တောင်ကြီးမြို့တွင် H1N1 အတည်ပြု ကလေးလူနာနှစ်ဦးအား သီးသန့်အနီးကပ်ကုသပေးနေ

တောင်ကြီးမြို့တွင် H1N1 အတည်ပြု ကလေးလူနာနှစ်ဦးအား သီးသန့်အနီးကပ်ကုသပေးနေ
သွဂုတျ 6, 2017
By Tachileik News Agency

ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ အမျိုးသမီးနှင့် ကလေးအထူးကုဆေးရုံတွင် H1N1 ဖြစ်ပွားနေသည့် ကလေးလူနာ နှစ်ဦးအား သီးသန့်အခန်းတွင် ကုသပေးနေပြီး တစ်ဦးမှာ အခြေအနေ တိုးတက်ကောင်းမွန်လာပြီ ဖြစ်ကြောင်း သြဂုတ်လ (၆)ရက်နေ့တွင် ရှမ်းပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနက အတည်ပြုလိုက်သည်။





အဆိုပါ တုပ်ကွေးရောဂါဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် တစ်ကိုယ်ရေသန့်ရှင်းမှုကို အထူးဂရုပြု ဆောင်ရွက်ခြင်း အပါအဝင် လက်ကို ဆပ်ပြာဖြင့် ရေများများသုံး၍ မကြာခဏ ဆေးကြောခြင်း၊ နှာချေချောင်းဆိုးလျှင် ဖုံးအုပ်ခြင်း၊ လူထူထပ်သောနေရာများအား ရှောင်ကြဉ်ပြီး မဖြစ်မနေသွားလာရပါက ပါးစပ် နှာခေါင်းစည်း တပ်ဆင်ခြင်း၊ ကောင်းစွာအိပ်စက်အနားယူခြင်း၊ အာဟာရပြည့်ဝသည့် အစားအစာများ စားသုံးခြင်း၊ ကိုယ်လက်လှုပ်ရှားမှုပုံမှန်ပြုလုပ်ခြင်း၊ လေကောင်းလေသန့်ရရှိအောင် ဆောင်ရွက်နေထိုင်ခြင်း၊ အရက်လွန်ကဲစွာ သောက်သုံးခြင်းနှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်းမှ ရှောင်ကြဉ်ခြင်း၊ ရောဂါဖြစ်ပွားနေသူများနှင့် သံသယရှိနေသူများ၏ (၆) ပေ အကွာတွင် နေထိုင်ခြင်း၊ ရောဂါကူးစက် ခံထားရသူအား ပါးစပ်နှာခေါင်းစည်း (Surgical Mask) ကို အသုံးပြုစေခြင်း၊ ရောဂါရှိသူ၏ နေအိမ်နှင့် ဆေးရုံများသို့ မလိုအပ်ဘဲ သွားရောက်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ မိမိတွင် ရောဂါလက္ခဏာများ ခံစားရပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ သွားရောက်ကုသမှုခံယူခြင်းနှင့် ရောဂါ လက္ခဏာများ စတင်ခံစားရသည့် အချိန်မှ စတင်၍ (၁၀) ရက်အတွင်း မိမိ၏နေအိမ်၌သာ နေထိုင်ခြင်းတို့ လုပ်ဆောင်ရန် လိုအပ်ကြောင်း သိရသည်။

သတင်း - နိုနို




~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ အမျိုးသမီးနှင့် ကလေးအထူးကုဆေးရုံတွင် H1N1 ဖြစ်ပွားနေသည့် ကလေးလူနာ နှစ်ဦးအား သီးသန့်အခန်းတွင် ကုသပေးနပြေီး တစ်ဦးမှာ အခြေအနေ တိုးတက်ကောင်းမွန်လာပြီ ဖြစ်ကြောင်း သြဂုတ်လ (၆)ရက်နေ့တွင် ရှမ်းပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနက အတည်ပြုလိုက်သည်။

