ေက်ာက္မဲၿမိဳ႕တြင္ မူးယစ္ေဆးသံုးစြဲသူမ်ား ခိုေအာင္းေလ့ရိွသည့္ေနရာမ်ားအား ေတာနင္းရွာေဖြ

ေက်ာက္မဲၿမိဳ႕တြင္ မူးယစ္ေဆးသံုးစြဲသူမ်ား ခိုေအာင္းေလ့ရိွသည့္ေနရာမ်ားအား ေတာနင္းရွာေဖြ
သြဂုတ် 5, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕ႏွင့္အနီးဝန္းက်င္တြင္ မူးယစ္ေဆးဝါးသံုးစြဲသူမ်ား ခိုေအာင္းႏုိင္သည့္ ေနရာမ်ားအား ရဲတပ္ဖြဲ႔က ၾသဂုတ္လ (၅)ရက္ေန႔က ပိတ္ဆို႔ ရွာေဖြမႈမ်ား လုပ္ေဆာင္ ေနေၾကာင္း သိရသည္။

“အဓိကကေတာ့ ကြ်န္ေတာ္တို႔ အေနနဲ႔ ႀကိဳတင္ကာကြယ္မႈ အပိုင္းေလးေတြကို တိုးျမႇင့္လုပ္ေဆာင္ေနတယ္ဆိုတာ အမ်ားျပည္သူ သိေစခ်င္ပါတယ္။ မူးယစ္ေဆးက ဒီၿမိဳ႕မွာ က်ယ္ျပန္႔ေနတဲ့ ပံုစံမ်ိဳး မျဖစ္ေစခ်င္တဲ့ အတြက္ အခုလို ေတာနင္းရွာေဖြတာေတြကို လုပ္ေဆာင္ ရတာျဖစ္ပါတယ္ “ဟု ေက်ာက္မဲၿမိဳ႕မ ရဲတပ္ဖြဲ႔မွ နယ္ထိန္း ေခါင္းေဆာင္ ဒုရဲအုပ္ေကာင္းျမတ္ေက်ာ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေက်ာက္မဲၿမိဳ႕ လူေနရပ္ကြက္မ်ားအတြင္း လူေနထိုင္ျခင္းမရိွ၊ ရွင္းလင္းျခင္းမရိွဘဲ ပစ္ထားသည့္ လူေနၿခံဝန္းမ်ားတြင္ မူးယစ္ေဆးသံုးစြဲသူမ်ား လာေရာက္တတ္သျဖင့္ ေက်ာက္မဲၿမိဳ႕ရိွ ရပ္ကြက္ႀကီး(၉)ခုမွ တာဝန္က်နယ္ထိန္းမ်ား၊ ၿမိဳ႕မရဲတပ္ဖြဲ႔ဝင္မ်ား စုေပါင္းတပ္ဖြဲ႕ျဖင့္ ပိုက္စိပ္တိုက္ ရွာေဖြေနျခင္းမ်ားအား မၾကာခဏ ေဆာင္ရြက္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

“တေလာက ဒီေနရာကို ရဲေတြလာၾကည့္သြားတာရွိတယ္။ အဲဒီေနာက္ပိုင္း ဒီၿခံရဲ့ပိုင္ရွင္က ၿခံဝန္းအတြင္းက သစ္ပင္ႀကီးေတြ ၿခံဳႏြယ္ေတြကို ရွင္းလင္းလိုက္တယ္။ အေဆာက္အဦေဟာင္းတစ္ခုကိုလည္း ဖ်က္လိုက္တယ္။ ေဆးလာသံုးတဲ့သူေတြေတာ့ ေတာ္ေတာ္နည္းသြားတယ္”ဟု အမွတ္(၉)ရပ္ကြက္ ဆန္စက္ေဟာင္းအနီးတြင္ ေနထုိင္သူတစ္ဦးက ေျပာသည္။

