကနဦးစစ်ဆေးတွေ့ရှိရသည်ဟု သိရသည်။

“သေဆုံးသူကိုတော့ ရင်ခွဲပြီးစစ်ဆေးမှုပြုလုပ်ဦးမှာပါ။ သေဆုံးသူက ဝမ်းမည်းတွေသွားတယ်။ သွေးအန်တာလည်း ရှိထားတယ်လို့သိရပါတယ်။ အရက်တွေဘာတွေလည်း သောက်တတ်တယ်လို့ သိရတယ်။ လတ်တလော စစ်ဆေးချက်အရ အစာအိမ်သွေးကြောပေါက်တဲ့ဝေဒနာကြောင့် သေဆုံးသွားတယ်လို့ ခန့်မှန်း ရပါတယ်။ တခြားကူးစက်ရောဂါကြောင့် သေတာမျိုးမဟုတ်ပါဘူး” ဟု ကျောက်မဲပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာအောင်အောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မိုးကုတ်-ကျောက်မဲ ခရီးသည်တင်ယာဉ်ပေါ်၌ လိုက်ပါလာသည့် ခရီးသည်တစ်ဦးသေဆုံးနေကြောင်း သြဂုတ်လ(၁၄) ရက် နံနက် (၁၀)နာရီ(၄၀)ခန့်တွင် ကျောက်မဲမြို့ ဇီဝိတလူမှုကူညီရေးအသင်းထံသို့ ဖုန်းဆက်အကြောင်း ကြားလာသဖြင့် အသင်းမှ သွားရောက်သယ်ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“သေတဲ့သူက မိုင်းလုံမြို့နယ်ခွဲ ပန်စံ ကျေးရွာအနီးက အုန်းငမ်းကျေးရွာမှာ နေထိုင်တဲ့ အသက်(၃၅)နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပါတယ်။ တလောက ပြင်းထန်ကူးစက်တုပ်ကွေးရောဂါ သံသယလူနာတွေတွေ့တဲ့ ကျေးရွာ နဲ့လည်းနီးတော့ တခြားရောဂါနဲ့သေတယ်ထင်မှာစိုးလို့ ပါလာတဲ့မိသားစုဝင်တွေကိုမေးကြည့်တဲ့အခါ သူ့ရွာမှာကတည်းက အဲဒီအမျိုးသားဟာ သွေးအန်တဲ့ဝေဒနာရှိတယ်လို့သိရပါတယ် “ဟု ကျောက်မဲမြို့ ဇီဝိတ လူမှု ကူညီရေးအသင်းမှ ကိုစောမင်းကြူက တာချီလိတ်သတင်းအေဂျင်စီ သို့ ပြောသည်။

ကျောက်မဲပြည်သူ့ဆေးရုံသို့ ဆေးကုသရန် ခရီးသည်တင်ကားနှင့်လိုက်ပါလာစဉ် လမ်းခရီးတွင်သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု သေဆုံးသူ၏ မိသားစုဝင်များမှ ပြောဆိုချက်များအရ သိရှိရကြောင်း ဇီဝိတလူမှုကူညီရေးအသင်းမှ သိရှိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~