တာခ်ီလိတ္ခရုိင္ျပည္သူ႔ေဆးရံု၌ ေက်ာက္ကပ္ေဆးစက္တပ္ဆင္ရန္ လုိအပ္သည့္ ေရသန္႔စက္ ၀ယ္ယူေရးအတြက္ ေစတနာရွင္မ်ားမွ ေငြက်ပ္ သိန္း(၁၀၀)လွဴဒါန္း

တာခ်ီလိတ္ခရုိင္ျပည္သူ႔ေဆးရံု၌ ေက်ာက္ကပ္ေဆးစက္တပ္ဆင္ရန္ လုိအပ္သည့္ ေရသန္႔စက္ ၀ယ္ယူေရးအတြက္ ေစတနာရွင္မ်ားမွ ေငြက်ပ္ သိန္း(၁၀၀)လွဴဒါန္း
သြဂုတ် 30, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပုိင္း)တာခ်ီလိတ္ခရုိင္ျပည္သူ႔ေဆးရံုတြင္ ေစတနာရွင္ အလွဴရွင္မ်ားက ေက်ာက္ကပ္ ေဆးစက္အား ၀ယ္ယူ တပ္ဆင္ႏုိင္ေရးအတြက္ အလွဴေငြမ်ား လွဴဒါန္းထားၿပီးျဖစ္ေသာ္လည္း  အဆုိပါ ေက်ာက္ကပ္ေဆးစက္ တပ္ဆင္ရန္ လုိအပ္ေသာ R.O ေရသန္႔စက္၀ယ္ယူရန္ ေစတနာရွင္မ်ားမွ စုေပါင္း လွဴဒါန္းသည့္ အလွဴေငြေပးအပ္ပဲြကုိ  ၾသဂုတ္လ (၃၀)ရက္၊ နံနက္(၉)နာရီခဲြက တာခ်ီလိတ္ခရုိင္ ကုတင္(၁၀၀)ဆံ့ ျပည္သူ႔ေဆးရံုရွိ ခန္းမေဆာင္တြင္ ျပဳလုပ္ေၾကာင္း သိရသည္။

အဆိုပါ အခမ္းအနားတြင္  ခရုိင္စီမံခန္႔ခဲြမႈေကာ္မတီ ဥကၠ႒၊ ခရုိင္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္၀င္းေရႊ က အဖြင့္ႏႈတ္ခြန္း ဆက္စကားေျပာၾကားၿပီး၊ ခရုိင္က်န္းမာေရးဦးစီးဌာနမွဴး ၊ ခရုိင္ေဆးရံုအုပ္ႀကီး ေဒါက္တာ ဇင္ကုိကုိေအာင္က ေဆးရံုႏွင့္ပတ္သက္သည့္ အခ်က္အလက္မ်ား၊ ေက်ာက္ကပ္ေဆးစက္၀ယ္ယူမႈ၊ ယင္းစက္ တပ္ဆင္ရာတြင္ လုိအပ္မည့္ ေရသန္႔စက္၀ယ္ယူရရွိႏုိင္သည့္ အစီအစဥ္မ်ား၊ ေဒသ ေန ျပည္သူမ်ား က်န္းမာေရးေစာင့္ေရွာက္မႈ ပုိမုိရရွိမည့္ အေျခအေနမ်ားႏွင့္ လွဴဒါန္းေပးသည့္ အလွဴရွင္မ်ားအား ေက်းဇူးတင္စကား ေျပာၾကားသည္။

ယင္းေနာက္  ၿမဳိ႕မိၿမဳိ႕ဖ၊ ခရုိင္ၾကက္ေျခနီႀကီးၾကပ္မႈေကာ္မတီ ဥကၠ႒ ဦးၾကည္ျမင့္က  ယခင္ၿမဳိ႕နယ္ဖံြ႕ၿဖဳိး တုိးတက္ေရးအေထာက္အကူျပဳေကာ္မတီတြင္ ပါ၀င္သည့္ ေကာ္မတီ၀င္မ်ားက စုေဆာင္ထားခဲ့သည့္ က်န္ရွိ ရန္ပံုေငြမ်ားျဖင့္  ၿမဳိ႕နယ္အတြင္း ျပည္သူမ်ား၏ အက်ဳိးျဖစ္ထြန္းသည့္ ေနရာတြင္ သံုးစဲြရန္ သေဘာ တူညီမႈျဖင့္ အလွဴေငြမ်ားအား  လွဴဒါန္းျခင္းျဖစ္ေၾကာင္း ရွင္းလင္းတင္ျပသည္။