ေက်ာက္မဲၿမိဳ႕ေပၚရပ္ကြက္မ်ားအျပင္ မူးယစ္ေဆးသံုးစြဲသူမ်ား လာေရာက္ေလ့ရိွသည္ဟုသိရသည့္ ေက်ာက္မဲ-မိုင္းေငါ့ အေဝးေျပးလမ္းေဘး သစ္ပင္ၿခံဳႏြယ္မ်ားရိွသည့္ေနရာႏွင့္ ေက်ာက္မဲၿမိဳ႕ အမွတ္(၁)ရပ္ကြက္ရိွ ဘာသာေပါင္းစံု သခၤ် ိဳင္းတို႔တြင္ ရွာေဖြစစ္ေဆးရာ မူးယစ္ေဆးသုံးစြဲေနသူကို မေတြ႕ရေသာ္လည္း မူးယစ္ေဆးသံုးစြဲထားသည့္ ေဆးထိုးအပ္မ်ားႏွင့္ ဆက္စပ္ပစၥည္းမ်ားကို ေတြ႔ခဲ့ရေၾကာင္း သိရသည္။

“တစ္ခါတေလက်ေတာ့လည္း အခုလိုေတာနင္း ရွာေဖြမႈေတြျပဳလုပ္ေနေပမယ့္ ဖမ္းဆီးစရာ မေတြ႔ခဲ့ရတာေတြလည္း ရွိတယ္။ ကံေတာ္ေတာ္ ဆိုးတဲ့သူေတြကေတာ့ ခုလိုေတာနင္းေနတဲ့အခ်ိန္ သူတို႔ သံုးစြဲေနက်ေနရာကိုလာရင္း ဆိုက္ဆုိက္ၿမိဳက္ၿမိဳက္ကို အဖမ္းခံရတာေပါ့”ဟု ရွာေဖြေရးျပဳလုပ္ေနသည့္ နယ္ထိန္းတစ္ဦးက ေျပာသည္။

ၾသဂုတ္လ (၅)ရက္ေန႔က ေတာနင္းရွာေဖြမႈတြင္ မူးယစ္ေဆး သံုးစြဲသူ၊ ေရာင္းဝယ္သူ ဖမ္းဆီးရမိျခင္း မရိွေသာ္လည္း ယင္းကဲ့သို႔ ေတာနင္းရွာေဖြမႈမ်ားအား ဆက္လက္လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။

“မူးယစ္ေဆးဝါးနဲ႔ ပတ္သက္ရင္ သံုးစြဲတဲ့သူေတြထက္ ေရာင္းခ်ေနတဲ့သူေတြကိုပဲ အဓိကထားၿပီး ဖမ္းေစခ်င္တယ္။ ေရာင္းတဲ့သူမရွိရင္ သံုးတဲ့သူနည္းသြားမယ္လို႔ ထင္တယ္။ လူေန ရပ္ကြက္ေတြထဲမွာ အဲဒီလို ေရာင္းၿပီး ေန ေနသူေတြအမ်ားႀကီးပဲ။ တခ်ိဳ႕က ရဲတပ္ဖြဲ႔ကို သတင္းေပးရင္ ကိုယ့္ဖက္ အႏၱရာယ္လွည့္လာမွာကို ေၾကာက္ေနၾကတယ္။ ကြ်န္ေတာ္ အေသအခ်ာေျပာရဲတယ္။ ဒီၿမိဳ႕မွာ မူးယစ္ေဆးဝါးနဲ႔ ကင္းတဲ့ရပ္ကြက္ တစ္ခုမွမရွိဘူး”ဟု အမွတ္(၂)ရပ္ကြက္ ေက်ာက္ေတာင္ရပ္တြင္ ေနထုိင္သူတစ္ဦးက ေျပာသည္။

