တာခ်ီလိတ္ - မယ္ဆိုင္၏ အႀကိမ္(၉၀)ေျမာက္ TBC အစည္းအေ၀းတြင္ နယ္စပ္ေခ်ာင္း ကိစၥအပါအ၀င္ ေဒသအတြင္း ကိစၥမ်ား ေဆြးေႏြး

တာခ်ီလိတ္ - မယ္ဆိုင္၏ အႀကိမ္(၉၀)ေျမာက္ TBC အစည္းအေ၀းတြင္ နယ္စပ္ေခ်ာင္း ကိစၥအပါအ၀င္ ေဒသအတြင္း ကိစၥမ်ား ေဆြးေႏြး
သြဂုတ် 10, 2017
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္  တာခ်ီလိတ္ၿမိဳ႕တြင္ မယ္ဆုိင္ေခ်ာင္းေရျမင့္တက္လာပါက နယ္စပ္ေခ်ာင္းရိွ ဂရင္းဆိပ္မွ အၾကြင္းအက်န္ အတားအဆီးမ်ားအား ျမန္မာဘက္မွ ဖယ္ရွားပစ္မည္ျဖစ္ၿပီး ေခ်ာင္းအတြင္း ဝါးျဖင့္ ေရတားလုပ္ရန္ ေဆြးေႏြးမည့္ ကိစၥအား ထုိင္းႏုိင္ငံအေနျဖင့္ ႏိုင္ငံျခားေရးဝန္ႀကီးဌာနသို႔တင္ျပရန္ ၾသဂုတ္လ (၉)ရက္ေန႔တြင္ ျပဳလုပ္သည့္ အစည္းအေဝးတြင္ ေဆြးေႏြးသေဘာတူလိုက္ေၾကာင္း သိရသည္။

“မယ္ဆုိင္ မယ္ေဟာက္ေခ်ာင္းကိစၥမွာေတာ့ မိုးတြင္းကာလမွာ ေရမ်ားလာတဲ့အတြက္ ထပ္ဖြင့္ေပးဖို႔နဲ႔ လိုအပ္ရင္ ဂရင္းဆိပ္ကိုပါ ဒီဘက္က ကိုယ့္အစီအစဥ္နဲ႔ကိုယ္ ဖယ္ရွားမယ္ဆိုတာ အသိိ ေပးခဲ့ႏုိင္ပါတယ္။ ဒီၾကားမွာေတာ့ သူတို႔က technical meeting လုပ္သြားဖို႔ ကမ္းလွမ္းထားပါတယ္။ သူတို႔က ဒီေခ်ာင္းထဲမွာ ဝါးနဲ႔ ဆည္လုပ္ခ်င္တာေပါ့။ technical meeting က ရလဒ္အေပၚ မူတည္ၿပီး လုပ္သင့္ မလုပ္သင့္ ဆက္ၿပီး စဥ္းစားဖို႔ သေဘာတူညီထားတဲ့အတိုင္း သူတို႔ဘက္က ကမ္းလွမ္းလာတာေပါ့။ မယ္ဆိုင္ မယ္ေဟာက္ေခ်ာင္း ႏွစ္ႏုိင္ငံ အသံုးခ်ေရးနဲ႔ ေရေၾကာင္းမေျပာင္းလဲေရး ေကာ္မတီကို ႏွစ္ႏုိင္ငံ သေဘာတူညီ ဖြဲ႕စည္းထားခဲ့တဲ့အထဲမွာ ဒီလို အစည္းအေဝးလုပ္ဖို႔ သေဘာတူထားၿပီးျဖစ္ပါတယ္။ ဒီအတြက္ေတာ့ ႏုိင္ငံျခားေရးဝန္ႀကီးဌာနကေနတစ္ဆင့္ သူတို႔တင္ျပဖို႔ သေဘာတူညီခဲ့တယ္”ဟု တာခ်ီလိတ္ခရိုင္ စီမံခန္႔ခြဲမႈ ေကာ္မတီ ဥကၠဌ၊ ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္၀င္းေရႊက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ထုိင္းႏုိင္ငံမွ လယ္သမားမ်ားက ေႏြရာသီ စိုက္ပ်ိဳးေရအတြက္ ျမန္မာ - ထုိင္းနယ္နိမိတ္ျဖစ္သည့္ မယ္ဆိုင္ မယ္ေဟာက္ေခ်ာင္းတြင္ တမံမ်ားပိတ္၍ ေရယူေလ့ရိွရာ မိုးရာသီေရတက္ခ်ိန္တြင္ တာခ်ီလိတ္ၿမိဳ႕၌ ေရႀကီးမႈကို ခံစားရေလ့ရိွသျဖင့္ ေခ်ာင္းအတြင္းမွ အတားအဆီးမ်ားအား ျမန္မာႏုိင္ငံဘက္မွ ဖယ္ရွားေနရျခင္း ျဖစ္သည္။

