ေက်ာက္မဲတြင္ H1N1 ႏွင့္ H5N1 ကင္းစင္ေၾကာင္း ၾကက္သားစားပြဲေတာ္က်င္းပ

ေက်ာက္မဲတြင္ H1N1 ႏွင့္ H5N1 ကင္းစင္ေၾကာင္း ၾကက္သားစားပြဲေတာ္က်င္းပ
သြဂုတ် 4, 2017
By Tachileik News Agency

ၾကက္ဥ၊ၾကက္သားစားသံုးျခင္းေၾကာင့္ ရာသီတုပ္ေကြး H1N1 မကူးစက္ႏုိင္ေၾကာင္းႏွင့္ ျပင္းထန္ ၾကက္တုပ္ေကြးေရာဂါ ေဒသတြင္း ကင္းစင္ေၾကာင္း အသိေပး လႈပ္ရွားမႈအျဖစ္ ရွမ္းျပည္နယ္ (ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕ တြင္ ၾသဂုတ္လ (၄)ရက္ေန႔၌ ေမြးျမဴေရးနွင့္ ကုသေရးဦးစီးဌာနက ဦးေဆာင္က်င္းပေၾကာင္း သိရသည္။

“အဓိကကေတာ့ ကြ်န္ေတာ္တို႔ ေက်ာက္မဲၿမိဳ႕နယ္အတြင္းမွာ ရာသီတုပ္ေကြးေရာဂါ H1N1 နဲ႔ ျပင္းထန္ ၾကက္တုပ္ေကြးေရာဂါ H5N1 ေတြ ကင္းစင္တဲ့အေၾကာင္း သက္ေသျပဖို႔ရယ္၊ ၾကက္ဥ၊ ၾကက္သား စားသံုးျခင္းေၾကာင့္ အဲဒီေရာဂါေတြ ကူးစက္မႈ မခံရႏိုင္ေၾကာင္း ျပသလိုတဲ့ အေနနဲ႔ ျပဳလုပ္တာျဖစ္ပါတယ္။ ၿမိဳ႕နယ္ က်န္းမာေရးဌာနေတြမွာလည္း စံုစမ္းမႈေတြ လုပ္ထားပါတယ္။ ေက်ာက္မဲၿမိဳ႕နယ္အတြင္းမွာ အဲဒီလို တုပ္ေကြးေရာဂါ သံသယျဖစ္စရာမရွိေသးဘူး လို႔ သိရပါတယ္”ဟု ေက်ာက္မဲၿမိဳ႕နယ္ ေမြးျမဴေရးႏွင့္ ကုသေရးဦးစီးဌာန ၿမိဳ႕နယ္ဦးစီးမွဴး ေဒါက္တာသန္႔ေဇာ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

စိုက္ပ်ိဳးေရး၊ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာနလက္ေအာက္ရွိ ေမြးျမဴေရးနွင့္ ကုသေရးဦးစီးဌာနႏွင့္ ၾကက္ေမြးျမဴေရးလုပ္ငန္းရွင္မ်ားပူးေပါင္း၍ ေက်ာက္မဲၿမိဳ႕ ဗဟိုေစ်းအနီးတြင္ ၾကက္ဥ အလံုးေရ (၃၅၀၀)ႏွင့္ ၾကက္ေၾကာ္ ပိႆာခ်ိန္ (၁၀၀)တို႔အားအခမဲ့ေဝငွေပးျပီး ၾကက္သားစားသံုးျခင္းေၾကာင့္ H1N1 မကူးစက္ႏိုင္ေႀကာင္း အသိေပးမႈလုပ္ေဆာင္ျခင္းျဖစ္ေႀကာင္း သိရသည္။

“ၾကက္ဥနဲ႔ ၾကက္သား စားသံုးမႈေၾကာင့္ အဲဒီေရာဂါေတြ ကူးစက္ခံရျခင္းမရွိဘူး ဆိုတာကို ရည္ရြယ္ၿပီး လုပ္ေဆာင္တာ ျဖစ္ပါတယ္။ စီပီကုမၸဏီက ဝန္ထမ္း(၃)ဦး ပူးေပါင္းပါဝင္ၿပီး လက္ကမ္း စာေစာင္ေတြ ေဝကူတာျဖစ္ပါတယ္”ဟု ေက်ာက္မဲၿမိဳ႕ Myanmar CP livestock Co.ltd မန္ေနဂ်ာ ကိုမ်ိဳးျမင့္ေဇာ္က ေျပာသည္။

အဆိုပါ အစီအစဥ္တြင္  ေန႔လယ္္(၁)နာရီခန္႔မွစ၍ ၾကက္ဥႏွင့္ၾကက္ေၾကာ္မ်ားေဝငွေပးခဲ့ရာ (၁)နာရီ ႏွင့္ (၁၅) မိနစ္ခန္႔တြင္ ၾကက္ဥႏွင့္ၾကက္ေၾကာ္မ်ား ကုန္သြားသည့္အတြက္ ကနဦး အစီအစဥ္အရ ၾကက္ဥ အလံုးေရ (၃၅၀၀)သာ စီစဥ္ထားေသာ္လည္း ေမြးျမဴေရးလုပ္ငန္းရွင္မ်ားမွ ထပ္မံလွဴဒါန္းသျဖင့္ စုစုေပါင္းအလံုး ေရ(၆၀၀၀)ခန္႔ ေဝငွေပးခဲ့ေၾကာင္း သိရသည္။