ဆက္လက္၍  ေက်ာက္ကပ္ေဆးစက္ တပ္ဆင္ရန္ လုိအပ္ေသာ ေရသန္႔စက္၀ယ္ယူရန္  ၿမဳိ႕မိၿမဳိ႕ဖမ်ားက အလွဴေငြက်ပ္သိန္း (၁၀၀)၊ လူနာေစာင့္မ်ားနားေနရန္ ေငြေတာင္မင္းကုမၸဏီက ေငြက်ပ္ ၃၇၆၀၀၀၀ တန္ဖုိးရွိ ထုိင္ခံုရွည္(၄၀)လံုး၊ ျမင့္ဦးေအာင္ကုမၸဏီ က ေငြက်ပ္ ၃၇၆၀၀၀၀ တန္ဖုိးရွိ ထုိင္ခံုရွည္ (၄၀)လံုး ႏွင့္ ခရုိင္ၾကက္ေျခနီႀကီးၾကပ္မႈေကာ္မတီ အား ကယ္ဆယ္ေရးေလွ၀ယ္ယူရန္ အလွဴေငြက်ပ္(၆)သိန္း တုိ႔ကို ေပးအပ္ လွဴဒါန္းရာ တာ၀န္ရွိသူမ်ားက လက္ခံရယူၿပီး၊ ဂုဏ္ျပဳမွတ္တမ္းလႊာမ်ား  ျပန္လည္ ေပးအပ္ခဲ့ေၾကာင္း သိရသည္။

၂၀၁၆ခုႏွစ္  ဒီဇင္ဘာလ (၂၁)ရက္ေန႔ နံနက္ပိုင္းက တာခ်ီလိတ္ေဆးရံုရွိ အစည္းအေ၀း ခန္းမတြင္   ေက်ာက္ကပ္ေဆးစက္ ၀ယ္ယူေရးအတြက္  ျမင့္ဦးေအာင္ကုမၸဏီမွ ဦးျမင့္ဦး(မုတ္ဆိတ္) မိသားစုက က်ပ္သိန္း (၁၀၀)၊ ဘုရင့္ေနာင္ပုဂၢလိကေစ်း ႏွင့္ ဟိုတယ္တာခ်ီလိတ္ ပိုင္ရွင္ ဦးထြန္းေနဦး မိသားစုက က်ပ္သိန္း(၅၀)၊ စိုင္းေလာ၀္ဟိန္းႏွင့္စိုင္း၀ဏၰသတၱဴတူးေဖာ္ေရးကုမၸဏီတို႔မွ ဦးတင္ႏြယ္ မိသားစုက က်ပ္သိန္း(၅၀)၊ ေတာ္၀င္ဆီပန္႔မွ ဦးၾကည္ျမင့္ မိသားစုက က်ပ္(၁၀)သိန္း ႏွင့္ အေဆြေတာ္မိသားစု (၂၄)နာရီအထူးကု ေဆးခန္း (ေရာဂါရွာေဖြေရး စင္တာ)ပိုင္ရွင္ ဦးတင္လႈိင္ မိသားစုက က်ပ္(၁၀)သိန္း အပါအ၀င္  စုစုေပါင္း က်ပ္သိန္း(၂၂၀)အား စုေပါင္း လွဴဒါန္းခဲ့ၾကရာ  ရွမ္းျပည္နယ္အစိုးရအဖြဲ႔၀င္၊ ျပည္နယ္စီမံကိန္းႏွင့္ စီးပြားေရး၀န္ႀကီး ဦးစိုးညႊန္႔လြင္ ႏွင့္ တာ၀န္ရွိသူမ်ားက လက္ခံေပးခဲ့ေၾကာင္း သိရွိရသည္။

