ေက်ာက္မဲၿမိဳ႕နယ္ ပါခါးေက်းရြာမွ ဖ်ားနာလူနာမ်ားအား ကြင္းဆင္းကုသစစ္ေဆးၿပီး တုပ္ေကြးလူနာ(၂)ဦးကို ေက်ာက္မဲေဆးရံုတြင္ စစ္ေဆးမည္

ေက်ာက္မဲၿမိဳ႕နယ္ ပါခါးေက်းရြာမွ ဖ်ားနာလူနာမ်ားအား ကြင္းဆင္းကုသစစ္ေဆးၿပီး တုပ္ေကြးလူနာ(၂)ဦးကို ေက်ာက္မဲေဆးရံုတြင္ စစ္ေဆးမည္
သြဂုတ် 9, 2017
By Tachileik News Agency

ရွမ္းျပည္နယ္ (ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕နယ္ ေတာ့ဆန္ေက်းရြာအုပ္စုရွိ ပါခါးေက်းရြာတြင္ ဖ်ားနာမႈ မ်ားျပားေနသည့္ အတြက္ ေက်ာက္မဲျပည္သူ႔ေဆးရံုမွ က်န္းမာေရးအဖြဲ႔သြား ေရာက္စစ္ေဆးခဲ့ၿပီး တုပ္ေကြးလူနာ (၂)ဦးအား လိုအပ္သည့္ စစ္ေဆးမႈမ်ားျပဳလုပ္ႏုိင္ရန္ ၾသဂုတ္လ(၉)ရက္ေန႔တြင္ ေက်ာက္မဲေဆးရံုသို႔ ေခၚထားေၾကာင္း သိရသည္။

“အကုန္လံုးက လူမမာေတြေတာ့ မဟုတ္ဘူး။ ကေလးေတြမ်ားတယ္။ ဖ်ားနာသူ (၁၇) ဦးထဲက အဖ်ားဆိုးတဲ့ (၅)ဦးကို စစ္ေဆးတဲ့အခါ အသက္(၁၀)ႏွစ္နဲ႔(၈)ႏွစ္အရြယ္ ကေလးႏွစ္ဦးမွာ A ေတြ႔တယ္။ ရာသီတုပ္ေကြး သံသယလို႔ပဲေျပာရဦးမွာပါ။ H1N1 ေတာ့မဟုတ္ေသးဘူး။ Type A မွာမွ အမ်ားႀကီး ရွိဦးမွာကိုး။ H ေတြ N ေတြက အမ်ားႀကီးဆိုေတာ့ အဲဒီထဲကမွ အေကာင္ေရ ျပန္ခြဲရဦးမွာဆိုေတာ့ ေလာေလာဆယ္ေတာ့ သံသယ လူနာအဆင့္ပဲ သတ္မွတ္ထားပါတယ္။ သူတို႔ကို ေက်ာက္မဲျပည္သူ႔ ေဆးရံုမွာ သီးသန္႔ကုသမႈေပးၿပီး သလိပ္ေတြဘာေတြ နမူနာယူမယ္။ ရန္ကုန္ကိုပို႔ၿပီး ဓာတ္ခြဲစစ္ေဆးဖို႔ လုပ္မွာျဖစ္ပါတယ္” ဟု ေက်ာက္မဲၿမိဳ႕ ျပည္သူ႔ေဆးရံုႀကီးမွ ေဆးရံုအုပ္ႀကီး ေဒါက္တာေအာင္ေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ရာသီတုပ္ေကြး ေရာဂါျဖစ္ေစေသာ ဗိုင္းရပ္စ္ပိုး အမ်ိဳးအစား (၃) မ်ိဳးျဖစ္သည့္ (Type A, B, C) ရွိသည့္အနက္ Seasonal Influenza Virus Type A ၏ အမ်ိဳးအစား ခြဲတစ္ခုျဖစ္သည့္ Subtype A(H1N1)pdm09 ေၾကာင့္ ယခုႏွစ္ ရာသီတုပ္ေကြးေရာဂါျဖစ္ပြားျခင္းျဖစ္ေၾကာင္း သိရသည္။

ေက်ာက္မဲၿမိဳ႕နယ္ ၊ ေတာ့ဆန္ေက်းရြာအုပ္စုရွိ ပါခါးေက်းရြာတြင္ ကေလးငယ္မ်ား အမ်ားအျပား ဖ်ားနာမႈရွိေနသည့္ ္ ၾသဂုတ္လ(၆)ရက္ႏွင့္(၇)ရက္ေန႔မ်ားတြင္ ေက်ာက္မဲရွိ က်န္းမာေရးအဖြဲ႔က သြားေရာက္စစ္ေဆးေပးခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

