သိန္းနီၿမိဳ႕နယ္ တိုးဂိတ္တြင္ ပဲႏို႔ဘူးမ်ားအတြင္း ထည့္သြင္းလာသည့္ စိတ္ႂကြေဆးျပား ဖမ္းဆီးရမိ

သိန္းနီၿမိဳ႕နယ္ တိုးဂိတ္တြင္ ပဲႏို႔ဘူးမ်ားအတြင္း ထည့္သြင္းလာသည့္ စိတ္ႂကြေဆးျပား ဖမ္းဆီးရမိ
သြဂုတ် 24, 2017
By Tachileik News Agency

ရွမ္းျပည္နယ္ (ေျမာက္ပိုင္း) သိန္းနီၿမိဳ႕နယ္ တိုးဂိတ္အနီးတြင္ ပူးေပါင္းစစ္ေဆးေရးအဖြဲ႕က ၾသဂုတ္လ (၂၃)ရက္ေန႔ နံနက္ (၉)နာရီ (၄၅)မိနစ္ခန္႔တြင္ ကြတ္ခုိင္ဘက္မွ သိန္းနီဘက္သို႔ ေမာင္းႏွင္လာသည့္ ဆိုင္ကယ္အား ရပ္တန္႔စစ္ေဆးရာမွ ပဲႏို႔ဘူးမ်ားအတြင္း ထည့္သြင္းလာသည့္ စိတ္ၾကြေဆးျပား (၅၀၀၀)အား ဖမ္းဆီးရမိေၾကာင္း သိရသည္။

မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕၊ တပ္ဖြဲ႕စု(၂၄)လားရွိုးမွ ရဲတပ္ဖြဲ႕ဝင္မ်ား၊ သိန္းနီၿမိဳ႕မရဲစခန္းမွ ရဲတပ္ဖြဲ႕ဝင္မ်ား၊ သိန္းနီစရဖမွ တပ္မေတာ္သားမ်ားႏွင့္ ပိန္းဆာျပည္သူ႔စစ္မွ တပ္ဖြဲ႕ဝင္တို႔ ပါဝင္သည့္ ပူးေပါင္းအဖြဲ႕သည္ သိန္းနီၿမိဳ႕နယ္ အိုရီယမ္တယ္ တိုးဂိတ္အနီးတြင္ ၾသဂုတ္လ (၂၃)ရက္ေန႔က စစ္ေဆးေနစဥ္ ကြတ္ခိုင္မွ သိန္းနီဘက္သို႔ ရန္ေကြဆန္းဆိုသူ ေမာင္းႏွင္လာသည့္ ဆိုင္ကယ္အား စစ္ေဆးရာ ဆိုင္ကယ္ခြၾကားတြင္ တင္ေဆာင္လာသည့္ ပဲနို႔ဘူးမ်ားအတြင္းမွ 88/1 စာတမ္းပါ စိတ္ႂကြေဆးျပား(၅၀၀၀)အား ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

မူးယစ္ေဆးမ်ားႏွင့္အတူ ဖမ္းဆီးရမိသည့္ ရန္ေကြဆန္းအား သိန္းနီၿမိဳ႕မရဲစခန္းတြင္ မယ (ပ)၃၇/၂၀၁၇၊ မူး/စိတ္ပုဒ္မ ၁၅/၁၉(က)/၂၁ျဖင့္ အမႈဖြင့္ စစ္ေဆးလ်က္ရွိေၾကာင္းသတင္းရရိွသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ် (မြောက်ပိုင်း) သိန်းနီမြို့နယ် တိုးဂိတ်အနီးတွင် ပူးပေါင်းစစ်ဆေးရေးအဖွဲ့က သြဂုတ်လ (၂၃)ရက်နေ့ နံနက် (၉)နာရီ (၄၅)မိနစ်ခန့်တွင် ကွတ်ခိုင်ဘက်မှ သိန်းနီဘက်သို့ မောင်းနှင်လာသည့် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာမှ ပဲနို့ဘူးများအတွင်း ထည့်သွင်းလာသည့် စိတ်ကြွဆေးပြား (၅၀၀၀)အား ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု(၂၄)လားရှိုးမှ ရဲတပ်ဖွဲ့ဝင်များ၊ သိန်းနီမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ သိန်းနီစရဖမှ တပ်မတော်သားများနှင့် ပိန်းဆာပြည်သူ့စစ်မှ တပ်ဖွဲ့ဝင်တို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် သိန်းနီမြို့နယ် အိုရီယမ်တယ် တိုးဂိတ်အနီးတွင် သြဂုတ်လ (၂၃)ရက်နေ့က စစ်ဆေးနေစဉ် ကွတ်ခိုင်မှ သိန်းနီဘက်သို့ ရန်ကွေဆန်းဆိုသူ မောင်းနှင်လာသည့် ဆိုင်ကယ်အား စစ်ဆေးရာ ဆိုင်ကယ်ခွကြားတွင် တင်ဆောင်လာသည့် ပဲနို့ဘူးများအတွင်းမှ 88/1 စာတမ်းပါ စိတ်ကြွဆေးပြား(၅၀၀၀)အား ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးများနှင့်အတူ ဖမ်းဆီးရမိသည့် ရန်ကွေဆန်းအား သိန်းနီမြို့မရဲစခန်းတွင် မယ (ပ)၃၇/၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်းသတင်းရရှိသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~