ရွမ္းျပည္နယ္အတြင္း ယာဥ္စည္းကမ္းလမ္းစည္းကမ္းေဖာက္ဖ်က္မႈမ်ားကို စက္တင္ဘာ ၁ ရက္မွစ၍ ျပင္းထန္စြာအေရးယူမည္

ရွမ္းျပည္နယ္အတြင္း ယာဥ္စည္းကမ္းလမ္းစည္းကမ္းေဖာက္ဖ်က္မႈမ်ားကို စက္တင္ဘာ ၁ ရက္မွစ၍ ျပင္းထန္စြာအေရးယူမည္
သြဂုတ် 22, 2017
By Tachileik News Agency

ရွမ္းျပည္နယ္အတြင္း ယာဥ္စည္းကမ္း လမ္းစည္းကမ္းလိုက္နာေရး ပညာေပးကို ၾသဂုတ္လ(၃၁)ရက္ေန႔အထိ ေဆာင္ရြက္မည္ျဖစ္ၿပီး စက္တင္ဘာလ(၁)ရက္ေန႔မွစ၍ စည္းကမ္းမဲ့ယာဥ္မ်ားကို ထိေရာက္ ျပင္းထန္ေသာ အေရးယူမႈ ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

“ရွမ္းျပည္နယ္အတြင္းမွာရွိတဲ့ ျပည္သူေတြ ယာဥ္စည္းကမ္းလမ္းစည္းကမ္း လိုက္နာဖို႔အတြက္ကို ပညာေပး ေဆာင္ရြက္တာ ျဖစ္ပါတယ္။ ပညာေပးကာလကို ၾသဂုတ္လ တစ္လလံုးကို ပညာေပးကာလ သတ္မွတ္ ထားပါတယ္။ စက္တင္ဘာလ(၁)ရက္ေန႔ကစၿပီးေတာ့ ထိေရာက္ ျပင္းထန္တဲ့ အေရးယူမႈေတြနဲ႕ ၂၀၁၅ ခုႏွစ္ ေမာ္ေတာ္ယာဥ္ ဥပေဒအရ စတင္ေဆာင္ရြက္သြားမွာပါ။ စည္းကမ္းမဲ့ယာဥ္ေတြ႕လို႔ရွိရင္ စည္းကမ္းပ်က္ ယာဥ္ထဲမွာ လိုင္စင္လည္းမပါဘူးဆိုရင္ စည္းကမ္းပ်က္တာကတစ္မႈ၊ လိုင္စင္မရွိတာက တစ္မႈ ႏွစ္မႈ ျဖစ္သြားမွာပါ။ ရွမ္းျပည္နယ္အတြင္းမွာဆိုရင္ ေမာ္ေတာ္ယာဥ္ အသံုးျပဳတဲ့ သူေတြမ်ားပါတယ္။ ယာဥ္စည္းကမ္းေတြနဲ႕ ပတ္သက္ၿပီးေတာ့လည္း ေက်းလက္ေဒသ အထိပညာ ေပးေဆာင္ရြက္မႈေတြ ဆက္တိုက္ျပဳလုပ္ေနပါတယ္” ဟု အမွတ္ (၁၈)ယာဥ္ထိန္းရဲ ဒုတပ္ဖြဲ႕ခြဲ( ရွမ္း/ေတာင္ ) မွ ရဲမွဴး မ်ဳိးေဇာ္ေအာင္ က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ရွမ္းျပည္နယ္ (ေတာင္ပိုင္း)တြင္ ယာဥ္စည္းကမ္းလမ္းစည္ကမ္း အသိပညာေပးေဆာင္ရြက္မႈမ်ားကို ၂၀၁၆ ခုႏွစ္တြင္ (၂၇၅) ႀကိမ္ႏွင့္ ၂၀၁၇ ခုႏွစ္ ၾသဂုတ္လ (၂၁)ရက္ေန႔အထိ (၁၈၉) ႀကိမ္ ေဆာင္ရြက္ ထားေၾကာင္း သိရသည္။