တာခ်ီလိတ္ - မယ္ဆိုင္ ၿမိဳ႕နယ္အဆင့္ ျမန္မာ - ထိုင္းနယ္ျခားေကာ္မတီ၏ အႀကိမ္(၉၀)ေျမာက္ အစည္းအေ၀းအား ၾသဂုတ္လ(၉)ရက္ေန႔က ထိုင္းႏိုင္ငံ၊ ခ်င္းရိုင္းခရိုင္၊ မယ္ဆိုင္ၿမိဳ႕နယ္ရွိ မဲေခါင္ဒယ္လ္္တာဟိုတယ္တြင္ က်င္းပရာ၌ ပံုမွန္ေဆြးေႏြးေနသည့္ အခ်က္အလက္မ်ားအျပင္ တာခ်ီလိတ္ႏွင့္ မယ္ဆိုင္ ႏွစ္ႏုိင္ငံနယ္စပ္ေဒသမွ ေဒသတြင္း အေျခအေနမ်ားကိုလည္း ေဆြးေႏြးခဲ့ၾကျခင္းျဖစ္ေၾကာင္း သိရသည္။

“ဒီအစည္းအေဝးမွာ တာခ်ီလိတ္က လူတစ္ေယာက္ဆီကေန ထုိင္းႏုိင္ငံသားတစ္ေယာက္က လိမ္လည္သြားတဲ့ ကိစၥ အပါအဝင္ မယ္ဆုိင္ဘက္ကို တိမ္းေရွာင္ေနတဲ့ တရားခံေတြ ဖမ္းဆီးရမိေရးကို ထုိင္းႏုိင္ငံရဲတပ္ဖြဲ႕က ဒုတိယ ရဲမွဴးႀကီးနဲ႔ ေဆြးေႏြးပါတယ္။ ဒီလထဲမွာ ႀကိဳးစား ေျဖရွင္းေပးမယ္လို႔ သေဘာတူညီခ်က္ရခဲ့ပါတယ္။ ထိုင္းႏုိင္ငံမွာ ၿပီးခဲ့တဲ့တစ္ပတ္က ဒီဘက္က ျမန္မာႏုိင္ငံသားက ဘတ္ႏွစ္သိန္းသြားထုတ္တယ္။ အဲဒါကို ထုိင္းႏိုင္ငံဘက္က ဘတ္တစ္သိန္းေတာင္းတဲ့အတြက္ ဒီဘက္က CNCMC က လုိက္သြားၿပီး ေျဖရွင္းေပးရတယ္။ ဒါကို သူတို႔ဘက္ TBC ဥကၠဌကို အသိေပးရင္း ေနာင္ကို ဒါမ်ိဳးေတြမျဖစ္ဖို႔ စီစဥ္ေပးဖို႔ ေျပာခဲ့ႏုိင္ပါတယ္။ သူတို႔ႏုိင္ငံဘက္ကေန ဒီႏုိင္ငံဘက္ကို မူးယစ္ေဆးဝါးနဲ႔ ပတ္သက္တဲ့သူ (၃၁)ေယာက္ ေရာက္ေနတယ္ဆိုတဲ့ ကိစၥကို အသိေပးထားတာ ရိွပါတယ္။ ဒါကိုု အတတ္ႏုိင္ဆံုး ဒီဘက္ကေန ရွာေဖြေဆာင္ရြက္ေပးဖို႔ သေဘာတူခဲ့တာေပါ့။ ဒီလူေတြ ဒီဘက္မွာ ရိွ/မရိွေတာ့ မသိရေသးပါဘူး”ဟု တာခ်ီလိတ္ခရိုင္ စီမံခန္႔ခြဲမႈ ေကာ္မတီ ဥကၠဌ၊ ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္၀င္းေရႊက ေျပာသည္။

