တာခ်ီလိတ္ၿမိဳ႕ေပၚ (၁၁)ရပ္ကြက္တြင္ ျပည္သူ႔စစ္ႏွင့္ ရပ္ကြက္အရန္မီးသတ္မ်ားအတြက္ လစဥ္ေငြေၾကးမ်ား မေကာက္ခံေတာ့ဟုဆို

တာခ်ီလိတ္ၿမိဳ႕ေပၚ (၁၁)ရပ္ကြက္တြင္ ျပည္သူ႔စစ္ႏွင့္ ရပ္ကြက္အရန္မီးသတ္မ်ားအတြက္ လစဥ္ေငြေၾကးမ်ား မေကာက္ခံေတာ့ဟုဆို
သြဂုတ် 8, 2017
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕ေပၚ ရပ္ကြက္မ်ားတြင္ ၾသဂုတ္လ(၈)ရက္ေန႔မွ စတင္ကာ ျပည္သူ႕စစ္၊ ရပ္ကြက္ အရန္မီးသတ္ေၾကးမ်ားကို ေကာက္ခံျခင္း မျပဳေတာ့ေၾကာင္း ႏွင့္ ဆက္လက္၍ ေကာက္ခံမႈမ်ား ျပဳလုပ္ပါက သက္ဆိုင္ရာ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးထံေသာ္လည္းေကာင္း၊ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးထံေသာ္ လည္းေကာင္း တိုင္ၾကားႏိုင္ေၾကာင္း သိရသည္။

"အရင္က ကြ်န္ေတာ္တို႔ ေကာက္တယ္ဆိုတာကလည္း ရပ္ကြက္လံုၿခံဳေရး တာ၀န္ယူေပးတဲ့ ျပည္သူ႔စစ္တို႔၊ ရပ္ကြက္အရန္မီးသတ္တို႔ကို လကုန္ရင္ လစာအေနနဲ႔ ခြဲေ၀ၿပီး ျပန္ေပးရတာပါ။ အဲ့လို ေကာက္ခံ ရရွိတာဆိုလည္း ကြ်န္ေတာ္တို႔အေနနဲ႔ သံုးစြဲျခင္း မရွိဘူး။ သူတို႔အတြက္ ရန္ပံုေငြအျဖစ္ ထားရွိတယ္။ ဘာရန္ပံုေငြလည္းဆိုရင္ သူတို႔ေတြရဲ႕ သာေရး၊ နာေရး န႔ဲ႔ သင္တန္းရွိတာေတြဆိုရင္ ဒီထဲကပဲ ထုတ္ေပးရတာမ်ဳိးေတြ အတြက္ပါ။ အခုေတာ့ တာခ်ီလိတ္ၿမိဳ႕ေပၚ (၁၁)ရပ္ကြက္လံုး ေကာက္ခံျခင္း မျပဳေတာ့ပါဘူး၊ ကြ်န္ေတာ္တို႔ မသိပဲ ေကာက္တာမ်ဳိး ၾကားရင္လည္း ရပ္ကြက္ရံုးကို တိုက္ရိုက္လာေရာက္ တိုင္ၾကားႏိုင္ပါတယ္"ဟု တာခ်ီလိတ္ၿမိဳ႕ ၀မ္ေကာင္းရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္းထြန္း၀င္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ရပ္ကြက္အတြင္း လံုၿခံဳေရး ႏွင့္ မွဳခင္းက်ဆင္းေရးအတြက္ တာ၀န္ယူထားရသည့္ ျပည္သူ႔စစ္မ်ား ႏွင့္ ရပ္ကြက္အရန္မီးသတ္တပ္ဖြဲ႔မ်ားအား ႏိုင္ငံေတာ္မွ လစာေပးထားျခင္း မရွိေၾကာင္းႏွင့္ သက္ဆုိင္ရာ ရပ္ကြက္ရံုးမ်ားက လစာအေနျဖင့္ ေပးထားရျခင္း ျဖစ္ေသာ္လည္း ယခုအခါမွာ ရန္ပံုေငြ ေကာက္ခံျခင္း မျပဳေတာ့ဟု သတ္မွတ္လိုက္ၿပီးေနာက္တြင္ ၎တို႔အေနျဖင့္ လစာရရွိျခင္း မရွိေတာ့သည့္အတြက္ ဆက္လက္၍ တာ၀န္ယူႏိုင္ျခင္း ရွိ/မရွိကုိ မသိရွိႏိုင္ေၾကာင္း ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး တစ္ဦးထံက သိရသည္၊