သတင္း - ေ၀ယံလင္း



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံတွင် စေတနာရှင် အလှူရှင်များက ကျောက်ကပ် ဆေးစက်အား ဝယ်ယူ တပ်ဆင်နိုင်ရေးအတွက် အလှူငွေများ လှူဒါန်းထားပြီးဖြစ်သော်လည်း အဆိုပါ ကျောက်ကပ်ဆေးစက် တပ်ဆင်ရန် လိုအပ်သော R.O ရေသန့်စက်ဝယ်ယူရန် စေတနာရှင်များမှ စုပေါင်း လှူဒါန်းသည့် အလှူငွေပေးအပ်ပွဲကို သြဂုတ်လ (၃၀)ရက်၊ နံနက်(၉)နာရီခွဲက တာချီလိတ်ခရိုင် ကုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံရှိ ခန်းမဆောင်တွင် ပြုလုပ်ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ က အဖွင့်နှုတ်ခွန်း ဆက်စကားပြောကြားပြီး၊ ခရိုင်ကျန်းမာရေးဦးစီးဌာနမှူး၊ ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ ဇင်ကိုကိုအောင်က ဆေးရုံနှင့်ပတ်သက်သည့် အချက်အလက်များ၊ ကျောက်ကပ်ဆေးစက်ဝယ်ယူမှု၊ ယင်းစက် တပ်ဆင်ရာတွင် လိုအပ်မည့် ရေသန့်စက်ဝယ်ယူရရှိနိုင်သည့် အစီအစဉ်များ၊ ဒေသ နေ ပြည်သူများ ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုရရှိမည့် အခြေအနေများနှင့် လှူဒါန်းပေးသည့် အလှူရှင်များအား ကျေးဇူးတင်စကား ပြောကြားသည်။

ယင်းနောက် မြို့မိမြို့ဖ၊ ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးကြည်မြင့်က ယခင်မြို့နယ်ဖွံ့ဖြိုး တိုးတက်ရေးအထောက်အကူပြုကော်မတီတွင် ပါဝင်သည့် ကော်မတီဝင်များက စုဆောင်ထားခဲ့သည့် ကျန်ရှိ ရန်ပုံငွေများဖြင့် မြို့နယ်အတွင်း ပြည်သူများ၏ အကျိုးဖြစ်ထွန်းသည့် နေရာတွင် သုံးစွဲရန် သဘော တူညီမှုဖြင့် အလှူငွေများအား လှူဒါန်းခြင်းဖြစ်ကြောင်း ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ကျောက်ကပ်ဆေးစက် တပ်ဆင်ရန် လိုအပ်သော ရေသန့်စက်ဝယ်ယူရန် မြို့မိမြို့ဖများက အလှူငွေကျပ်သိန်း (၁၀၀)၊ လူနာစောင့်များနားနေရန် ငွေတောင်မင်းကုမ္ပဏီက ငွေကျပ် ၃၇၆၀၀၀၀ တန်ဖိုးရှိ ထိုင်ခုံရှည်(၄၀)လုံး၊ မြင့်ဦးအောင်ကုမ္ပဏီ က ငွေကျပ် ၃၇၆၀၀၀၀ တန်ဖိုးရှိ ထိုင်ခုံရှည် (၄၀)လုံး နှင့် ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီ အား ကယ်ဆယ်ရေးလှေဝယ်ယူရန် အလှူငွေကျပ်(၆)သိန်း တို့ကို ပေးအပ် လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူပြီး၊ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည် ပေးအပ်ခဲ့ကြောင်း သိရသည်။

၂၀၁၆ခုနှစ် ဒီဇင်ဘာလ (၂၁)ရက်နေ့ နံနက်ပိုင်းက တာချီလိတ်ဆေးရုံရှိ အစည်းအေဝး ခန်းမတွင် ကျောက်ကပ်ဆေးစက် ဝယ်ယူရေးအတွက် မြင့်ဦးအောင်ကုမ္ပဏီမှ ဦးမြင့်ဦး(မုတ်ဆိတ်) မိသားစုက ကျပ်သိန်း (၁၀၀)၊ ဘုရင့်နောင်ပုဂ္ဂလိကဈေး နှင့် ဟိုတယ်တာချီလိတ် ပိုင်ရှင် ဦးထွန်းနေဦး မိသားစုက ကျပ်သိန်း(၅၀)၊ စိုင်းလောဝ်ဟိန်းနှင့်စိုင်းဝဏ္ဏသတ္တူတူးဖော်ရေးကုမ္ပဏီတို့မှ ဦးတင်နွယ် မိသားစုက ကျပ်သိန်း(၅၀)၊ တော်ဝင်ဆီပန့်မှ ဦးကြည်မြင့် မိသားစုက ကျပ်(၁၀)သိန်း နှင့် အဆွေတော်မိသားစု (၂၄)နာရီအထူးကု ဆေးခန်း (ရောဂါရှာဖွေရေး စင်တာ)ပိုင်ရှင် ဦးတင်လှိုင် မိသားစုက ကျပ်(၁၀)သိန်း အပါအဝင် စုစုပေါင်း ကျပ်သိန်း(၂၂၀)အား စုပေါင်း လှူဒါန်းခဲ့ကြရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွှန့်လွင် နှင့် တာဝန်ရှိသူများက လက်ခံပေးခဲ့ကြောင်း သိရှိရသည်။

သတင်း -ေဝယံလင်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~