ထုိင္းႏိုင္ငံအတြင္း ဖမ္းဆီးခံရသည့္ ျမန္မာႏုိင္ငံသားမ်ားအား တာခ်ီလိတ္ၿမိဳ႕သို႔ ျပန္လည္ လႊဲေျပာင္းေပးေလ့ရိွရာ ထုိင္းႏုိင္ငံေရာက္ ျမန္မာႏုိင္ငံသားမ်ားအေရးႏွင့္ ပတ္သက္၍ ကူညီႏုိင္ရန္ ထုိင္းႏုိင္ငံမွ တာဝန္ရိွသူမ်ား အေနျဖင့္ ျမန္မာႏုိင္ငံမွ အုပ္ခ်ဳပ္ေရးပိုင္း တာဝန္ရိွသူမ်ားျဖင့္ ပူးေပါင္း ေဆာင္ရြက္ေပးေရးကိုလည္း ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

“ဒီဘက္ကို ျပန္လည္လႊဲေျပာင္းေပးေနတဲ့ ျမန္မာႏုိင္ငံသားေတြအေရးနဲ႔ ပတ္သက္လို႔လည္း ထုိင္းႏုိင္ငံဘက္က ေဆာင္ရြက္ေပးရမယ့္ အရာေတြကို ေဆာင္ရြက္ေပးဖို႔နဲ႔ သူတို႔အေနနဲ႔ ေဆာင္ရြက္ မေပးႏုိင္လို႔ ဒီဘက္က ေဆာင္ရြက္ေပးရမယ့္ ကိစၥရပ္ေတြရိွခဲ့ရင္လည္း ျမန္မာႏုိင္ငံသားေတြအတြက္ ျမန္မာႏုိင္ငံဘက္က သက္ဆုိင္ရာ အုပ္ခ်ဳပ္ေရးအပိုင္းကို ခ်ိတ္ဆက္ၿပီး ပူးေပါင္းေဆာင္ရြက္ေပးဖို႔ ေျပာျပႏုိင္ခဲ့ပါတယ္” ဟု တာခ်ီလိတ္ခရိုင္ စီမံခန္႔ခြဲမႈ ေကာ္မတီ ဥကၠဌ၊ ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္၀င္းေရႊက ေျပာသည္။

နယ္စပ္ဂိတ္တြင္ ျမန္မာႏုိင္ငံသားမ်ားအား ထုိင္းႏုိင္ငံဘက္မွ သတ္မွတ္ႏႈန္းထားထက္ ပိုမိုေကာက္ခံသည့္ ကိစၥရပ္ကို ေျဖရွင္းေပးရန္ ထိုင္းႏုိင္ငံတြင္ က်င္းပသည့္ ေဒသဆိုင္ရာနယ္ျခားေကာ္မတီအစည္းအေဝးတြင္ ေဆြးေႏြးထားေၾကာင္း သိရသည္။

ႏွစ္ႏုိင္ငံနယ္နိမိတ္ကို ေက်ာ္လြန္ေနသည့္ ထုိင္းႏုိင္ငံမွ စစ္တပ္မ်ား တပ္စြဲထားသည့္ကိစၥရပ္မ်ားအား ကန္႔ကြက္ျခင္း အပါအဝင္ ႏွစ္ႏုိင္ငံနယ္ျခားေကာ္မတီပံုမွန္အစည္းအေဝးတြင္ ပံုမွန္ေဆြးေႏြး ေနရသည့္ ကိစၥမ်ားအား ေဆြးေႏြးခဲ့ၾကေၾကာင္း သိရသည္။