ေက်ာက္မဲၿမိဳ႕တြင္ မူးယစ္ေဆးဝါးေရာင္းဝယ္သူမ်ားအား ရွာေဖြဖမ္းဆီးမႈမ်ားႏွင့္ မူးယစ္ေဆး သံုးစြဲသူမ်ားအား ေတာနင္းရွာေဖြမႈမ်ားကိုလည္း လုပ္ေဆာင္ေနၿပီး ရွာေဖြဖမ္းဆီးမႈႏွင့္ ႀကိဳတင္ ကာကြယ္မႈအား တစိုက္မတ္မတ္လုပ္ေဆာင္ေနေၾကာင္း ေက်ာက္မဲၿမိဳ႕မရဲတပ္ဖြဲ႕ထံမွ သိရသည္။

သတင္း/ဓာတ္ပံု - ေနၿဖိဳးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နှင့်အနီးဝန်းကျင်တွင် မူးယစ်ဆေးဝါးသုံးစွဲသူများ ခိုအောင်းနိုင်သည့် နေရာများအား ရဲတပ်ဖွဲ့က သြဂုတ်လ (၅)ရက်နေ့က ပိတ်ဆို့ ရှာဖွေမှုများ လုပ်ဆောင် နေကြောင်း သိရသည်။

“အဓိကကတော့ ကျွန်တော်တို့ အနေနဲ့ ကြိုတင်ကာကွယ်မှု အပိုင်းလေးတွေကို တိုးမြှင့်လုပ်ဆောင်နေတယ်ဆိုတာ အများပြည်သူ သိစေချင်ပါတယ်။ မူးယစ်ဆေးက ဒီမြို့မှာ ကျယ်ပြန့်နေတဲ့ ပုံစံမျိုး မဖြစ်စေချင်တဲ့ အတွက် အခုလို တောနင်းရှာဖွေတာတွေကို လုပ်ဆောင် ရတာဖြစ်ပါတယ် “ဟု ကျောက်မဲမြို့မ ရဲတပ်ဖွဲ့မှ နယ်ထိန်း ခေါင်းဆောင် ဒုရဲအုပ်ကောင်းမြတ်ကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျောက်မဲမြို့ လူနေရပ်ကွက်များအတွင်း လူနေထိုင်ခြင်းမရှိ၊ ရှင်းလင်းခြင်းမရှိဘဲ ပစ်ထားသည့် လူနခြေံဝန်းများတွင် မူးယစ်ဆေးသုံးစွဲသူများ လာရောက်တတ်သဖြင့် ကျောက်မဲမြို့ရှိ ရပ်ကွက်ကြီး(၉)ခုမှ တာဝန်ကျနယ်ထိန်းများ၊ မြို့မရဲတပ်ဖွဲ့ဝင်များ စုပေါင်းတပ်ဖွဲ့ဖြင့် ပိုက်စိပ်တိုက် ရှာဖွေနခြေင်းများအား မကြာခဏ ဆောင်ရွက်နခြေင်းဖြစ်ကြောင်း သိရသည်။

“တလောက ဒီနေရာကို ရဲတွေလာကြည့်သွားတာရှိတယ်။ အဲဒီနောက်ပိုင်း ဒီခြံရဲ့ပိုင်ရှင်က ခြံဝန်းအတွင်းက သစ်ပင်ကြီးတွေ ခြုံနွယ်တွေကို ရှင်းလင်းလိုက်တယ်။ အဆောက်အဦဟောင်းတစ်ခုကိုလည်း ဖျက်လိုက်တယ်။ ဆေးလာသုံးတဲ့သူတွေတော့ တော်တော်နည်းသွားတယ်”ဟု အမှတ်(၉)ရပ်ကွက် ဆန်စက်ဟောင်းအနီးတွင် နေထိုင်သူတစ်ဦးက ပြောသည်။