စည္းကမ္းပ်က္ယာဥ္အေရးယူေဆာင္ရြက္ထားရိွမႈမွာ ၂၀၁၆ ခုႏွစ္တြင္ ကား (၂၄၀)စီးႏွင့္ ဆိုင္ကယ္(၄၅၄)စီး၊၂၀၁၇ ခုႏွစ္အတြင္း ၾသဂုတ္(၂၁)ရက္ေန႔အထိ ကား(၁၉၄)စီးႏွင့္ ဆိုင္ကယ္(၃၃၃)စီးတို႔ျဖစ္ၿပီး ယာဥ္မေတာ္တဆျဖစ္ပြားမႈမွာ ၂၀၁၆ ခုႏွစ္တြင္ (၄၅၁)မႈ၊၂၀၁၇ခုႏွစ္အတြင္း ၾသဂုတ္လ (၂၁)ရက္ေန႔ထိ (၂၈၅)မႈ ျဖစ္ပြားေၾကာင္းသိရသည္။

“လိုင္စင္မဲ့ ယာဥ္နဲ႕ ပတ္သက္ရင္ေတာ့ အမ်ားျပည္သူဆိုင္ရာမွာ သံုးစြဲခြင့္ မရွိပါဘူး။ စည္းကမ္းမဲ့ ယာဥ္ထဲမွာ လိုင္စင္မဲ့ယာဥ္ေတြပါလာရင္ ဥပေဒအရ အေရးယူေဆာင္ရြက္သြားမွာပါ။ ပညာေပး အစီအစဥ္ေတြမွာ ျပည္သူေတြကေတာ့ ၈၀ ရာခုိင္ႏႈန္းေလာက္ေတာ့ လိုက္နာၾကပါတယ္။ အဓိကကေတာ့ ယာဥ္ထိန္းရဲ ရွိရွိ/မရွိရွိ မိမိရဲ႕ အသက္အႏၱရာယ္ကာကြယ္ဖို႕ အေရးႀကီးပါတယ္” ဟု အမွတ္ (၁၈)ယာဥ္ထိန္းရဲ ဒုတပ္ဖြဲ႕ခြဲ( ရွမ္း/ေတာင္ ) မွ ရဲမွဴး မ်ဳိးေဇာ္ေအာင္က ေျပာသည္။

ေတာင္ႀကီးၿမိဳ႕တြင္ ၾသဂုတ္လ (၂၂) ရက္ေန႔က ဗိုလ္ခ်ဳပ္မင္းလမ္းမ၊ ျမင္းရုပ္ေရွ႕တြင္ အမွတ္(၁၈)ယာဥ္ထိန္းတပ္ဖြဲ႕မွ ဦးေဆာင္၍ ျမန္မာနိုင္ငံရဲတပ္ဖြဲ႕၊ ၿမိဳ႕နယ္စည္ပင္သာယာေရး၊ ကညန၊ မီးသတ္တပ္ဖြဲ႕၊ၿမိဳ႕နယ္ေထြ/အုပ္တို႔မွ အင္အား(၃၀)ျဖင့္ ယာဥ္စည္းကမ္း၊လမ္းစည္းကမ္း အသိပညာေပးလက္ကမ္းစာေစာင္ (၂၀၀၀) ျဖန္႔ေ၀ခဲ့ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ႏိုႏို


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အတွင်း ယာဉ်စည်းကမ်း လမ်းစည်းကမ်းလိုက်နာရေး ပညာပေးကို သြဂုတ်လ(၃၁)ရက်နေ့အထိ ဆောင်ရွက်မည်ဖြစ်ပြီး စက်တင်ဘာလ(၁)ရက်နေ့မှစ၍ စည်းကမ်းမဲ့ယာဉ်များကို ထိရောက် ပြင်းထန်သော အရေးယူမှု ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