တာခ်ီလိတ္ၿမိဳ႕ေပၚတြင္ ရပ္ကြက္အေရအတြက္အရ ပုန္းထြန္၊ တာေလာ့၊ ၀မ္ေကာင္း၊ မကာဟိုခမ္း၊ မယ္ေခါင္၊ ဆန္ဆိုင္း(က)၊ ဆန္ဆိုင္း(ခ)၊ ရန္ေအာင္ေျမ၊ ပါဆတ္၊ ၀ိန္းေက်ာက္ ႏွင့္ ေဆခမ္း စသည့္ ရပ္ကြက္ေပါင္း (၁၁)ရပ္ကြက္ရွိသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့ပေါ် ရပ်ကွက်များတွင် သြဂုတ်လ(၈)ရက်နေ့မှ စတင်ကာ ပြည်သူ့စစ်၊ ရပ်ကွက် အရန်မီးသတ်ကြေးများကို ကောက်ခံခြင်း မပြုတော့ကြောင်း နှင့် ဆက်လက်၍ ကောက်ခံမှုများ ပြုလုပ်ပါက သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးထံသော်လည်းကောင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူးထံသော် လည်းကောင်း တိုင်ကြားနိုင်ကြောင်း သိရသည်။

"အရင်က ကျွန်တော်တို့ ကောက်တယ်ဆိုတာကလည်း ရပ်ကွက်လုံခြုံရေး တာဝန်ယူပေးတဲ့ ပြည်သူ့စစ်တို့၊ ရပ်ကွက်အရန်မီးသတ်တို့ကို လကုန်ရင် လစာအနေနဲ့ ခွဲဝပြေီး ပြန်ပေးရတာပါ။ အဲ့လို ကောက်ခံ ရရှိတာဆိုလည်း ကျွန်တော်တို့အနေနဲ့ သုံးစွဲခြင်း မရှိဘူး။ သူတို့အတွက် ရန်ပုံငွေအဖြစ် ထားရှိတယ်။ ဘာရန်ပုံငွေလည်းဆိုရင် သူတို့တွေရဲ့ သာရေး၊ နာရေး နဲ့ သင်တန်းရှိတာတွေဆိုရင် ဒီထဲကပဲ ထုတ်ပေးရတာမျိုးတွေ အတွက်ပါ။ အခုတော့ တာချီလိတ်မြို့ပေါ် (၁၁)ရပ်ကွက်လုံး ကောက်ခံခြင်း မပြုတော့ပါဘူး၊ ကျွန်တော်တို့ မသိပဲ ကောက်တာမျိုး ကြားရင်လည်း ရပ်ကွက်ရုံးကို တိုက်ရိုက်လာရောက် တိုင်ကြားနိုင်ပါတယ်"ဟု တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရပ်ကွက်အတွင်း လုံခြုံရေး နှင့် မှုခင်းကျဆင်းရေးအတွက် တာဝန်ယူထားရသည့် ပြည်သူ့စစ်များ နှင့် ရပ်ကွက်အရန်မီးသတ်တပ်ဖွဲ့များအား နိုင်ငံတော်မှ လစာပေးထားခြင်း မရှိကြောင်းနှင့် သက်ဆိုင်ရာ ရပ်ကွက်ရုံးများက လစာအနဖြေင့် ပေးထားရခြင်း ဖြစ်သော်လည်း ယခုအခါမှာ ရန်ပုံငွေ ကောက်ခံခြင်း မပြုတော့ဟု သတ်မှတ်လိုက်ပြီးနောက်တွင်၎င်းတို့အနဖြေင့် လစာရရှိခြင်း မရှိတော့သည့်အတွက် ဆက်လက်၍ တာဝန်ယူနိုင်ခြင်း ရှိ/မရှိကို မသိရှိနိုင်ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦးထံက သိရသည်၊

တာချီလိတ်မြို့ပေါ်တွင် ရပ်ကွက်အရေအတွက်အရ ပုန်းထွန်၊ တာလော့၊ ဝမ်ကောင်း၊ မကာဟိုခမ်း၊ မယ်ခေါင်၊ ဆန်ဆိုင်း(က)၊ ဆန်ဆိုင်း(ခ)၊ ရန်အောင်မြေ၊ ပါဆတ်၊ ဝိန်းကျောက် နှင့် ဆေခမ်း စသည့် ရပ်ကွက်ပေါင်း (၁၁)ရပ်ကွက်ရှိသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~