ထုိင္းႏုိင္ငံ မယ္ဆုိင္ၿမိဳ႕တြင္ က်င္းပသည့္ အဆိုပါ အစည္းအေဝးသို႔ ျမန္မာဘက္မွ ၿမိဳ႕နယ္အဆင့္နယ္ျခားေကာ္မတီ ဥကၠဌႏွင့္ ေလ့လာသူမ်ားအပါအဝင္ (၂၀)ဦးတက္ေရာက္ၾကၿပီး အစည္းအေ၀း မစတင္မီ ျမန္မာႏုိင္ငံ၊ တာခ်ီလိတ္ၿမိဳ႕တြင္ စစ္ဗ်ဴဟာအဖြဲ႔ အေျခခ်(တာခ်ီလိတ္) စစ္ဗ်ဴဟာမွဴး ဗိုလ္မွဴးႀကီးေအးမင္းဦး၊ ျမန္မာဘက္မွ ၿမိဳ႕နယ္အဆင့္နယ္ျခားေကာ္မတီ ဥကၠဌ ဒုတိယဗိုလ္မွဴးႀကီး ေအာင္သြင္ဦး၊ တာခ်ီလိတ္ခရိုင္ စီမံခန္႔ခြဲမႈ ေကာ္မတီ ဥကၠဌ၊ ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္၀င္းေရႊ ႏွင့္ တာ၀န္ရွိသူမ်ားက ထိုင္းဘက္မွေကာ္မတီဝင္မ်ားႏွင့္ ကနဦး အလြတ္သေဘာ ေဆြးေႏြးခ့ဲၾကျခင္းျဖစ္သည္။

အဆိုပါအစည္းအေဝးသို႔ ထိုင္းႏိုင္ငံဘက္မွ ၿမိဳ႕နယ္အဆင့္ နယ္ျခားေကာ္မတီ ဥကၠဌ ဗိုလ္မွဴးႀကီး ကီတားကြမ္း က်န္းထရား ( အမွတ္ ၃ လႈပ္ရွား ယႏၱရားတပ္ မွ ဗ်ဳဟာမွဴး ) ႏွင့္ ေကာ္မတီဝင္မ်ား စုစုေပါင္း (၅၁)ဦး တက္ေရာက္ ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

သတင္း - ခ်ယ္ရီထိုက္


~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရမြေင့်တက်လာပါက နယ်စပ်ချောင်းရှိ ဂရင်းဆိပ်မှ အကြွင်းအကျန် အတားအဆီးများအား မြန်မာဘက်မှ ဖယ်ရှားပစ်မည်ဖြစ်ပြီး ချောင်းအတွင်း ဝါးဖြင့် ရေတားလုပ်ရန် ဆွေးနွေးမည့် ကိစ္စအား ထိုင်းနိုင်ငံအနဖြေင့် နိုင်ငံခြားရေးဝန်ကြီးဌာနသို့တင်ပြရန် သြဂုတ်လ (၉)ရက်နေ့တွင် ပြုလုပ်သည့် အစည်းအဝေးတွင် ဆွေးနွေးသဘောတူလိုက်ကြောင်း သိရသည်။

“မယ်ဆိုင် မယ်ဟောက်ချောင်းကိစ္စမှာတော့ မိုးတွင်းကာလမှာ ရေများလာတဲ့အတွက် ထပ်ဖွင့်ပေးဖို့နဲ့ လိုအပ်ရင် ဂရင်းဆိပ်ကိုပါ ဒီဘက်က ကိုယ့်အစီအစဉ်နဲ့ကိုယ် ဖယ်ရှားမယ်ဆိုတာ အသိ ပေးခဲ့နိုင်ပါတယ်။ ဒီကြားမှာတော့ သူတို့က technical meeting လုပ်သွားဖို့ ကမ်းလှမ်းထားပါတယ်။ သူတို့က ဒီချောင်းထဲမှာ ဝါးနဲ့ ဆည်လုပ်ချင်တာပေါ့။ technical meeting က ရလဒ်အပေါ် မူတည်ပြီး လုပ်သင့် မလုပ်သင့် ဆက်ပြီး စဉ်းစားဖို့ သဘောတူညီထားတဲ့အတိုင်း သူတို့ဘက်က ကမ်းလှမ်းလာတာပေါ့။ မယ်ဆိုင် မယ်ဟောက်ချောင်း နှစ်နိုင်ငံ အသုံးချရေးနဲ့ ရေကြောင်းမပြောင်းလဲရေး ကော်မတီကို နှစ်နိုင်ငံ သဘောတူညီ ဖွဲ့စည်းထားခဲ့တဲ့အထဲမှာ ဒီလို အစည်းအဝေးလုပ်ဖို့ သဘောတူထားပြီးဖြစ်ပါတယ်။ ဒီအတွက်တော့ နိုင်ငံခြားရေးဝန်ကြီးဌာနကနေတစ်ဆင့် သူတို့တင်ပြဖို့ သဘောတူညီခဲ့တယ်”ဟု တာချီလိတ်ခရိုင် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ထိုင်းနိုင်ငံမှ လယ်သမားများက နွေရာသီ စိုက်ပျိုးရေအတွက် မြန်မာ - ထိုင်းနယ်နိမိတ်ဖြစ်သည့် မယ်ဆိုင် မယ်ဟောက်ချောင်းတွင် တမံများပိတ်၍ ရေယူလေ့ရှိရာ မိုးရာသီရေတက်ချိန်တွင် တာချီလိတ်မြို့၌ ရကြေီးမှုကို ခံစားရလေ့ရှိသဖြင့် ချောင်းအတွင်းမှ အတားအဆီးများအား မြန်မာနိုင်ငံဘက်မှ ဖယ်ရှားနေရခြင်း ဖြစ်သည်။