“ဖ်ားနာတဲ့သူကမ်ားေနတယ္ဆိုတဲ့ အတြက္ ကြ်န္ေတာ္တို႔ဆီကအဖြဲ႔ေတြက သြားၿပီးစစ္ေဆးေပးတာ။ ငွက္ဖ်ားတို႔ ေသြးလြန္တုပ္ေကြးတို႔ ျဖစ္ေနမလားဆိုၿပီး ေသြးေတြဘာေတြစစ္ေပးတာ။ အဲဒီမွာမွ (၁၀)ႏွစ္နဲ႔(၈)ႏွစ္ က်ားတစ္ဦး၊ မ တစ္ဦး ကေလး(၂)ေယာက္ကို စစ္ၾကည့္ေတာ့ လတ္တေလာ စမ္းသပ္တဲ့ သလိပ္စစ္တာေတြက တိက်မႈေတာ့ (၁၀၀)ရာခိုင္ႏႈန္းမရွိဘူးေပါ့။ H1N1 စစ္ေဆးတာကေတာ့ Negative ျဖစ္တာေပါ့။ ဒါေပမယ့္ A မွာက ပံုစံကြဲေတြအမ်ားႀကီးရွိတာဆိုေတာ့ အဲဒီလူနာ(၂)ဦးနဲ႔ မိသားစုေတြကို ေက်ာက္မဲေဆးရံုကို လာခိုင္းထားတယ္။ ေက်ာက္မဲေဆးရံုမွာ သီးသန္႔အေဆာင္မွာထားၿပီးေတာ့ ေစာင့္ၾကည့္စစ္ေဆးတာေတြ လုပ္မယ္။ ရန္ကုန္ကိုနမူနာေတြပို႔ၿပီး ဓာတ္ခြဲစစ္ေဆးၿပီး ရလဒ္ကိုေစာင့္ၾကည့္ရမွာျဖစ္ပါတယ္” ဟုေက်ာက္မဲၿမိဳ႕ ျပည္သူ႔ေဆးရံုမွ ေဆးရံုအုပ္ႀကီးက ေျပာသည္။

အဖ်ားေရာဂါျဖစ္ပြားေနသည့္ လူနာ(၁၇)ဦးမွ (၅)ဦးအား စစ္ေဆးရာတြင္ (၃)ဦးမွာ သာမန္ အဖ်ားေရာဂါျဖစ္ၿပီး က်န္(၂)ဦးမွာ A ေပၚေနသည့္အတြက္ တိက်သည့္ေဆးစစ္ခ်က္ရလဒ္မ်ားအား အခ်ိန္ႏွင့္တေျပးညီရယူႏိုင္ရန္ အဆိုပါေက်းရြာမွာ ေက်ာက္မဲၿမိဳ႕ႏွင့္ေဝးၿပီး လမ္းပန္းဆက္သြယ္ေရး၊ လံုၿခံဳေရးအေျခအေနအရ သြားလာရခက္ခဲသျဖင့္ ေက်ာက္မဲေဆးရံုတြင္ ေခၚေဆာင္ထားျခင္းျဖစ္ၿပီး ေက်းရြာမွ ဖ်ားနာသည့္လူနာမ်ားမွာလည္း သက္သာေနၿပီျဖစ္ေၾကာင္း သိရသည္။

သတင္း - ေနၿဖိဳးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာအုပ်စုရှိ ပါခါးကျေးရွာတွင် ဖျားနာမှု များပြားနေသည့် အတွက် ကျောက်မဲပြည်သူ့ဆေးရုံမှ ကျန်းမာရေးအဖွဲ့သွား ရောက်စစ်ဆေးခဲ့ပြီး တုပ်ကွေးလူနာ (၂)ဦးအား လိုအပ်သည့် စစ်ဆေးမှုများပြုလုပ်နိုင်ရန် သြဂုတ်လ(၉)ရက်နေ့တွင် ကျောက်မဲဆေးရုံသို့ ခေါ်ထားကြောင်း သိရသည်။

