နမၼတူၿမိဳ႕ ပုဗၺာရံုေက်ာင္းမွ နမ့္ဆန္စစ္ေဘးေရွာင္ ၂၅၀ ေက်ာ္အတြက္ ရိကၡာလိုအပ္ေန

နမၼတူၿမိဳ႕ ပုဗၺာရံုေက်ာင္းမွ နမ့္ဆန္စစ္ေဘးေရွာင္ ၂၅၀ ေက်ာ္အတြက္ ရိကၡာလိုအပ္ေန
သြဂုတ် 10, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) နမၼတူၿမိဳ႕ရွိ ပုဗၺာရံုေက်ာင္းတိုက္သို႔ နမ့္ဆန္ၿမိဳ႕နယ္ရွိ ေက်းရြာ(၃)ခုမွ စစ္ေဘးေရွာင္ (၂၅၂)ဦး ၾသဂုတ္လ(၈)ရက္ေန႔တြင္ ေရာက္ရွိလာသျဖင့္ စားနပ္ရိကၡာလိုအပ္ေနေၾကာင္း နမၼတူ စစ္ေရွာင္စခန္းမ်ား၏ တာဝန္ခံထံမွသိရသည္။

“အဓိကလိုအပ္တာကေတာ့ စားနပ္ရိကၡာေပါ့။ ဆန္တို႔၊ ဟင္းခ်က္စရာတို႔ လိုပါတယ္။ နမၼတူေဒသခံေတြကလည္း လာၿပီးလွဴဒါန္းၾကတာေတြရွိပါတယ္။ ဒါေပမယ့္ စစ္ေရွာင္ေတြက ၾကာဖို႔ရွိမလားဆိုတာမသိေတာ့ စားနပ္ရိကၡာကေတာ့လိုပါတယ္။ တခ်ိဳ႕ဆို ဖိနပ္ေတာင္မပါဘဲ ဒီကိုေရာက္လာၾကတာဆိုေတာ့ ေစာင္တို႔၊ အဝတ္အထည္တို႔လည္းလိုေတာ့လိုပါတယ္။ အခုရွိထားတာေတြနဲ႔ ကေတာ့ ေလာေလာဆယ္တစ္ရက္ႏွစ္ရက္ေတာ့ အဆင္ေျပပါေသးတယ္”ဟု စစ္ေရွာင္စခန္း တာဝန္ခံ ဦးေအာင္ဆန္းျမင့္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ စစ္ေဘးေရွာင္မ်ား၏ က်န္းမာေရးအေျခအေန ကြင္းဆင္းစစ္ေဆးကုသျခင္းကို နမၼတူၿမိဳ႕ ျပည္သူ႔ေဆးရံုမွ ဆရာဝန္ႀကီးႏွင့္အဖြဲ႕က ေဆာင္ရြက္ေပးေနၿပီး ၿမိဳ႕ခံမ်ားကလည္း လွဴဒါန္းမႈမ်ားရိွေသာ္လည္း ရိကၡာလိုအပ္ခ်က္ရိွေနေသးေၾကာင္း သိရသည္။

“ၾသဂုတ္လအတြင္း သူတို႔ေနရပ္ေက်းရြာေတြအနီးမွာ တိုက္ပြဲေတြျဖစ္ပြားေနတဲ့အတြက္ ေၾကာက္လန္႔ေနရတာေတြရွိလုိ႔ ဒီကိုေျပးလာတယ္လို႔ပဲ သိထားပါတယ္။ ဒီမွာေရရွည္ေနဖို႔ရာ ျဖစ္လာမယ္ဆိုရင္ေတာ့ လိုအပ္ခ်က္ေတြရွိလာဦးမွာပါ။ လတ္တေလာကေတာ့ စားနပ္ရိကၡာပဲ အဓိကလိုအပ္ေနတာရွိပါတယ္” ဟု စစ္ေရွာင္ စခန္းတာဝန္္ခံဦးေအာင္ဆန္းျမင့္က ေျပာသည္။

နမ့္ဆန္ၿမိဳ႕နယ္အတြင္းရွိ အထက္မန္ဝဲေက်းရြာမွ အိမ္ေထာင္စု(၂၄)စုရိွ က်ား(၃၁)ဦး ႏွင့္ မ(၄၇)ဦး၊ ေအာက္မန္ဝဲ ေက်းရြာမွ အိမ္ေထာင္စု(၄၃)စုရိွ က်ား(၈၁)ဦးႏွင့္ မ (၈၉)ဦး၊ ေခးခင္းေက်းရြာမွ အိမ္ေထာင္စု(၂)စုရိွ က်ား(၂)ဦး ႏွင့္ မ(၂)ဦး၊ စုစုေပါင္း အိမ္ေထာင္စု စုစုေပါင္း (၆၉)စုမွ လူဦးေရ စုစုေပါင္း(၂၅၂)ဦးတို႔သည္ ၾသဂုတ္လ(၈)ရက္ေန႔ တြင္ နမၼတူၿမိဳ႕ရွိ ပုဗၺာရံုေက်ာင္းတိုက္သို႔ စတင္ေရာက္ရွိလာခဲ့ျခင္းျဖစ္ၿပီး ေန႔စဥ္ ဆန္ (၃)တင္းေက်ာ္ကုန္ေၾကာင္း သိရသည္။

