ရွမ္းျပည္နယ္(ေျမာက္ပိုင္း)တြင္ H1N1 ကာကြယ္ေရးကို ေစာင့္ၾကပ္ၾကည့္ရႈသတင္းပို႔စနစ္ျဖင့္ ေဆာင္ရြက္ေန

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)တြင္ H1N1 ကာကြယ္ေရးကို ေစာင့္ၾကပ္ၾကည့္ရႈသတင္းပို႔စနစ္ျဖင့္ ေဆာင္ရြက္ေန
သြဂုတ် 3, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ၿမိဳ႕နယ္အသီးသီးတြင္ H1N1 ႀကိဳတင္ေဆာင္ရြက္မႈမ်ားကို ဇူလိုင္လ (၂၈)ရက္ေန႔ကတည္းက စတင္ျပဳလုပ္ေနၿပီး ေစာင့္ၾကပ္ၾကည့္ရႈ သတင္းပို႔စနစ္ျဖင့္ ေဆာင္ရြက္ေနၿပီး H1N1 ျဖစ္ပြားမႈ မရိွေသးေၾကာင္း သိရသည္။

“ H1N1 အသိပညာေပးလုပ္ငန္းေတြ လုပ္ထားပါတယ္။ အသိေပးေဆြးေႏြးပြဲေတြကိုလည္း H1N1 သတင္းစၾကားခ်ိန္ကတည္းက ျပဳလုပ္လာတာျဖစ္ပါတယ္။ အဓိကကေတာ့ ေရာဂါေစာင့္ၾကပ္ၾကည့္ရႈ သတင္းပို႔တဲ့စနစ္နဲ႔ ရွမ္း/ေျမာက္ တစ္ခုလံုးမွာ ျပဳလုပ္ေနပါတယ္။ ထူးျခားသတင္း ရရွိတာနဲ႔ ခ်က္ခ်င္းလုပ္ေဆာင္ရမယ့္ နည္းစနစ္ေတြကိုလည္း က်န္းမာေရးနဲ႔သက္ဆိုင္တဲ့ဌာနေတြကို အသိေပး ေဆြးေႏြးတာေတြ လုပ္ထားပါတယ္”ဟု ရွမ္းျပည္နယ္(ေျမာက္ပိုင္း)လားရိႈးခရိုင္ ျပည္သူ႔က်န္းမာေရး ဦးစီးဌာနမွဴး ( ေခတၱ- ျပည္နယ္ျပည္သူ႔က်န္းမာေရးဦးစီးဌာနမွဴး) ေဒါက္တာျမင့္ေက်ာ္က တာခ်ီလိတ္သတင္းေအဂ်င္စီ သို႔ ေျပာသည္။

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) မူဆယ္၊ ကြတ္ခိုင္၊ လားရိႈး၊ ေက်ာက္မဲႏွင့္ သီေပါၿမိဳ႕မ်ားတြင္ က်န္းမာေရး ဌာနမ်ားႏွင့္ ခ်ိတ္ဆက္၍ ရာသီတုပ္ေကြး ႏွင့္ ပတ္သက္သည့္ အသိပညာေပးေဆြးေႏြးျခင္းမ်ား၊ လက္ကမ္းစာေစာင္မ်ား ျဖန္႔ေဝျခင္းမ်ားအျပင္ အကယ္၍ ေရာဂါျဖစ္ပြားပါက ေရာဂါကူး စက္မႈထိန္းခ်ဳပ္ေရးႏွင့္ ေရာဂါေၾကာင့္ ေသဆံုးမႈ ေလွ်ာ့ခ်ေရးတို႔အတြက္ပါ ႀကိဳတင္ျပင္ဆင္ထားေၾကာင္း သိရသည္။

“ဒါေတြလုပ္ေဆာင္တဲ့ေနရာမွာ ေရာဂါေစာင့္ၾကပ္ၾကည့္ရႈျခင္း သတင္းပို႔စနစ္ေတြနဲ႔ ရွမ္း/ေျမာက္ ေဒသတစ္ခုလံုး ခ်ိတ္ဆက္ေဆာင္ရြက္ေနပါတယ္။ ရရွိလာတဲ့သတင္းေပၚမူတည္ၿပီး ခ်က္ခ်င္း လုပ္ေဆာင္ရမယ့္ နည္းစနစ္ေတြ ကိုလည္း ေဆာင္ရြက္ႏိုင္ဖို႔ျပင္ဆင္ထားပါတယ္။ ေစာင့္ၾကပ္ၾကည့္ရႈမႈနဲ႔ ေဆာင္ရြက္ၿပီးစီးမႈေတြကေန ရရွိလာတဲ့ အခ်က္အလက္ေတြကိုလည္း သက္ဆိုင္ရာအဆင့္ဆင့္ကို အခ်ိန္မီေပးပို႔လ်က္ရွိပါတယ္” ဟု ေခတၱ- ျပည္နယ္ျပည္သူ႔က်န္းမာေရးဦးစီးဌာနမွဴး ေဒါက္တာျမင့္ေက်ာ္က ေျပာသည္။

