မေကြးၿမိဳ႕ အေျခခံက်န္းမာေရးတကၠသိုလ္ ေက်ာင္းသား/ေက်ာင္းသူမ်ား H1N1 ကာကြယ္ေရး အသိပညာေပး လုပ္ေဆာင္

မေကြးၿမိဳ႕ အေျခခံက်န္းမာေရးတကၠသိုလ္ ေက်ာင္းသား/ေက်ာင္းသူမ်ား H1N1 ကာကြယ္ေရး အသိပညာေပး လုပ္ေဆာင္
သြဂုတ် 5, 2017
By Tachileik News Agency

မေကြးတိုင္းေဒသႀကီး မေကြးၿမိဳ႕ရိွ အေျခခံက်န္းမာေရး တကၠသိုလ္မွ ေက်ာင္းသား/ေက်ာင္းသူ (၁၂၀)ဦးသည္ ၾသဂုတ္(၅)ရက္ေန႔ နံနက္ပိုင္းက မေကြးၿမိဳ႕ေပၚရိွ ေစ်းႀကီး(၄)ခုတြင္ H1N1 ကာကြယ္ေရး အသိပညာေပး လက္ကမ္းစာေစာင္မ်ားႏွင့္ Mask မ်ား ျဖန္႔ေဝေပးေၾကာင္း သိရသည္။

“ရာသီတုပ္ေကြးနဲ႔ H1N1 ေရာဂါကာကြယ္ႏိုင္ေရးအတြက္ လက္ေဆးၾကဖို႔နဲ႔ Mask ကို စနစ္တက် တပ္ဖို႔ ကၽြန္ေတာ္တို႔ကိုယ္တိုင္တပ္ေပးၿပီး အသိပညာေပးတာပါ။ လူစုၿပီး ေဟာေျပာပဲြလုပ္ဖို႔ ရည္ရြယ္ေပမယ့္ လူစုလူေဝးလုပ္ဖို႔က မသင္႔တဲ႔အတြက္ အခုလို လူစည္ကားတဲ႔ေစ်းေတြမွာ တစ္ေယာက္ခ်င္းစီကိုပဲ အသိပညာေပးျခင္းလုပ္ငန္းေဆာင္ရြက္ေနၾကတာပါ”ဟု အေျခခံက်န္းမာေရးတကၠသိုလ္ေက်ာင္းသား ကိုဇာနည္ က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အေျခခံက်န္းမာေရးတကၠသိုလ္မွ ေက်ာင္းသား/ေက်ာင္းသူမ်ားသည္ မေကြးၿမိဳ႕ ေပၚရိွ ၿမိဳ႕မေစ်း၊ ကန္သာေစ်း၊ ရန္ကင္းေစ်းႏွင္႔ ရန္ပယ္ေစ်းတို႔၌ လက္ကမ္းစာေစာင္(၂၅၀၀)ကို ေဝငွကာ Mask (၂၅၀၀)ကို ကိုယ္တိုင္ကိုယ္က် တပ္ဆင္ေပးၿပီး H1N1 ေရာဂါကာကြယ္ေရး အသိပညာေပးျခင္းတို႔ ကို လုပ္ေဆာင္ရာ ၿမိဳ႕နယ္စည္ပင္ဝန္ထမ္းမ်ားက ပူးေပါင္းကူညီေဆာင္ရြက္ေပးေၾကာင္း သိရသည္။

မေကြးတိုင္းျပည္သူ႔ေဆးရံုႀကီး၌ တက္ေရာက္ကုသမႈခံယူေနသူ ကေလးငယ္တစ္ဦးတြင္ H1N1 ေတြ႔ရိွရေၾကာင္း ၾသဂုတ္လ (၃)ရက္ေန႔က အတည္ျပဳၿပီးေနာက္ H1N1 ကာကြယ္ေရး အသိပညာေပးျခင္းလုပ္ငန္းမ်ား တိုးျမႇင့္ေဆာင္ရြက္လာၾကျခင္းျဖစ္သည္။

သတင္း - ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးတိုင်းဒေသကြီး မကွေးမြို့ရှိ အခြေခံကျန်းမာရေး တက္ကသိုလ်မှ ကျောင်းသား/ကျောင်းသူ (၁၂၀)ဦးသည် သြဂုတ်(၅)ရက်နေ့ နံနက်ပိုင်းက မကွေးမြို့ပေါ်ရှိ ဈေးကြီး(၄)ခုတွင် H1N1 ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များနှင့် Mask များ ဖြန့်ဝေပေးကြောင်း သိရသည်။

“ရာသီတုပ်ကွေးနဲ့ H1N1 ရောဂါကာကွယ်နိုင်ရေးအတွက် လက်ဆေးကြဖို့နဲ့ Mask ကို စနစ်တကျ တပ်ဖို့ ကျွန်တော်တို့ကိုယ်တိုင်တပ်ပေးပြီး အသိပညာပေးတာပါ။ လူစုပြီး ဟောပြောပွဲလုပ်ဖို့ ရည်ရွယ်ပေမယ့် လူစုလူဝေးလုပ်ဖို့က မသင့်တဲ့အတွက် အခုလို လူစည်ကားတဲ့ဈေးတွေမှာ တစ်ယောက်ချင်းစီကိုပဲ အသိပညာပေးခြင်းလုပ်ငန်းဆောင်ရွက်နကြေတာပါ”ဟု အခြေခံကျန်းမာရေးတက္ကသိုလ်ကျောင်းသား ကိုဇာနည် က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အခြေခံကျန်းမာရေးတက္ကသိုလ်မှ ကျောင်းသား/ကျောင်းသူများသည် မကွေးမြို့ ပေါ်ရှိ မြို့မဈေး၊ ကန်သာဈေး၊ ရန်ကင်းဈေးနှင့် ရန်ပယ်ဈေးတို့၌ လက်ကမ်းစာစောင်(၂၅၀၀)ကို ဝေငှကာ Mask (၂၅၀၀)ကို ကိုယ်တိုင်ကိုယ်ကျ တပ်ဆင်ပေးပြီး H1N1 ရောဂါကာကွယ်ရေး အသိပညာပေးခြင်းတို့ ကို လုပ်ဆောင်ရာ မြို့နယ်စည်ပင်ဝန်ထမ်းများက ပူးပေါင်းကူညီဆောင်ရွက်ပေးကြောင်း သိရသည်။

မကွေးတိုင်းပြည်သူ့ဆေးရုံကြီး၌ တက်ရောက်ကုသမှုခံယူနေသူ ကလေးငယ်တစ်ဦးတွင် H1N1 တွေ့ရှိရကြောင်း သြဂုတ်လ (၃)ရက်နေ့က အတည်ပြုပြီးနောက် H1N1 ကာကွယ်ရေး အသိပညာပေးခြင်းလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လာကြခြင်းဖြစ်သည်။

သတင်း - ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~