ေတာင္ႀကီးၿမိဳ႕တြင္ စည္ပင္သာယာေရးဌာန၏ ဘတ္ဂ်က္ျဖင့္ မီးပိြဳင့္(၃)ခု ထပ္မံတပ္ဆင္မည္

ေတာင္ႀကီးၿမိဳ႕တြင္ စည္ပင္သာယာေရးဌာန၏ ဘတ္ဂ်က္ျဖင့္ မီးပိြဳင့္(၃)ခု ထပ္မံတပ္ဆင္မည္
သြဂုတ် 26, 2017
By Tachileik News Agency

ရွမ္းျပည္နယ္ (ေတာင္ပိုင္း) ေတာင္ႀကီးၿမိဳ႕တြင္ ယာဥ္အႏၱရာယ္ကင္းရွင္းေစေရးအတြက္ မီးပြိဳင့္ (၃)ခုကို စည္ပင္သာယာေရးဌာန ဘတ္ဂ်က္ျဖင့္ ထပ္မံ တပ္ဆင္သြားမည္ျဖစ္ေၾကာင္း သိရသည္။

“အေရွ႕ၿမိဳ႕ပတ္လမ္းနဲ႔ ကေလးေဆးရံု လမ္းေထာင့္အေကြ႕ အထက(၁) ထိပ္ တည့္တည့္မွာရယ္။ ျမင္းရုပ္မွာ ရယ္၊ တကၠသိုလ္သံလမ္းနားမွာရယ္ မီးပိြဳင့္ေတြ တပ္ဆင္မွာပါ။ ဘာလို႔လဲဆိုေတာ့ အဲဒီမွာ ေက်ာင္းေတြလည္း ရွိတယ္။ အသြားအလာလည္း မ်ားတယ္။ မီးပြိဳင့္တပ္မွလည္း ကားဆိုင္ကယ္ေတြ သြားလာရတာ အဆင္ေျပသြားမွာပါ။ ျမင္းရုပ္နားမွာဆို ေအာက္ကတက္လာတဲ့ကားေတြ မ်ားတယ္။ အေကြ႕နားမွာဆို ကားႀကီးေတြလည္း ျဖတ္တယ္။ အသြားအလာလည္း အရမ္းရႈပ္တယ္ေလ။ မီးပိြဳင့္တပ္ဆင္ဖို႔ ကုန္က်ေငြကေတာ့ စည္ပင္ဘတ္ဂ်တ္ကပဲ ထုတ္သံုးမွာပါ။ (၃)ေနရာလံုး ကြင္းဆင္းစစ္ေဆးၿပီးၿပီ။ ေနရာလည္း တိုင္းတာၿပီးသြားၿပီ။ ေနာက္ (၁၀)ရက္ ေလာက္ဆို တပ္ဆင္ေတာ့မွာပါ”ဟု ေတာင္ႀကီးၿမိဳ႕နယ္ စည္ပင္သာယာေရးဌာနမွ အမႈေဆာင္အရာရွိ ဦးေအးကိုက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

လက္ရိွတြင္ ေတာင္ႀကီးၿမိဳ႕အတြင္း မီးပိြဳင့္(၈)ခု တပ္ဆင္ထားၿပီး ျမင္းရုပ္လမ္းဆံု၊ ၊တကၠသိုလ္သံလမ္းအနီး ႏွင့္ အထက(၁)အနီးတို႔တြင္ ထပ္မံတပ္ဆင္ရန္ စီစဥ္ေနျခင္းျဖစ္သည္။

"မီးပိြဳင့္ေတြ ထပ္တပ္ရင္ေတာ့ အရမ္းေကာင္းပါတယ္။ လမ္းစည္းကမ္းလည္း ရွိသြားတာေပါ့။ တခ်ဳိ႕က လမ္းဆံုေတြမွာဆို အရွိန္မေလွ်ာ့ဘဲ ေမာင္းတာေတြရွိတယ္။ တကၠသိုလ္ေက်ာင္းလမ္းဆံုနားေလးဆိုလည္း ေက်ာင္းအသြားအျပန္နဲ႕ ကားႀကီးေတြနဲ႕ အရမ္းရႈပ္ပါတယ္။ အဲဒီမွာတပ္ဆင္ေပးတယ္ဆိုေတာ့ ျပည္သူေတြလည္း အသြားအလာအဆင္ေျပၿပီး ယာဥ္တိုက္မႈေတြေလ်ာ့က်သြားမွာပါ” ဟု ေတာင္ႀကီးေဒသခံ တစ္ဦးက ေျပာသည္။