“အမျိုးသမီးကလေးဆေးရုံမှာ (၄)ရက်နေ့က ကလေးလေးရဲ့အဖြေက Positive ထွက်တယ်။ နောက်တစ်ယောက်က မနေ့ကမှ တက်တာ။ တောင်ကြီး ဘုရားဖြူရပ်ကွက်ထဲကပါ။ သူ့ကို ကျွန်တော်တို့ Rapid Test Kit နဲ့ စမ်းသပ်ကြည့်တော့ Negative ထွက်တယ်။ ဒါပေမယ့် ကလေးလေးက ပုံစံလေးက တူနေလို့ဆိုတော့ သူ့အဖြေကို ပို့ကြည့်လိုက်တော့ Positive ထွက်တယ်။ (၄) ရက်နေ့ ကလေးကတော့ သက်သာနေပါပြီ။ လောလောဆယ်တော့ ဆေးရုံမှာပဲရှိနေသေးပါတယ်။ အခုက ကလေးတွေကို အခန်းခွဲ နေခိုင်းထားတယ်။ သီးသန့်အနီးကပ်ကြပ်မတ်ကုသခိုင်းထားတယ်”ဟု ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဝင်းဇော်လှိုင်က တာချီလိတ် သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ ဆေးရုံတွင် သြဂုတ်လ (၄)ရက်နေ့က (၅ ) နှစ်အရွယ်ကလေးတစ်ဦးအား H1N1 သံသယဖြင့် ရန်ကုန်မြို့ရှိ အမျိုးသား ကျန်းမာရေးဓာတ်ခွဲဌာနတွင် စစ်ဆေးမှုခံယူခဲ့ခြင်းဖြစ်သည်။

ရှမ်းပြည်နယ်အတွင်း ကျိုင်းတုံမြို့ အမှတ်(၃) ကုတင်(၃၀၀)ဆံ့တပ်မတော်ဆေးရုံတွင် ဇူလိုင်လ (၃၁)ရက်နေ့က H1N1 အတည်ပြုလူနာနှစ်ဦး စတင်တွေ့ရှိခဲ့ပြီးနောက် တောင်ကြီးမြို့တွင် H1N1 အတည်ပြုလူနာနှစ်ဦးအား သြဂုတ်လ (၆)ရက်နေ့တွင် ထပ်မံတွေ့ရှိရခြင်းဖြစ်သည်။

ရာသီတုပ်ကွေးရောဂါကို ဆောလျင်စွာ တွေ့ရှိကုသလျှင် ရောဂါပြင်းထန်မှုနှင့် အသက်ဆုံးရှုံးမှုတို့မှ ကာကွယ်နိုင်ပြီး လူနာအား Tamiflu (Oseltamivir) နှင့် Relenza (Zanamivir) ဆေး (၂) မျိုးဖြင့် ကုသမှုပေးနိုင်ကြောင်း သိရသည်။

အဆိုပါ တုပ်ကွေးရောဂါဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် တစ်ကိုယ်ရေသန့်ရှင်းမှုကို အထူးဂရုပြု ဆောင်ရွက်ခြင်း အပါအဝင် လက်ကို ဆပ်ပြာဖြင့် ရေများများသုံး၍ မကြာခဏ ဆေးကြောခြင်း၊ နှာချေချောင်းဆိုးလျှင် ဖုံးအုပ်ခြင်း၊ လူထူထပ်သောနေရာများအား ရှောင်ကြဉ်ပြီး မဖြစ်မနေသွားလာရပါက ပါးစပ် နှာခေါင်းစည်း တပ်ဆင်ခြင်း၊ ကောင်းစွာအိပ်စက်အနားယူခြင်း၊ အာဟာရပြည့်ဝသည့် အစားအစာများ စားသုံးခြင်း၊ ကိုယ်လက်လှုပ်ရှားမှုပုံမှန်ပြုလုပ်ခြင်း၊ လေကောင်းလေသန့်ရရှိအောင် ဆောင်ရွက်နေထိုင်ခြင်း၊ အရက်လွန်ကဲစွာ သောက်သုံးခြင်းနှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်းမှ ရှောင်ကြဉ်ခြင်း၊ ရောဂါဖြစ်ပွားနေသူများနှင့် သံသယရှိနေသူများ၏ (၆) ပေ အကွာတွင် နေထိုင်ခြင်း၊ ရောဂါကူးစက် ခံထားရသူအား ပါးစပ်နှာခေါင်းစည်း (Surgical Mask) ကို အသုံးပြုစခြေင်း၊ ရောဂါရှိသူ၏ နေအိမ်နှင့် ဆေးရုံများသို့ မလိုအပ်ဘဲ သွားရောက်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ မိမိတွင် ရောဂါလက္ခဏာများ ခံစားရပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ သွားရောက်ကုသမှုခံယူခြင်းနှင့် ရောဂါ လက္ခဏာများ စတင်ခံစားရသည့် အချိန်မှ စတင်၍ (၁၀) ရက်အတွင်း မိမိ၏နေအိမ်၌သာ နေထိုင်ခြင်းတို့ လုပ်ဆောင်ရန် လိုအပ်ကြောင်း သိရသည်။

သတင်း - နိုနို

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~