မန္ဆန္ - စဥ့္အင္လမ္းပိုင္း ေတာင္ၿပိဳသျဖင့္ လားရိႈး - မႏၲေလး စာပို႔ရထား လမ္းပိတ္မိေန

မန္ဆန္ - စဥ့္အင္လမ္းပိုင္း ေတာင္ၿပိဳသျဖင့္ လားရိႈး - မႏၲေလး စာပို႔ရထား လမ္းပိတ္မိေန
သြဂုတ် 26, 2017
By Tachileik News Agency

ရွမ္းျပည္နယ္ (ေျမာက္ပိုင္း) လားရိႈးမွ မႏၲေလးသို႔ ၾသဂုတ္လ(၂၆)ရက္ နံနက္ပိုင္းက ထြက္ခြာလာသည့္ စာပို႔ရထားတစ္စီး မန္ဆန္-စဥ့္အင္လမ္းပိုင္းတြင္ ေတာင္ၿပိဳသျဖင့္ လမ္းပိတ္ေနသည့္ အတြက္ ခရီးသည္မ်ားအား ရထားေျပာင္းေပးရန္ စီစဥ္ ေဆာင္ရြက္ေနေၾကာင္း သိရသည္။

လားရိႈးၿမိဳ႕ လားရိႈးဘူတာမွ ထြက္ခြာလာသည့္ အတြဲ(၇)တြဲ ပါဝင္ၿပီး ခရီးသည္(၃၀)ဦးခန္႔ တင္ေဆာင္လာေသာ စာပို႔ရထား တစ္စီးသည္ လားရိႈးၿမိဳ႕နယ္ မန္ဆန္ဘူတာႏွင့္ သီေပါၿမိဳ႕နယ္ စဥ့္အင္ဘူတာအၾကားတြင္ ေတာင္ၿပိဳက်မႈေၾကာင့္ ရထားလမ္းပိတ္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

“ဒီေန႔ေတာ့ လမ္းျပန္ပြင့္ေအာင္လုပ္ေနတယ္လို႔ သိရပါတယ္။ ႏွစ္ဖက္ရထားေတြ အနီးဆံုးထိသြားၿပီး ခရီးသည္ခ်င္း ေျပာင္းမယ္လို႔ ကနဦး သတင္းရထားတယ္။ ရထားခ်င္းေတာ့မဆံုေသးဘူး။ လားရႈိးကလာတဲ့ရထားက အခု လက္ရွိအခ်ိန္ထိ မန္ဆန္ဘူတာမွာ ရပ္ထားေပးတယ္လို႔သိရတယ္။ လမ္းက ေတာ္ေတာ္နဲ႔ ပြင့္ဖို႔ခက္တယ္လို႔ သိရတယ္”ဟု မႏၱေလး-လားရိႈး ခရီးစဥ္ရထားမွ စက္ေခါင္းဗိုလ္ ဦးေအာင္သိန္းက တာခ်ီလိတ္သတင္းေအဂ်င္စီ သို႔ ေျပာသည္။

လားရိႈးဘူတာမွ ၾသဂုတ္လ (၂၆)ရက္ေန႔ နံနက္(၅)နာရီခြဲတြင္ ထြက္ခြာသြားသည့္ အမွတ္(၁၃၂)အစုန္ ရထားမွာ လားရႈိး-သီေပါ လမ္းပိုင္းတြင္ လမ္းပိတ္ဆို႔ေနေၾကာင္း နံနက္(၇)နာရီ(၁၀)မိနစ္တြင္ လားရိႈးဘူတာသို႔ သတင္းပို႔လာသည့္အတြက္ လမ္းျပန္ပြင့္ေရး စီစဥ္ေဆာင္ရြက္ေပးေနေသာ္လည္း ေတာင္ၿပိဳမႈေၾကာင့္ ပိတ္ဆို႔ေနသည့္ ေက်ာက္တံုးမ်ားမွာ ႀကီးမားသည့္အတြက္ နယ္ေျမခံ စစ္တပ္ အကူအညီရယူ၍ မိုင္းျဖင့္ခြဲကာ ရွင္းလင္းရန္ စီစဥ္ေနရျခင္းျဖစ္ေၾကာင္း လားရိႈးဘူတာရွိ အရာရွိတစ္ဦးက ေျပာသည္။

“မေန႔ညက မိုးသည္းထန္တဲ့အတြက္ ေတာင္ၿပိဳၿပီးေတာ့ ဒီမနက္ ရထားလမ္းပိတ္ေနတာျဖစ္ပါတယ္။ လားရိႈးကေန အတြဲ (၇)တြဲပါတဲ့ စာပို႔ / ခရီးသည္တင္ ရထားက အဲဒီေနရာမွာ ပိတ္မိေနတဲ့အတြက္ မန္ဆန္ ဘူတာကိုျပန္ၿပီး ရပ္နားထားရပါတယ္။ ေက်ာက္တံုးေတြက အရမ္းႀကီးတဲ့အတြက္ စစ္တပ္ကို အကူညီေတာင္းၿပီး မိုင္းခြဲ ရွင္းလင္းဖို႔ အခု လုပ္ေနပါတယ္။ ခရီးသည္ေတြကိုေတာ့ မႏၲေလးက လာတဲ့ရထားနဲ႔ ခရီးသည္ခ်ိန္းၿပီး ရထားေတြ ျပန္လွည့္ဖို႔ စီစဥ္ေပးသြားမွာပါ “ဟု လားရိႈးဘူတာမွ အရာရွိတစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီ သို႔ ေျပာသည္။