ကျောက်မဲမြို့ပေါ်ရပ်ကွက်များအပြင် မူးယစ်ဆေးသုံးစွဲသူများ လာရောက်လေ့ရှိသည်ဟုသိရသည့် ကျောက်မဲ-မိုင်းငေါ့ အဝေးပြေးလမ်းဘေး သစ်ပင်ခြုံနွယ်များရှိသည့်နေရာနှင့် ကျောက်မဲမြို့ အမှတ်(၁)ရပ်ကွက်ရှိ ဘာသာပေါင်းစုံ သင်္ချိုင်းတို့တွင် ရှာဖွေစစ်ဆေးရာ မူးယစ်ဆေးသုံးစွဲနေသူကို မတွေ့ရသော်လည်း မူးယစ်ဆေးသုံးစွဲထားသည့် ဆေးထိုးအပ်များနှင့် ဆက်စပ်ပစ္စည်းများကို တွေ့ခဲ့ရကြောင်း သိရသည်။

“တစ်ခါတလေကျတော့လည်း အခုလိုတောနင်း ရှာဖွေမှုတွပြေုလုပ်နေပေမယ့် ဖမ်းဆီးစရာ မတွေ့ခဲ့ရတာတွေလည်း ရှိတယ်။ ကံတော်တော် ဆိုးတဲ့သူတွေကတော့ ခုလိုတောနင်းနေတဲ့အချိန် သူတို့ သုံးစွဲနေကျနေရာကိုလာရင်း ဆိုက်ဆိုက်မြိုက်မြိုက်ကို အဖမ်းခံရတာပေါ့”ဟု ရှာဖွေရေးပြုလုပ်နေသည့် နယ်ထိန်းတစ်ဦးက ပြောသည်။

သြဂုတ်လ (၅)ရက်နေ့က တောနင်းရှာဖွေမှုတွင် မူးယစ်ဆေး သုံးစွဲသူ၊ ရောင်းဝယ်သူ ဖမ်းဆီးရမိခြင်း မရှိသော်လည်း ယင်းကဲ့သို့ တောနင်းရှာဖွေမှုများအား ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

“မူးယစ်ဆေးဝါးနဲ့ ပတ်သက်ရင် သုံးစွဲတဲ့သူတွေထက် ရောင်းချနေတဲ့သူတွေကိုပဲ အဓိကထားပြီး ဖမ်းစေချင်တယ်။ ရောင်းတဲ့သူမရှိရင် သုံးတဲ့သူနည်းသွားမယ်လို့ ထင်တယ်။ လူနေ ရပ်ကွက်တွေထဲမှာ အဲဒီလို ရောင်းပြီး နေ နေသူတွေအများကြီးပဲ။ တချို့က ရဲတပ်ဖွဲ့ကို သတင်းပေးရင် ကိုယ့်ဖက် အန္တရာယ်လှည့်လာမှာကို ကြောက်နကြေတယ်။ ကျွန်တော် အသေအချာပြောရဲတယ်။ ဒီမြို့မှာ မူးယစ်ဆေးဝါးနဲ့ ကင်းတဲ့ရပ်ကွက် တစ်ခုမှမရှိဘူး”ဟု အမှတ်(၂)ရပ်ကွက် ကျောက်တောင်ရပ်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

ကျောက်မဲမြို့တွင် မူးယစ်ဆေးဝါးရောင်းဝယ်သူများအား ရှာဖွေဖမ်းဆီးမှုများနှင့် မူးယစ်ဆေး သုံးစွဲသူများအား တောနင်းရှာဖွေမှုများကိုလည်း လုပ်ဆောင်နပြေီး ရှာဖွေဖမ်းဆီးမှုနှင့် ကြိုတင် ကာကွယ်မှုအား တစိုက်မတ်မတ်လုပ်ဆောင်နေကြောင်း ကျောက်မဲမြို့မရဲတပ်ဖွဲ့ထံမှ သိရသည်။

သတင်း/ဓာတ်ပုံ - နဖြေိုးမြင့် 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~