ေတာင္ႀကီးၿမိဳ႕တြင္ ယာဥ္အႏၱရာယ္ကင္းရွင္းေစေရးအတြက္ ယာဥ္ထိန္းတပ္ဖြဲ႕က အသိပညာေပး လုပ္ငန္းမ်ားကိုလည္း ေဆာင္ရြက္ေနၿပီး စည္းကမ္းမဲ့ယာဥ္မ်ားအား စက္တင္ဘာလ (၁)ရက္ေန႔မွစ၍ ျပင္းထန္စြာ အေရးယူသြားေတာ့မည္ျဖစ္ေၾကာင္း သိရသည္။

သတင္း - ႏိုႏို


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့တွင် ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် မီးပွိုင့် (၃)ခုကို စည်ပင်သာယာရေးဌာန ဘတ်ဂျက်ဖြင့် ထပ်မံ တပ်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။

“အရှေ့မြို့ပတ်လမ်းနဲ့ ကလေးဆေးရုံ လမ်းထောင့်အကွေ့ အထက(၁) ထိပ် တည့်တည့်မှာရယ်။ မြင်းရုပ်မှာ ရယ်၊ တက္ကသိုလ်သံလမ်းနားမှာရယ် မီးပွိုင့်တွေ တပ်ဆင်မှာပါ။ ဘာလို့လဲဆိုတော့ အဲဒီမှာ ကျောင်းတွေလည်း ရှိတယ်။ အသွားအလာလည်း များတယ်။ မီးပွိုင့်တပ်မှလည်း ကားဆိုင်ကယ်တွေ သွားလာရတာ အဆင်ပြေသွားမှာပါ။ မြင်းရုပ်နားမှာဆို အောက်ကတက်လာတဲ့ကားတွေ များတယ်။ အကွေ့နားမှာဆို ကားကြီးတွေလည်း ဖြတ်တယ်။ အသွားအလာလည်း အရမ်းရှုပ်တယ်လေ။ မီးပွိုင့်တပ်ဆင်ဖို့ ကုန်ကျငွေကတော့ စည်ပင်ဘတ်ဂျတ်ကပဲ ထုတ်သုံးမှာပါ။ (၃)နေရာလုံး ကွင်းဆင်းစစ်ဆေးပြီးပြီ။ နေရာလည်း တိုင်းတာပြီးသွားပြီ။ နောက် (၁၀)ရက် လောက်ဆို တပ်ဆင်တော့မှာပါ”ဟု တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးအေးကိုက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လက်ရှိတွင် တောင်ကြီးမြို့အတွင်း မီးပွိုင့်(၈)ခု တပ်ဆင်ထားပြီး မြင်းရုပ်လမ်းဆုံ၊တက္ကသိုလ်သံလမ်းအနီး နှင့် အထက(၁)အနီးတို့တွင် ထပ်မံတပ်ဆင်ရန် စီစဉ်နခြေင်းဖြစ်သည်။

"မီးပွိုင့်တွေ ထပ်တပ်ရင်တော့ အရမ်းကောင်းပါတယ်။ လမ်းစည်းကမ်းလည်း ရှိသွားတာပေါ့။ တချို့က လမ်းဆုံတွေမှာဆို အရှိန်မလျှော့ဘဲ မောင်းတာတွေရှိတယ်။ တက္ကသိုလ်ကျောင်းလမ်းဆုံနားလေးဆိုလည်း ကျောင်းအသွားအပြန်နဲ့ ကားကြီးတွေနဲ့ အရမ်းရှုပ်ပါတယ်။ အဲဒီမှာတပ်ဆင်ပေးတယ်ဆိုတော့ ပြည်သူတွေလည်း အသွားအလာအဆင်ပြပြေီး ယာဉ်တိုက်မှုတွေလျော့ကျသွားမှာပါ” ဟု တောင်ကြီးဒေသခံ တစ်ဦးက ပြောသည်။

တောင်ကြီးမြို့တွင် ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ယာဉ်ထိန်းတပ်ဖွဲ့က အသိပညာပေး လုပ်ငန်းများကိုလည်း ဆောင်ရွက်နပြေီး စည်းကမ်းမဲ့ယာဉ်များအား စက်တင်ဘာလ (၁)ရက်နေ့မှစ၍ ပြင်းထန်စွာ အရေးယူသွားတော့မည်ဖြစ်ကြောင်း သိရသည်။

သတင်း - နိုနို 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~