ကြတ္ခိုင္တြင္ လံုၿခံဳေရးအရ တားျမစ္သည္ကို လက္မခံ၍ ပစ္ခတ္မႈျဖစ္ပြားရာမွ (၂)ဦး ေသဆံုး

ကြတ္ခိုင္တြင္ လံုၿခံဳေရးအရ တားျမစ္သည္ကို လက္မခံ၍ ပစ္ခတ္မႈျဖစ္ပြားရာမွ (၂)ဦး ေသဆံုး
သြဂုတ် 9, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ကြတ္ခိုင္ၿမိဳ႕တြင္ ၾသဂုတ္လ(၇)ရက္ေန႔ ညပိုင္းက ပူးေပါင္းအဖြဲ႔မွ လံုၿခံဳေရးအရ တားျမစ္ စစ္ေဆးမႈကို လက္မခံဘဲ ေမာင္းႏွင္ထြက္ေျပးသည့္ ဆိုင္ကယ္ႏွင့္ လူသံုးဦးအား ၀ိုင္း၀န္း တားျမစ္ရာမွ ပစ္ခတ္မႈအထိ ျဖစ္ပြားခဲ့သည့္ အတြက္ (၂)ဦးေသဆံုး၍ တစ္ဦး ဒဏ္ရာရရွိခဲ့ေၾကာင္း သိရွိရေသာ္လည္း ၎ကိစၥႏွင့္ ပတ္သက္၍ အတည္ျပဳခ်က္ မေပးႏိုင္ေသးေၾကာင္း ကြတ္ခိုင္ၿမိဳ႕နယ္ရဲစခန္းမွ သိရွိရသည္။

"ဘယ္လိုျဖစ္တယ္ ဆိုတာကိုလည္း စစ္ေဆးေနတုန္းပဲ ရွိပါေသးတယ္၊ ျဖစ္စဥ္အတိအက်ကို မေျပာျပႏိုင္ေသးပါဘူး၊ ပစ္ခတ္မႈတစ္ခုျဖစ္ခဲ့တာလို႔ပဲ ေျပာလို႔ရပါေသးတယ္"ဟု ကြတ္ခိုင္ၿမိဳ႕နယ္ရဲစခန္းမွ ဖုန္းလက္ခံေျဖဆိုသူ တာဝန္မွဴးရဲအရာရွိက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ၾသဂုတ္လ(၇)ရက္ေန႔ ည(၉)နာရီခန္႔တြင္ ရဲတပ္ဖြဲ႔မွ လံုၿခံဳေရးရယူေနစဥ္ ၎ေနရာ အနီးျဖတ္သန္းသြားသည့္ အမ်ိဳးသား(၃)ဦးစီးနင္းလာသည့္ဆိုင္ကယ္အားရပ္တန္႔စစ္ေဆးရာ အစစ္ေဆး မခံဘဲ ေမာင္းႏွင္ထြက္ေျပးသည့္ အတြက္ ပစ္ခတ္ခဲ့ရျခင္းျဖစ္ေၾကာင္း ကနဦးသိရွိရေသာ္လည္း ၎ကိစၥအား အေသးစိတ္ စစ္ေဆးေနဆဲျဖစ္သည့္အတြက္ သတင္းထုတ္ျပန္ျခင္း မျပဳႏိုင္ေသးေၾကာင္း ကြတ္ခိုင္ၿမိဳ႕နယ္ရဲစခန္းမွ သိရွိရသည္။

"ကြ်န္ေတာ္တို႔ၾကားတာကေတာ့ ည(၉)နာရီေလာက္မွာ စစ္ေဆးေရး လံုၿခံဳေရးလုပ္ေနတဲ့ ရဲတပ္ဖြဲ႔ေတြက အဲ့ဒီ ဆိုင္ကယ္ကိုတားတယ္၊ မရပ္ဘဲ ေမာင္းေျပးတဲ့အတြက္ ေသနတ္နဲ႔ ပစ္လိုက္တယ္လို႔ၾကားတယ္၊ (၂)ဦးေသတယ္၊ (၁)ဦးက လည္ပင္းကို ရွပ္မွန္သြားလို႔ လားရႈိးေဆးရံုကိုပို႔ထားရတယ္၊ ေသဆံုးတဲ့(၂)ဦးထဲမွာ တစ္ဦးရဲ့နာေရးကို လိုက္ပို႔ေပးခဲ့ပါတယ္"ဟု ကြတ္ခိုင္ရွိ လူမႈကူညီေရးအသင္းသားတစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီ သို႔ ေျပာသည္။