သတင္း - ေနၿဖိဳးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ္မတူမြို့ရှိ ပုဗ္ဗာရုံကျောင်းတိုက်သို့ နမ့်ဆန်မြို့နယ်ရှိ ကျေးရွာ(၃)ခုမှ စစ်ဘေးရှောင် (၂၅၂)ဦး သြဂုတ်လ(၈)ရက်နေ့တွင် ရောက်ရှိလာသဖြင့် စားနပ်ရိက္ခါလိုအပ်နေကြောင်း နမ္မတူ စစ်ရှောင်စခန်းများ၏ တာဝန်ခံထံမှသိရသည်။

“အဓိကလိုအပ်တာကတော့ စားနပ်ရိက္ခါပေါ့။ ဆန်တို့၊ ဟင်းချက်စရာတို့ လိုပါတယ်။ နမ္မတူဒေသခံတွေကလည်း လာပြီးလှူဒါန်းကြတာတွေရှိပါတယ်။ ဒါပေမယ့် စစ်ရှောင်တွေက ကြာဖို့ရှိမလားဆိုတာမသိတော့ စားနပ်ရိက္ခါကတော့လိုပါတယ်။ တချို့ဆို ဖိနပ်တောင်မပါဘဲ ဒီကိုရောက်လာကြတာဆိုတော့ စောင်တို့၊ အဝတ်အထည်တို့လည်းလိုတော့လိုပါတယ်။ အခုရှိထားတာတွေနဲ့ ကတော့ လောလောဆယ်တစ်ရက်နှစ်ရက်တော့ အဆင်ပြေပါသေးတယ်”ဟု စစ်ရှောင်စခန်း တာဝန်ခံ ဦးအောင်ဆန်းမြင့်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ စစ်ဘေးရှောင်များ၏ ကျန်းမာရေးအခြေအနေ ကွင်းဆင်းစစ်ဆေးကုသခြင်းကို နမ္မတူမြို့ ပြည်သူ့ဆေးရုံမှ ဆရာဝန်ကြီးနှင့်အဖွဲ့က ဆောင်ရွက်ပေးနပြေီး မြို့ခံများကလည်း လှူဒါန်းမှုများရှိသော်လည်း ရိက္ခါလိုအပ်ချက်ရှိနေသေးကြောင်း သိရသည်။

“သြဂုတ်လအတွင်း သူတို့နေရပ်ကျေးရွာတွေအနီးမှာ တိုက်ပွဲတွဖြေစ်ပွားနေတဲ့အတွက် ကြောက်လန့်နေရတာတွေရှိလို့ ဒီကိုပြေးလာတယ်လို့ပဲ သိထားပါတယ်။ ဒီမှာရေရှည်နေဖို့ရာ ဖြစ်လာမယ်ဆိုရင်တော့ လိုအပ်ချက်တွေရှိလာဦးမှာပါ။ လတ်တလောကတော့ စားနပ်ရိက္ခါပဲ အဓိကလိုအပ်နေတာရှိပါတယ်” ဟု စစ်ရှောင် စခန်းတာဝန်ခံဦးအောင်ဆန်းမြင့်က ပြောသည်။

နမ့်ဆန်မြို့နယ်အတွင်းရှိ အထက်မန်ဝဲကျေးရွာမှ အိမ်ထောင်စု(၂၄)စုရှိ ကျား(၃၁)ဦး နှင့် မ(၄၇)ဦး၊ အောက်မန်ဝဲ ကျေးရွာမှ အိမ်ထောင်စု(၄၃)စုရှိ ကျား(၈၁)ဦးနှင့် မ (၈၉)ဦး၊ ခေးခင်းကျေးရွာမှ အိမ်ထောင်စု(၂)စုရှိ ကျား(၂)ဦး နှင့် မ(၂)ဦး၊ စုစုပေါင်း အိမ်ထောင်စု စုစုပေါင်း (၆၉)စုမှ လူဦးရေ စုစုပေါင်း(၂၅၂)ဦးတို့သည် သြဂုတ်လ(၈)ရက်နေ့ တွင် နမ္မတူမြို့ရှိ ပုဗ္ဗာရုံကျောင်းတိုက်သို့ စတင်ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး နေ့စဉ် ဆန် (၃)တင်းကျော်ကုန်ကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့် 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~