တာချီလိတ် - မယ်ဆိုင် မြို့နယ်အဆင့်နယ်ခြားကော်မတီ၏ အကြိမ် (၉၀)မြောက် အစည်းအဝေးတွင် မေးခွန်းပေါင်း (၃၉)ခု အပြန်အလှန် ဆွေးနွေး

တာချီလိတ် - မယ်ဆိုင် မြို့နယ်အဆင့်နယ်ခြားကော်မတီ၏ အကြိမ် (၉၀)မြောက် အစည်းအဝေးတွင် မေးခွန်းပေါင်း (၃၉)ခု အပြန်အလှန် ဆွေးနွေး
သွဂုတျ 9, 2017
By Tachileik News Agency

မြန်မာ - ထိုင်း၊ တာချီလိတ် - မယ်ဆိုင် မြို့နယ်အဆင့်နယ်ခြားကော်မတီ၏ အကြိမ်(၉၀)မြောက် အစည်းအဝေးအား သြဂုတ်လ(၉)ရက်နေ့ နံနက်ပိုင်းက ထိုင်းနိုင်ငံ၊ ချင်းရိုင်းခရိုင်၊ မယ်ဆိုင်မြို့နယ်ရှိ မဲခေါင်ဒယ်လ်တာ ဟိုတယ်တွင် ကျင်းပပြုလုပ်ရာ မြန်မာဘက်မှ မြို့နယ်အဆင့်နယ်ခြားကော်မတီ ဥက္ကဌ နှင့် လေ့လာသူများ အပါအ၀င် (၂၀)ဦး တက်ရောက်ပြီး အပြန်အလှန် မေးခွန်းပေါင်း(၃၉)ခု မေးမြန်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

အစည်းအဝေး မစတင်မီတွင် ထိုင်းဘက် ကော်မတီဝင်များမှ မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားတွင် မြန်မာဘက် ကော်မတီဝင်များနှင့် လေ့လာသူများအား လာရောက်ကြိုဆိုကြကာ တံတား အလယ်၌ အမှတ်တရပစ္စည်းများ အပြန်အလှန်ပေးအပ်ကြပြီးနောက် တာချီလိတ်မြို့ ရွှေနန်းတော် ကုန်တိုက်တွင် စစ်ဗျူဟာအဖွဲ့ အခြေချ(တာချီလိတ်) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးအေးမင်းဦး၊ မြန်မာဘက်မှ မြို့နယ်အဆင့်နယ်ခြားကော်မတီ ဥက္ကဌ ဒုတိယဗိုလ်မှူးကြီး အောင်သွင်ဦး၊ တာချီလိတ်ခရိုင် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ နှင့် တာဝန်ရှိသူများက ထိုင်းဘက် ကော်မတီ ၀င်များနှင့် ကနဦး အလွတ်သဘော ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် မယ်ဆိုင်မြို့နယ်ရှိ မဲခေါင်ဒယ်လ်တာဟိုတယ်တွင် တာချီလိတ် - မယ်ဆိုင် မြို့နယ် အဆင့်နယ်ခြားကော်မတီ၏ အကြိမ်(၉၀)မြောက် အစည်းအဝေးအား ကျင်းပပြုလုပ်ရာ မြန်မာဘက်မှ မြို့နယ်အဆင့်နယ်ခြားကော်မတီ ဥက္ကဌ ဒုတိယဗိုလ်မှူးကြီး အောင်သွင်ဦး ( အမှတ်(၅၂၆)ခြေမြန်တပ်ရင်းမှ တပ်ရင်းမှူး )နှင့် ကော်မတီဝင်များ၊ လေ့လာသူများအဖြစ် တာချီလိတ်ခရိုင် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ နှင့် ကော်မတီဝင်များ စုစုပေါင်း မြန်မာဘက်မှ (၂၀)ဦး တက်ရောက်ပြီး ထိုင်းဘက်မှ မြို့နယ်အဆင့်နယ်ခြားကော်မတီ ဥက္ကဌ ဗိုလ်မှူးကြီး ကီတားကွမ်း ကျန်းထရား ( အမှတ် ၃ လှုပ်ရှား ယန္တရားတပ် မှ ဗျုဟာမှူး ) နှင့် ကော်မတီဝင်များ စုစုပေါင်း (၅၁)ဦး တက်ရောက် ဆွေးနွေးခဲ့ကြောင်း သိရသည်။

အကြိမ်(၉၀)မြောက် မြန်မာ - ထိုင်း၊ တာချီလိတ် - မယ်ဆိုင် မြို့နယ်အဆင့်နယ်ခြားကော်မတီ ၏ အစည်းအဝေးတွင် ထိုင်းဘက်က မေးခွန်း(၁၅)ခု နှင့် မြန်မာဘက်က မေးခွန်(၂၄)ခု စုစုပေါင်း မေးခွန်းပေါင်း (၃၉)ခု အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးတွင် မြန်မာ - ထိုင်း နယ်ခြားတစ်လျှောက် ကိစ္စရပ်များ၊ မယ်ဆိုင်ချောင်းကိစ္စ၊ နှစ်နိုင်ငံ ထွက်ပြေးလွတ်မြောက် တရားခံများ ဖမ်းဆီးပေးရေး ကိစ္စ၊ နှစ်နိုင်ငံ မူခင်းရေးရာကိစ္စရပ်များတွင် အပြန်အလှန် ကူညီရေးကိစ္စရပ်များ၊ စီးပွားရေးကိစ္စရပ်များ စသည်တို့ကို ဆွေးနွေးကြကြောင်းနှင့် မြို့နယ်အဆင့်နယ်ခြားကော်မတီအား မြန်မာ နှင့် ထိုင်း အလှည့်ကျစနစ်ဖြင့် ကျင်းပပြုလုပ်လေ့ရှိကြောင်း သိရှိရသည်။