မိုးသည္းထန္မႈေၾကာင့္ ေတာင္ၿပိဳ၍ ရထားလမ္းပိတ္ျခင္းမွာ ရံဖန္ရံခါ ျဖစ္ေလ့ျဖစ္ထရွိေသာ္လည္း အခ်ိန္တိုအတြင္း လမ္းျပန္ပြင့္ရန္ ဖယ္ရွားႏုိင္ေလ့ရိွၿပီး ႏွစ္ဖက္ရထား ခရီးသည္ခ်င္း ေျပာင္းလဲေပးရမႈ မရွိသေလာက္နည္းပါးေၾကာင္း လားရႈိးဘူတာမွ သိရသည္။

သတင္း  - ေနၿဖိဳးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမှ မန္တလေးသို့ သြဂုတ်လ(၂၆)ရက် နံနက်ပိုင်းက ထွက်ခွာလာသည့် စာပို့ရထားတစ်စီး မန်ဆန်-စဉ့်အင်လမ်းပိုင်းတွင် တောင်ပြိုသဖြင့် လမ်းပိတ်နေသည့် အတွက် ခရီးသည်များအား ရထားပြောင်းပေးရန် စီစဉ် ဆောင်ရွက်နေကြောင်း သိရသည်။

လားရှိုးမြို့ လားရှိုးဘူတာမှ ထွက်ခွာလာသည့် အတွဲ(၇)တွဲ ပါဝင်ပြီး ခရီးသည်(၃၀)ဦးခန့် တင်ဆောင်လာသော စာပို့ရထား တစ်စီးသည် လားရှိုးမြို့နယ် မန်ဆန်ဘူတာနှင့် သီပေါမြို့နယ် စဉ့်အင်ဘူတာအကြားတွင် တောင်ပြိုကျမှုကြောင့် ရထားလမ်းပိတ်နခြေင်းဖြစ်ကြောင်း သိရသည်။

“ဒီနေ့တော့ လမ်းပြန်ပွင့်အောင်လုပ်နေတယ်လို့ သိရပါတယ်။ နှစ်ဖက်ရထားတွေ အနီးဆုံးထိသွားပြီး ခရီးသည်ချင်း ပြောင်းမယ်လို့ ကနဦး သတင်းရထားတယ်။ ရထားချင်းတော့မဆုံသေးဘူး။ လားရှိုးကလာတဲ့ရထားက အခု လက်ရှိအချိန်ထိ မန်ဆန်ဘူတာမှာ ရပ်ထားပေးတယ်လို့သိရတယ်။ လမ်းက တော်တော်နဲ့ ပွင့်ဖို့ခက်တယ်လို့ သိရတယ်”ဟု မန္တလေး-လားရှိုး ခရီးစဉ်ရထားမှ စက်ခေါင်းဗိုလ် ဦးအောင်သိန်းက တာချီလိတ်သတင်းအေဂျင်စီ သို့ ပြောသည်။

လားရှိုးဘူတာမှ သြဂုတ်လ (၂၆)ရက်နေ့ နံနက်(၅)နာရီခွဲတွင် ထွက်ခွာသွားသည့် အမှတ်(၁၃၂)အစုန် ရထားမှာ လားရှိုး-သီပေါ လမ်းပိုင်းတွင် လမ်းပိတ်ဆို့နေကြောင်း နံနက်(၇)နာရီ(၁၀)မိနစ်တွင် လားရှိုးဘူတာသို့ သတင်းပို့လာသည့်အတွက် လမ်းပြန်ပွင့်ရေး စီစဉ်ဆောင်ရွက်ပေးနေသော်လည်း တောင်ပြိုမှုကြောင့် ပိတ်ဆို့နေသည့် ကျောက်တုံးများမှာ ကြီးမားသည့်အတွက် နယ်မြေခံ စစ်တပ် အကူအညီရယူ၍ မိုင်းဖြင့်ခွဲကာ ရှင်းလင်းရန် စီစဉ်နေရခြင်းဖြစ်ကြောင်း လားရှိုးဘူတာရှိ အရာရှိတစ်ဦးက ပြောသည်။

“မနေ့ညက မိုးသည်းထန်တဲ့အတွက် တောင်ပြိုပြီးတော့ ဒီမနက် ရထားလမ်းပိတ်နေတာဖြစ်ပါတယ်။ လားရှိုးကနေ အတွဲ (၇)တွဲပါတဲ့ စာပို့ / ခရီးသည်တင် ရထားက အဲဒီနေရာမှာ ပိတ်မိနေတဲ့အတွက် မန်ဆန် ဘူတာကိုပြန်ပြီး ရပ်နားထားရပါတယ်။ ကျောက်တုံးတွေက အရမ်းကြီးတဲ့အတွက် စစ်တပ်ကို အကူညီတောင်းပြီး မိုင်းခွဲ ရှင်းလင်းဖို့ အခု လုပ်နေပါတယ်။ ခရီးသည်တွေကိုတော့ မန္တလေးက လာတဲ့ရထားနဲ့ ခရီးသည်ချိန်းပြီး ရထားတွေ ပြန်လှည့်ဖို့ စီစဉ်ပေးသွားမှာပါ “ဟု လားရှိုးဘူတာမှ အရာရှိတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီ သို့ ပြောသည်။

မိုးသည်းထန်မှုကြောင့် တောင်ပြို၍ ရထားလမ်းပိတ်ခြင်းမှာ ရံဖန်ရံခါ ဖြစ်လေ့ဖြစ်ထရှိသော်လည်း အချိန်တိုအတွင်း လမ်းပြန်ပွင့်ရန် ဖယ်ရှားနိုင်လေ့ရှိပြီး နှစ်ဖက်ရထား ခရီးသည်ချင်း ပြောင်းလဲပေးရမှု မရှိသလောက်နည်းပါးကြောင်း လားရှိုးဘူတာမှ သိရသည်။

သတင်း - နဖြေိုးမြင့် 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~