ေရာဂါကာကြယ္ေရးႏွင့္အသိပညာျပန္႔ပြားေရးဆိုင္ရာ လုပ္ေဆာင္ခ်က္မ်ားအေနျဖင့္ ၿမိဳ႕နယ္အသီးသီးမွ ဆရာဝန္ႀကီးမ်ားႏွင့္ေတြ႔ဆံုကာ ေရာဂါတိုက္ဖ်က္ေရးႏွင့္ ပတ္သက္၍ အရွိန္အဟုန္ျမႇင့္ေဆာင္ရြက္မႈမ်ား ျပဳလုပ္ႏိုင္ရန္ ေဆြးေႏြးထားၿပီးျဖစ္ေၾကာင္း ၎က ေျပာသည္။

“ရွမ္းျပည္နယ္(ေျမာက္ပိုင္း)အတြင္းက ေဆးရံုေဆးခန္းေတြမွာေတာ့ အဆုတ္လမ္းေၾကာင္း ပိုးဝင္သည့္လကၡဏာျပလူနာႏွင့္ ျပင္းထန္ကူးစက္တုပ္ေကြးေရာဂါ လူနာ ၊ H1N1 သံသယလူနာ တစ္ေယာက္မွမေတြ႔ရေသးပါဘူး။ ဒါေပမယ့္ ကြ်န္ေတာ္တို႔က်န္းမာေရးဌာနေတြအေနနဲ႔ကေတာ့ ႀကိဳတင္စီမံေဆာင္ရြက္မႈေတြ လုပ္ထားပါတယ္” ဟု ေခတၱ- ျပည္နယ္ျပည္သူ႔က်န္းမာေရးဦးစီးဌာနမွဴး ေဒါက္တာျမင့္ေက်ာ္က ေျပာသည္။

တုပ္ေကြးေရာဂါလကၡဏာသံသယရွိပါက နီးစပ္ရာ ေဆးရံုေဆးခန္းမ်ားတြင္ က်န္းမာေရး ကုသ ေစာင့္ေရွာက္မႈ ခံယူျခင္းဆိုင္ရာ အေလ့အက်င့္ ျမင့္မားလာေစရန္ အသိပညာေပး ေဆာင္ရြက္မႈမ်ား ျပဳလုပ္ေပးလ်က္ရွိၿပီး ျပင္းထန္ကူးစက္တုပ္ေကြးေရာဂါ သံသယလူနာေတြ႔ရွိပါက သီးျခား ခြဲျခား ကုသနည္းျဖင့္ ကုသေရးဦးစီးဌာနမ်ားတြင္ ႀကိဳတင္စီစဥ္ေဆာင္ရြက္မႈမ်ား ျပဳလုပ္ထားေၾကာင္း သိရသည္။

ခရို္င္ျပည္သူ႔က်န္းမာေရးဦးစီးဌာန၊ ၾကက္ေျခနီတပ္ဖြဲ႔မ်ား၊ INGO၊ NGO အဖြဲ႔မ်ားက လားရႈိးၿမိဳ႕ရွိ ၿမိဳ႕မေစ်း၊ တကၠသိုလ္(၃)ခု ႏွင့္ ပညာေရးေကာလိပ္၊ အစိုးရအထက္တန္းေက်ာင္းမ်ားတြင္ ၾသဂုတ္လ (၁)ရက္ေန႔က ပညာေပး လုပ္ငန္းမ်ား ေဆာင္ရြက္ခဲ့ေၾကာင္း သိရသည္။

သတင္း - ေနၿဖဳိးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) မြို့နယ်အသီးသီးတွင် H1N1 ကြိုတင်ဆောင်ရွက်မှုများကို ဇူလိုင်လ (၂၈)ရက်နေ့ကတည်းက စတင်ပြုလုပ်နပြေီး စောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ်ဖြင့် ဆောင်ရွက်နပြေီး H1N1 ဖြစ်ပွားမှု မရှိသေးကြောင်း သိရသည်။