အဆိုပါ ကိစၥႏွင့္ ပတ္သက္၍ ကြတ္ခိုင္ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနအား ဆက္သြယ္ ေမးျမန္းရာတြင္ ျဖစ္စဥ္အတိ အက်အား မသိရွိရေသးေၾကာင္းသာ ျပန္လည္ေျဖၾကားခဲ့သည္။
"ကြတ္ခိုင္က ေသနတ္မွန္ဒဏ္ရာနဲ႔ လူနာတစ္ဦး လားရႈိးေဆးရံုမွာ လာတက္ေနတာဟုတ္ပါတယ္၊ လူနာနဲ႔ပတ္သက္ တဲ့ အခ်က္အလက္ေတြကိုေတာ့ ေျပာျပလို႔ မရေသးပါဘူး၊ လူနာအေျခအေနကေတာ့ အရမ္းမဆိုးဘူးလုိ႔ပဲ ကနဦးသိထားပါတယ္"ဟု လားရႈိးၿမိဳ႕ ျပည္သူ႔ေဆးရံုမွ ေဆးရံုအုပ္ႀကီး ေဒါက္တာစိုင္းလွတင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ေျပာသည္။

ကြတ္ခိုင္တြင္ ေနထိုင္ေနသူေဒသခံအခ်ိဳ႕၏ အဆိုအရ လူေနအိမ္အတြင္း ရဲတပ္ဖြဲ႔မွ ဝင္ေရာက္ပစ္ခတ္ျခင္း မဟုတ္ဘဲ လံုၿခံဳေရးအရ တားျမစ္စစ္ေဆးမႈတြင္ လက္မခံဘဲ ထြက္ေျပးသည့္အတြက္ ပစ္ခတ္ဖမ္း ဆီးမႈျဖစ္ပြားျခင္း ျဖစ္ေၾကာင္း သိရွိရေသာ္လည္း ကြတ္ခိုင္ၿမိဳ႕နယ္ရဲတပ္ဖြဲ႔မွ အေၾကာင္း တစ္စံုတစ္ရာ အတည္ျပဳေျပာၾကားျခင္း မရွိေသးေပ။

သတင္း - ေနၿဖဳိးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်မြို့တွင် သြဂုတ်လ(၇)ရက်နေ့ ညပိုင်းက ပူးပေါင်းအဖွဲ့မှ လုံခြုံရေးအရ တားမြစ် စစ်ဆေးမှုကို လက်မခံဘဲ မောင်းနှင်ထွက်ပြေးသည့် ဆိုင်ကယ်နှင့် လူသုံးဦးအား ဝိုင်းဝန်း တားမြစ်ရာမှ ပစ်ခတ်မှုအထိ ဖြစ်ပွားခဲ့သည့် အတွက် (၂)ဦးသေဆုံး၍ တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသော်လည်း၎င်းကိစ္စနှင့် ပတ်သက်၍ အတည်ပြုချက် မပေးနိုင်သေးကြောင်း ကွတ်ခိုင်မြို့နယ်ရဲစခန်းမှ သိရှိရသည်။

"ဘယ်လိုဖြစ်တယ် ဆိုတာကိုလည်း စစ်ဆေးနေတုန်းပဲ ရှိပါသေးတယ်၊ ဖြစ်စဉ်အတိအကျကို မပြောပြနိုင်သေးပါဘူး၊ ပစ်ခတ်မှုတစ်ခုဖြစ်ခဲ့တာလို့ပဲ ပြောလို့ရပါသေးတယ်"ဟု ကွတ်ခိုင်မြို့နယ်ရဲစခန်းမှ ဖုန်းလက်ခံဖြေဆိုသူ တာဝန်မှူးရဲအရာရှိက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