တာချီလိတ် - မယ်ဆိုင် မြို့နယ်အဆင့် မြန်မာ - ထိုင်းနယ်ခြားကော်မတီ၏ အကြိမ်(၉၀)မြောက် အစည်းအေဝးအား သြဂုတ်လ(၉)ရက်နေ့က ထိုင်းနိုင်ငံ၊ ချင်းရိုင်းခရိုင်၊ မယ်ဆိုင်မြို့နယ်ရှိ မဲခေါင်ဒယ်လ်တာဟိုတယ်တွင် ကျင်းပရာ၌ ပုံမှန်ဆွေးနွေးနေသည့် အချက်အလက်များအပြင် တာချီလိတ်နှင့် မယ်ဆိုင် နှစ်နိုင်ငံနယ်စပ်ဒေသမှ ဒေသတွင်း အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

“ဒီအစည်းအဝေးမှာ တာချီလိတ်က လူတစ်ယောက်ဆီကနေ ထိုင်းနိုင်ငံသားတစ်ယောက်က လိမ်လည်သွားတဲ့ ကိစ္စ အပါအဝင် မယ်ဆိုင်ဘက်ကို တိမ်းရှောင်နေတဲ့ တရားခံတွေ ဖမ်းဆီးရမိရေးကို ထိုင်းနိုင်ငံရဲတပ်ဖွဲ့က ဒုတိယ ရဲမှူးကြီးနဲ့ ဆွေးနွေးပါတယ်။ ဒီလထဲမှာ ကြိုးစား ဖြေရှင်းပေးမယ်လို့ သဘောတူညီချက်ရခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့တစ်ပတ်က ဒီဘက်က မြန်မာနိုင်ငံသားက ဘတ်နှစ်သိန်းသွားထုတ်တယ်။ အဲဒါကို ထိုင်းနိုင်ငံဘက်က ဘတ်တစ်သိန်းတောင်းတဲ့အတွက် ဒီဘက်က CNCMC က လိုက်သွားပြီး ဖြေရှင်းပေးရတယ်။ ဒါကို သူတို့ဘက် TBC ဥက္ကဌကို အသိပေးရင်း နောင်ကို ဒါမျိုးတွေမဖြစ်ဖို့ စီစဉ်ပေးဖို့ ပြောခဲ့နိုင်ပါတယ်။ သူတို့နိုင်ငံဘက်ကနေ ဒီနိုင်ငံဘက်ကို မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့သူ (၃၁)ယောက် ရောက်နေတယ်ဆိုတဲ့ ကိစ္စကို အသိပေးထားတာ ရှိပါတယ်။ ဒါကို အတတ်နိုင်ဆုံး ဒီဘက်ကနေ ရှာဖွေဆောင်ရွက်ပေးဖို့ သဘောတူခဲ့တာပေါ့။ ဒီလူတွေ ဒီဘက်မှာ ရှိ/မရှိတော့ မသိရသေးပါဘူး”ဟု တာချီလိတ်ခရိုင် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက ပြောသည်။