ဆက္လက္၍ ၾသဂုတ္လ(၅)ရက္ေန႔ ညေန(၄)နာရီခန္႔အခ်ိန္တြင္လည္း ေက်ာက္မဲၿမိဳ႕ အမွတ္(၈)ရပ္ကြက္ရွိ ႀကံ့ခိုင္ေရး ကားကြင္းအနီးတြင္ ယခုကဲ့သို႔ ထပ္မံျပဳလုပ္သြားရန္ စီစဥ္ထားေၾကာင္း သိရွိရသည္။

သတင္း၊ဓာတ္ပံု #ေနၿဖိဳးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ကြက်ဥ၊ကြက်သားစားသုံးခြင်းကြောင့် ရာသီတုပ်ကွေး H1N1 မကူးစက်နိုင်ကြောင်းနှင့် ပြင်းထန် ကြက်တုပ်ကွေးရောဂါ ဒေသတွင်း ကင်းစင်ကြောင်း အသိပေး လှုပ်ရှားမှုအဖြစ် ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့ တွင် သြဂုတ်လ (၄)ရက်နေ့၌ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ဦးဆောင်ကျင်းပကြောင်း သိရသည်။

“အဓိကကတော့ ကျွန်တော်တို့ ကျောက်မဲမြို့နယ်အတွင်းမှာ ရာသီတုပ်ကွေးရောဂါ H1N1 နဲ့ ပြင်းထန် ကြက်တုပ်ကွေးရောဂါ H5N1 တွေ ကင်းစင်တဲ့အကြောင်း သက်သပြေဖို့ရယ်၊ ကြက်ဥ၊ ကြက်သား စားသုံးခြင်းကြောင့် အဲဒီရောဂါတွေ ကူးစက်မှု မခံရနိုင်ကြောင်း ပြသလိုတဲ့ အနေနဲ့ ပြုလုပ်တာဖြစ်ပါတယ်။ မြို့နယ် ကျန်းမာရေးဌာနတွေမှာလည်း စုံစမ်းမှုတွေ လုပ်ထားပါတယ်။ ကျောက်မဲမြို့နယ်အတွင်းမှာ အဲဒီလို တုပ်ကွေးရောဂါ သံသယဖြစ်စရာမရှိသေးဘူး လို့ သိရပါတယ်”ဟု ကျောက်မဲမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာသန့်ဇော်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနလက်အောက်ရှိ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် ကြက်မွေးမြူရေးလုပ်ငန်းရှင်များပူးပေါင်း၍ ကျောက်မဲမြို့ ဗဟိုဈေးအနီးတွင် ကြက်ဥ အလုံးရေ (၃၅၀၀)နှင့် ကြက်ကြော် ပိဿါချိန် (၁၀၀)တို့အားအခမဲ့ဝေငှပေးပြီး ကြက်သားစားသုံးခြင်းကြောင့် H1N1 မကူးစက်နိုင်ကြောင်း အသိပေးမှုလုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

“ကြက်ဥနဲ့ ကြက်သား စားသုံးမှုကြောင့် အဲဒီရောဂါတွေ ကူးစက်ခံရခြင်းမရှိဘူး ဆိုတာကို ရည်ရွယ်ပြီး လုပ်ဆောင်တာ ဖြစ်ပါတယ်။ စီပီကုမ္ပဏီက ဝန်ထမ်း(၃)ဦး ပူးပေါင်းပါဝင်ပြီး လက်ကမ်း စာစောင်တွေ ဝေကူတာဖြစ်ပါတယ်”ဟု ကျောက်မဲမြို့ Myanmar CP livestock Co.ltd မန်နေဂျာ ကိုမျိုးမြင့်ဇော်က ပြောသည်။

အဆိုပါ အစီအစဉ်တွင် နေ့လယ်(၁)နာရီခန့်မှစ၍ ကြက်ဥနှင့်ကြက်ကြော်များဝေငှပေးခဲ့ရာ (၁)နာရီ နှင့် (၁၅) မိနစ်ခန့်တွင် ကြက်ဥနှင့်ကြက်ကြော်များ ကုန်သွားသည့်အတွက် ကနဦး အစီအစဉ်အရ ကြက်ဥ အလုံးရေ (၃၅၀၀)သာ စီစဉ်ထားသော်လည်း မွေးမြူရေးလုပ်ငန်းရှင်များမှ ထပ်မံလှူဒါန်းသဖြင့် စုစုပေါင်းအလုံး ရေ(၆၀၀၀)ခန့် ဝေငှပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ သြဂုတ်လ(၅)ရက်နေ့ ညနေ(၄)နာရီခန့်အချိန်တွင်လည်း ကျောက်မဲမြို့ အမှတ်(၈)ရပ်ကွက်ရှိ ကြံ့ခိုင်ရေး ကားကွင်းအနီးတွင် ယခုကဲ့သို့ ထပ်မံပြုလုပ်သွားရန် စီစဉ်ထားကြောင်း သိရှိရသည်။

သတင်း၊ဓာတ်ပုံ #နဖြေိုးမြင့် 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~