သြဂုတ်လ(၇)ရက်နေ့ ည(၉)နာရီခန့်တွင် ရဲတပ်ဖွဲ့မှ လုံခြုံရေးရယူနေစဉ်၎င်းနေရာ အနီးဖြတ်သန်းသွားသည့် အမျိုးသား(၃)ဦးစီးနင်းလာသည့်ဆိုင်ကယ်အားရပ်တန့်စစ်ဆေးရာ အစစ်ဆေး မခံဘဲ မောင်းနှင်ထွက်ပြေးသည့် အတွက် ပစ်ခတ်ခဲ့ရခြင်းဖြစ်ကြောင်း ကနဦးသိရှိရသော်လည်း၎င်းကိစ္စအား အသေးစိတ် စစ်ဆေးနေဆဲဖြစ်သည့်အတွက် သတင်းထုတ်ပြန်ခြင်း မပြုနိုင်သေးကြောင်း ကွတ်ခိုင်မြို့နယ်ရဲစခန်းမှ သိရှိရသည်။

"ကျွန်တော်တို့ကြားတာကတော့ ည(၉)နာရီလောက်မှာ စစ်ဆေးရေး လုံခြုံရေးလုပ်နေတဲ့ ရဲတပ်ဖွဲ့တွေက အဲ့ဒီ ဆိုင်ကယ်ကိုတားတယ်၊ မရပ်ဘဲ မောင်းပြေးတဲ့အတွက် သေနတ်နဲ့ ပစ်လိုက်တယ်လို့ကြားတယ်၊ (၂)ဦးသေတယ်၊ (၁)ဦးက လည်ပင်းကို ရှပ်မှန်သွားလို့ လားရှိုးဆေးရုံကိုပို့ထားရတယ်၊ သေဆုံးတဲ့(၂)ဦးထဲမှာ တစ်ဦးရဲ့နာရေးကို လိုက်ပို့ပေးခဲ့ပါတယ်"ဟု ကွတ်ခိုင်ရှိ လူမှုကူညီရေးအသင်းသားတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီ သို့ ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ကွတ်ခိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအား ဆက်သွယ် မေးမြန်းရာတွင် ဖြစ်စဉ်အတိ အကျအား မသိရှိရသေးကြောင်းသာ ပြန်လည်ဖြကြေားခဲ့သည်။
"ကွတ်ခိုင်က သေနတ်မှန်ဒဏ်ရာနဲ့ လူနာတစ်ဦး လားရှိုးဆေးရုံမှာ လာတက်နေတာဟုတ်ပါတယ်၊ လူနာနဲ့ပတ်သက် တဲ့ အချက်အလက်တွေကိုတော့ ပြောပြလို့ မရသေးပါဘူး၊ လူနာအခြေအနေကတော့ အရမ်းမဆိုးဘူးလို့ပဲ ကနဦးသိထားပါတယ်"ဟု လားရှိုးမြို့ ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာစိုင်းလှတင်က တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

ကွတ်ခိုင်တွင် နေထိုင်နေသူဒေသခံအချို့၏ အဆိုအရ လူနေအိမ်အတွင်း ရဲတပ်ဖွဲ့မှ ဝင်ရောက်ပစ်ခတ်ခြင်း မဟုတ်ဘဲ လုံခြုံရေးအရ တားမြစ်စစ်ဆေးမှုတွင် လက်မခံဘဲ ထွက်ပြေးသည့်အတွက် ပစ်ခတ်ဖမ်း ဆီးမှုဖြစ်ပွားခြင်း ဖြစ်ကြောင်း သိရှိရသော်လည်း ကွတ်ခိုင်မြို့နယ်ရဲတပ်ဖွဲ့မှ အကြောင်း တစ်စုံတစ်ရာ အတည်ပြုပြောကြားခြင်း မရှိသေးပေ။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~