“ရှမ်းပြည်နယ်အတွင်းမှာရှိတဲ့ ပြည်သူတွေ ယာဉ်စည်းကမ်းလမ်းစည်းကမ်း လိုက်နာဖို့အတွက်ကို ပညာပေး ဆောင်ရွက်တာ ဖြစ်ပါတယ်။ ပညာပေးကာလကို သြဂုတ်လ တစ်လလုံးကို ပညာပေးကာလ သတ်မှတ်ထားပါတယ်။ စက်တင်ဘာလ(၁)ရက်နေ့ကစပြီးတော့ ထိရောက် ပြင်းထန်တဲ့ အရေးယူမှုတွေနဲ့ ၂၀၁၅ ခုနှစ် မော်တော်ယာဉ် ဥပဒေအရ စတင်ဆောင်ရွက်သွားမှာပါ။ စည်းကမ်းမဲ့ယာဉ်တွေ့လို့ရှိရင် စည်းကမ်းပျက် ယာဉ်ထဲမှာ လိုင်စင်လည်းမပါဘူးဆိုရင် စည်းကမ်းပျက်တာကတစ်မှု၊ လိုင်စင်မရှိတာက တစ်မှု နှစ်မှု ဖြစ်သွားမှာပါ။ ရှမ်းပြည်နယ်အတွင်းမှာဆိုရင် မော်တော်ယာဉ် အသုံးပြုတဲ့ သူတွေများပါတယ်။ ယာဉ်စည်းကမ်းတွေနဲ့ ပတ်သက်ပြီးတော့လည်း ကျေးလက်ဒေသ အထိပညာ ပေးဆောင်ရွက်မှုတွေ ဆက်တိုက်ပြုလုပ်နေပါတယ်” ဟု အမှတ် (၁၈)ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲ( ရှမ်း/တောင် ) မှ ရဲမှူး မျိုးဇော်အောင် က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရှမ်းပြည်နယ် (တောင်ပိုင်း)တွင် ယာဉ်စည်းကမ်းလမ်းစည်ကမ်း အသိပညာပေးဆောင်ရွက်မှုများကို ၂၀၁၆ ခုနှစ်တွင် (၂၇၅) ကြိမ်နှင့် ၂၀၁၇ ခုနှစ် သြဂုတ်လ (၂၁)ရက်နေ့အထိ (၁၈၉) ကြိမ် ဆောင်ရွက် ထားကြောင်း သိရသည်။

စည်းကမ်းပျက်ယာဉ်အရေးယူဆောင်ရွက်ထားရှိမှုမှာ ၂၀၁၆ ခုနှစ်တွင် ကား (၂၄၀)စီးနှင့် ဆိုင်ကယ်(၄၅၄)စီး၊၂၀၁၇ ခုနှစ်အတွင်း သြဂုတ်(၂၁)ရက်နေ့အထိ ကား(၁၉၄)စီးနှင့် ဆိုင်ကယ်(၃၃၃)စီးတို့ဖြစ်ပြီး ယာဉ်မတော်တဆဖြစ်ပွားမှုမှာ ၂၀၁၆ ခုနှစ်တွင် (၄၅၁)မှု၊၂၀၁၇ခုနှစ်အတွင်း သြဂုတ်လ (၂၁)ရက်နေ့ထိ (၂၈၅)မှု ဖြစ်ပွားကြောင်းသိရသည်။

“လိုင်စင်မဲ့ ယာဉ်နဲ့ ပတ်သက်ရင်တော့ အများပြည်သူဆိုင်ရာမှာ သုံးစွဲခွင့် မရှိပါဘူး။ စည်းကမ်းမဲ့ ယာဉ်ထဲမှာ လိုင်စင်မဲ့ယာဉ်တွေပါလာရင် ဥပဒေအရ အရေးယူဆောင်ရွက်သွားမှာပါ။ ပညာပေး အစီအစဉ်တွေမှာ ပြည်သူတွေကတော့ ၈၀ ရာခိုင်နှုန်းလောက်တော့ လိုက်နာကြပါတယ်။ အဓိကကတော့ ယာဉ်ထိန်းရဲ ရှိရှိ/မရှိရှိ မိမိရဲ့ အသက်အန္တရာယ်ကာကွယ်ဖို့ အရေးကြီးပါတယ်” ဟု အမှတ် (၁၈)ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲ( ရှမ်း/တောင် ) မှ ရဲမှူး မျိုးဇော်အောင်က ပြောသည်။

တောင်ကြီးမြို့တွင် သြဂုတ်လ (၂၂) ရက်နေ့က ဗိုလ်ချုပ်မင်းလမ်းမ၊ မြင်းရုပ်ရှေ့တွင် အမှတ်(၁၈)ယာဉ်ထိန်းတပ်ဖွဲ့မှ ဦးဆောင်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေး၊ ကညန၊ မီးသတ်တပ်ဖွဲ့၊မြို့နယ်ထွေ/အုပ်တို့မှ အင်အား(၃၀)ဖြင့် ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း အသိပညာပေးလက်ကမ်းစာစောင် (၂၀၀၀) ဖြနေ့်ဝခဲ့ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - နိုနို 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~