~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်း၊ တာချီလိတ် - မယ်ဆိုင် မြို့နယ်အဆင့်နယ်ခြားကော်မတီ၏ အကြိမ်(၉၀)မြောက် အစည်းအေဝးအား သြဂုတ်လ(၉)ရက်နေ့ နံနက်ပိုင်းက ထိုင်းနိုင်ငံ၊ ချင်းရိုင်းခရိုင်၊ မယ်ဆိုင်မြို့နယ်ရှိ မဲခေါင်ဒယ်လ်တာ ဟိုတယ်တွင် ကျင်းပပြုလုပ်ရာ မြန်မာဘက်မှ မြို့နယ်အဆင့်နယ်ခြားကော်မတီ ဥက္ကဌ နှင့် လေ့လာသူများ အပါအဝင် (၂၀)ဦး တက်ရောက်ပြီး အပြန်အလှန် မေးခွန်းပေါင်း(၃၉)ခု မေးမြန်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

အစည်းအေဝး မစတင်မီတွင် ထိုင်းဘက် ကော်မတီဝင်များမှ မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားတွင် မြန်မာဘက် ကော်မတီဝင်များနှင့် လေ့လာသူများအား လာရောက်ကြိုဆိုကြကာ တံတား အလယ်၌ အမှတ်တရပစ္စည်းများ အပြန်အလှန်ပေးအပ်ကြပြီးနောက် တာချီလိတ်မြို့ ရွှေနန်းတော် ကုန်တိုက်တွင် စစ်ဗျူဟာအဖွဲ့ အခြေချ(တာချီလိတ်) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးအေးမင်းဦး၊ မြန်မာဘက်မှ မြို့နယ်အဆင့်နယ်ခြားကော်မတီ ဥက္ကဌ ဒုတိယဗိုလ်မှူးကြီး အောင်သွင်ဦး၊ တာချီလိတ်ခရိုင် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ နှင့် တာဝန်ရှိသူများက ထိုင်းဘက် ကော်မတီ ဝင်များနှင့် ကနဦး အလွတ်သဘော ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် မယ်ဆိုင်မြို့နယ်ရှိ မဲခေါင်ဒယ်လ်တာဟိုတယ်တွင် တာချီလိတ် - မယ်ဆိုင် မြို့နယ် အဆင့်နယ်ခြားကော်မတီ၏ အကြိမ်(၉၀)မြောက် အစည်းအေဝးအား ကျင်းပပြုလုပ်ရာ မြန်မာဘက်မှ မြို့နယ်အဆင့်နယ်ခြားကော်မတီ ဥက္ကဌ ဒုတိယဗိုလ်မှူးကြီး အောင်သွင်ဦး ( အမှတ်(၅၂၆)ခြမြေန်တပ်ရင်းမှ တပ်ရင်းမှူး )နှင့် ကော်မတီဝင်များ၊ လေ့လာသူများအဖြစ် တာချီလိတ်ခရိုင် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ နှင့် ကော်မတီဝင်များ စုစုပေါင်း မြန်မာဘက်မှ (၂၀)ဦး တက်ရောက်ပြီး ထိုင်းဘက်မှ မြို့နယ်အဆင့်နယ်ခြားကော်မတီ ဥက္ကဌ ဗိုလ်မှူးကြီး ကီတားကွမ်း ကျန်းထရား ( အမှတ် ၃ လှုပ်ရှား ယန္တရားတပ် မှ ဗျုဟာမှူး ) နှင့် ကော်မတီဝင်များ စုစုပေါင်း (၅၁)ဦး တက်ရောက် ဆွေးနွေးခဲ့ကြောင်း သိရသည်။

အကြိမ်(၉၀)မြောက် မြန်မာ - ထိုင်း၊ တာချီလိတ် - မယ်ဆိုင် မြို့နယ်အဆင့်နယ်ခြားကော်မတီ၏ အစည်းအေဝးတွင် ထိုင်းဘက်က မေးခွန်း(၁၅)ခု နှင့် မြန်မာဘက်က မေးခွန်(၂၄)ခု စုစုပေါင်း မေးခွန်းပေါင်း (၃၉)ခု အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ အစည်းအေဝးတွင် မြန်မာ - ထိုင်း နယ်ခြားတစ်လျှောက် ကိစ္စရပ်များ၊ မယ်ဆိုင်ချောင်းကိစ္စ၊ နှစ်နိုင်ငံ ထွက်ပြေးလွတ်မြောက် တရားခံများ ဖမ်းဆီးပေးရေး ကိစ္စ၊ နှစ်နိုင်ငံ မူခင်းရေးရာကိစ္စရပ်များတွင် အပြန်အလှန် ကူညီရေးကိစ္စရပ်များ၊ စီးပွားရေးကိစ္စရပ်များ စသည်တို့ကို ဆွေးနွေးကြကြောင်းနှင့် မြို့နယ်အဆင့်နယ်ခြားကော်မတီအား မြန်မာ နှင့် ထိုင်း အလှည့်ကျစနစ်ဖြင့် ကျင်းပပြုလုပ်လေ့ရှိကြောင်း သိရှိရသည်။ 

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~