“အကုန်လုံးက လူမမာတွေတော့ မဟုတ်ဘူး။ ကလေးတွေများတယ်။ ဖျားနာသူ (၁၇) ဦးထဲက အဖျားဆိုးတဲ့ (၅)ဦးကို စစ်ဆေးတဲ့အခါ အသက်(၁၀)နှစ်နဲ့(၈)နှစ်အရွယ် ကလေးနှစ်ဦးမှာ A တွေ့တယ်။ ရာသီတုပ်ကွေး သံသယလို့ပဲပြောရဦးမှာပါ။ H1N1 တော့မဟုတ်သေးဘူး။ Type A မှာမှ အများကြီး ရှိဦးမှာကိုး။ H တွေ N တွေက အများကြီးဆိုတော့ အဲဒီထဲကမှ အကောင်ရေ ပြန်ခွဲရဦးမှာဆိုတော့ လောလောဆယ်တော့ သံသယ လူနာအဆင့်ပဲ သတ်မှတ်ထားပါတယ်။ သူတို့ကို ကျောက်မဲပြည်သူ့ ဆေးရုံမှာ သီးသန့်ကုသမှုပေးပြီး သလိပ်တွေဘာတွေ နမူနာယူမယ်။ ရန်ကုန်ကိုပို့ပြီး ဓာတ်ခွဲစစ်ဆေးဖို့ လုပ်မှာဖြစ်ပါတယ်” ဟု ကျောက်မဲမြို့ ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာအောင်အောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရာသီတုပ်ကွေး ရောဂါဖြစ်စေသော ဗိုင်းရပ်စ်ပိုး အမျိုးအစား (၃) မျိုးဖြစ်သည့် (Type A, B, C) ရှိသည့်အနက် Seasonal Influenza Virus Type A၏ အမျိုးအစား ခွဲတစ်ခုဖြစ်သည့် Subtype A(H1N1)pdm09 ကြောင့် ယခုနှစ် ရာသီတုပ်ကွေးရောဂါဖြစ်ပွားခြင်းဖြစ်ကြောင်း သိရသည်။

ကျောက်မဲမြို့နယ်၊ တော့ဆန်ကျေးရွာအုပ်စုရှိ ပါခါးကျေးရွာတွင် ကလေးငယ်များ အများအပြား ဖျားနာမှုရှိနေသည့်် သြဂုတ်လ(၆)ရက်နှင့်(၇)ရက်နေ့များတွင် ကျောက်မဲရှိ ကျန်းမာရေးအဖွဲ့က သွားရောက်စစ်ဆေးပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ဖျားနာတဲ့သူကများနေတယ်ဆိုတဲ့ အတွက် ကျွန်တော်တို့ဆီကအဖွဲ့တွေက သွားပြီးစစ်ဆေးပေးတာ။ ငှက်ဖျားတို့ သွေးလွန်တုပ်ကွေးတို့ ဖြစ်နေမလားဆိုပြီး သွေးတွေဘာတွေစစ်ပေးတာ။ အဲဒီမှာမှ (၁၀)နှစ်နဲ့(၈)နှစ် ကျားတစ်ဦး၊ မ တစ်ဦး ကလေး(၂)ယောက်ကို စစ်ကြည့်တော့ လတ်တလော စမ်းသပ်တဲ့ သလိပ်စစ်တာတွေက တိကျမှုတော့ (၁၀၀)ရာခိုင်နှုန်းမရှိဘူးပေါ့။ H1N1 စစ်ဆေးတာကတော့ Negative ဖြစ်တာပေါ့။ ဒါပေမယ့် A မှာက ပုံစံကွဲတွေအများကြီးရှိတာဆိုတော့ အဲဒီလူနာ(၂)ဦးနဲ့ မိသားစုတွေကို ကျောက်မဲဆေးရုံကို လာခိုင်းထားတယ်။ ကျောက်မဲဆေးရုံမှာ သီးသန့်အဆောင်မှာထားပြီးတော့ စောင့်ကြည့်စစ်ဆေးတာတွေ လုပ်မယ်။ ရန်ကုန်ကိုနမူနာတွေပို့ပြီး ဓာတ်ခွဲစစ်ဆေးပြီး ရလဒ်ကိုစောင့်ကြည့်ရမှာဖြစ်ပါတယ်” ဟုကျောက်မဲမြို့ ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီးက ပြောသည်။

အဖျားရောဂါဖြစ်ပွားနေသည့် လူနာ(၁၇)ဦးမှ (၅)ဦးအား စစ်ဆေးရာတွင် (၃)ဦးမှာ သာမန် အဖျားရောဂါဖြစ်ပြီး ကျန်(၂)ဦးမှာ A ပေါ်နေသည့်အတွက် တိကျသည့်ဆေးစစ်ချက်ရလဒ်များအား အချိန်နှင့်တပြေးညီရယူနိုင်ရန် အဆိုပါကျေးရွာမှာ ကျောက်မဲမြို့နှင့်ဝေးပြီး လမ်းပန်းဆက်သွယ်ရေး၊ လုံခြုံရေးအခြေအနေအရ သွားလာရခက်ခဲသဖြင့် ကျောက်မဲဆေးရုံတွင် ခေါ်ဆောင်ထားခြင်းဖြစ်ပြီး ကျေးရွာမှ ဖျားနာသည့်လူနာများမှာလည်း သက်သာနပြေီဖြစ်ကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့် 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~