ထိုင်းနိုင်ငံအတွင်း ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများအား တာချီလိတ်မြို့သို့ ပြန်လည် လွှဲပြောင်းပေးလေ့ရှိရာ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအရေးနှင့် ပတ်သက်၍ ကူညီနိုင်ရန် ထိုင်းနိုင်ငံမှ တာဝန်ရှိသူများ အနဖြေင့် မြန်မာနိုင်ငံမှ အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူများဖြင့် ပူးပေါင်း ဆောင်ရွက်ပေးရေးကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

“ဒီဘက်ကို ပြန်လည်လွှဲပြောင်းပေးနေတဲ့ မြန်မာနိုင်ငံသားတွေအရေးနဲ့ ပတ်သက်လို့လည်း ထိုင်းနိုင်ငံဘက်က ဆောင်ရွက်ပေးရမယ့် အရာတွေကို ဆောင်ရွက်ပေးဖို့နဲ့ သူတို့အနေနဲ့ ဆောင်ရွက် မပေးနိုင်လို့ ဒီဘက်က ဆောင်ရွက်ပေးရမယ့် ကိစ္စရပ်တွေရှိခဲ့ရင်လည်း မြန်မာနိုင်ငံသားတွေအတွက် မြန်မာနိုင်ငံဘက်က သက်ဆိုင်ရာ အုပ်ချုပ်ရေးအပိုင်းကို ချိတ်ဆက်ပြီး ပူးပေါင်းဆောင်ရွက်ပေးဖို့ ပြောပြနိုင်ခဲ့ပါတယ်” ဟု တာချီလိတ်ခရိုင် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက ပြောသည်။

နယ်စပ်ဂိတ်တွင် မြန်မာနိုင်ငံသားများအား ထိုင်းနိုင်ငံဘက်မှ သတ်မှတ်နှုန်းထားထက် ပိုမိုကောက်ခံသည့် ကိစ္စရပ်ကို ဖြေရှင်းပေးရန် ထိုင်းနိုင်ငံတွင် ကျင်းပသည့် ဒေသဆိုင်ရာနယ်ခြားကော်မတီအစည်းအဝေးတွင် ဆွေးနွေးထားကြောင်း သိရသည်။

နှစ်နိုင်ငံနယ်နိမိတ်ကို ကျော်လွန်နေသည့် ထိုင်းနိုင်ငံမှ စစ်တပ်များ တပ်စွဲထားသည့်ကိစ္စရပ်များအား ကန့်ကွက်ခြင်း အပါအဝင် နှစ်နိုင်ငံနယ်ခြားကော်မတီပုံမှန်အစည်းအဝေးတွင် ပုံမှန်ဆွေးနွေး နေရသည့် ကိစ္စများအား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် ကျင်းပသည့် အဆိုပါ အစည်းအဝေးသို့ မြန်မာဘက်မှ မြို့နယ်အဆင့်နယ်ခြားကော်မတီ ဥက္ကဌနှင့် လေ့လာသူများအပါအဝင် (၂၀)ဦးတက်ရောက်ကြပြီး အစည်းအေဝး မစတင်မီ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့တွင် စစ်ဗျူဟာအဖွဲ့ အခြေချ(တာချီလိတ်) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးအေးမင်းဦး၊ မြန်မာဘက်မှ မြို့နယ်အဆင့်နယ်ခြားကော်မတီ ဥက္ကဌ ဒုတိယဗိုလ်မှူးကြီး အောင်သွင်ဦး၊ တာချီလိတ်ခရိုင် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ နှင့် တာဝန်ရှိသူများက ထိုင်းဘက်မှကော်မတီဝင်များနှင့် ကနဦး အလွတ်သဘော ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

အဆိုပါအစည်းအဝေးသို့ ထိုင်းနိုင်ငံဘက်မှ မြို့နယ်အဆင့် နယ်ခြားကော်မတီ ဥက္ကဌ ဗိုလ်မှူးကြီး ကီတားကွမ်း ကျန်းထရား ( အမှတ် ၃ လှုပ်ရှား ယန္တရားတပ် မှ ဗျုဟာမှူး ) နှင့် ကော်မတီဝင်များ စုစုပေါင်း (၅၁)ဦး တက်ရောက် ဆွေးနွေးခဲ့ကြောင်း သိရသည်။

သတင်း - ချယ်ရီထိုက်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~