“ H1N1 အသိပညာပေးလုပ်ငန်းတွေ လုပ်ထားပါတယ်။ အသိပေးဆွေးနွေးပွဲတွေကိုလည်း H1N1 သတင်းစကြားချိန်ကတည်းက ပြုလုပ်လာတာဖြစ်ပါတယ်။ အဓိကကတော့ ရောဂါစောင့်ကြပ်ကြည့်ရှု သတင်းပို့တဲ့စနစ်နဲ့ ရှမ်း/မြောက် တစ်ခုလုံးမှာ ပြုလုပ်နေပါတယ်။ ထူးခြားသတင်း ရရှိတာနဲ့ ချက်ချင်းလုပ်ဆောင်ရမယ့် နည်းစနစ်တွေကိုလည်း ကျန်းမာရေးနဲ့သက်ဆိုင်တဲ့ဌာနတွေကို အသိပေး ဆွေးနွေးတာတွေ လုပ်ထားပါတယ်”ဟု ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ( ခေတ္တ- ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး) ဒေါက်တာမြင့်ကျော်က တာချီလိတ်သတင်းအေဂျင်စီ သို့ ပြောသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်၊ ကွတ်ခိုင်၊ လားရှိုး၊ ကျောက်မဲနှင့် သီပေါမြို့များတွင် ကျန်းမာရေး ဌာနများနှင့် ချိတ်ဆက်၍ ရာသီတုပ်ကွေး နှင့် ပတ်သက်သည့် အသိပညာပေးဆွေးနွေးခြင်းများ၊ လက်ကမ်းစာစောင်များ ဖြန့်ဝခြေင်းများအပြင် အကယ်၍ ရောဂါဖြစ်ပွားပါက ရောဂါကူး စက်မှုထိန်းချုပ်ရေးနှင့် ရောဂါကြောင့် သေဆုံးမှု လျှော့ချရေးတို့အတွက်ပါ ကြိုတင်ပြင်ဆင်ထားကြောင်း သိရသည်။

“ဒါတွေလုပ်ဆောင်တဲ့နေရာမှာ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း သတင်းပို့စနစ်တွေနဲ့ ရှမ်း/မြောက် ဒေသတစ်ခုလုံး ချိတ်ဆက်ဆောင်ရွက်နေပါတယ်။ ရရှိလာတဲ့သတင်းပေါ်မူတည်ပြီး ချက်ချင်း လုပ်ဆောင်ရမယ့် နည်းစနစ်တွေ ကိုလည်း ဆောင်ရွက်နိုင်ဖို့ပြင်ဆင်ထားပါတယ်။ စောင့်ကြပ်ကြည့်ရှုမှုနဲ့ ဆောင်ရွက်ပြီးစီးမှုတွေကနေ ရရှိလာတဲ့ အချက်အလက်တွေကိုလည်း သက်ဆိုင်ရာအဆင့်ဆင့်ကို အချိန်မီပေးပို့လျက်ရှိပါတယ်” ဟု ခေတ္တ- ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော်က ပြောသည်။

ရောဂါကာကွယ်ရေးနှင့်အသိပညာပြန့်ပွားရေးဆိုင်ရာ လုပ်ဆောင်ချက်များအနဖြေင့် မြို့နယ်အသီးသီးမှ ဆရာဝန်ကြီးများနှင့်တွေ့ဆုံကာ ရောဂါတိုက်ဖျက်ရေးနှင့် ပတ်သက်၍ အရှိန်အဟုန်မြှင့်ဆောင်ရွက်မှုများ ပြုလုပ်နိုင်ရန် ဆွေးနွေးထားပြီးဖြစ်ကြောင်း၎င်းက ပြောသည်။

“ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းက ဆေးရုံဆေးခန်းတွေမှာတော့ အဆုတ်လမ်းကြောင်း ပိုးဝင်သည့်လက္ခဏာပြလူနာနှင့် ပြင်းထန်ကူးစက်တုပ်ကွေးရောဂါ လူနာ၊ H1N1 သံသယလူနာ တစ်ယောက်မှမတွေ့ရသေးပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ကျန်းမာရေးဌာနတွေအနေနဲ့ကတော့ ကြိုတင်စီမံဆောင်ရွက်မှုတွေ လုပ်ထားပါတယ်” ဟု ခေတ္တ- ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော်က ပြောသည်။

တုပ်ကွေးရောဂါလက္ခဏာသံသယရှိပါက နီးစပ်ရာ ဆေးရုံဆေးခန်းများတွင် ကျန်းမာရေး ကုသ စောင့်ရှောက်မှု ခံယူခြင်းဆိုင်ရာ အလေ့အကျင့် မြင့်မားလာစေရန် အသိပညာပေး ဆောင်ရွက်မှုများ ပြုလုပ်ပေးလျက်ရှိပြီး ပြင်းထန်ကူးစက်တုပ်ကွေးရောဂါ သံသယလူနာတွေ့ရှိပါက သီးခြား ခွဲခြား ကုသနည်းဖြင့် ကုသရေးဦးစီးဌာနများတွင် ကြိုတင်စီစဉ်ဆောင်ရွက်မှုများ ပြုလုပ်ထားကြောင်း သိရသည်။

ခရို်င်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့များ၊ INGO၊ NGO အဖွဲ့များက လားရှိုးမြို့ရှိ မြို့မဈေး၊ တက္ကသိုလ်(၃)ခု နှင့် ပညာရေးကောလိပ်၊ အစိုးရအထက်တန်းကျောင်းများတွင် သြဂုတ်လ (၁)ရက်နေ့က ပညာပေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~