Update News

တရုတ္ႏုိင္ငံ ေရႊလီၿမိဳ႕တြင္ တရားမဝင္ေရႊ႕ေျပာင္း ျမန္မာလုပ္သားမ်ား ဖမ္းဆီးခံေနရ


တရုတ္ - ျမန္မာနယ္စပ္ တရုတ္ႏုိင္ငံ ေရႊလီၿမိဳ႕တြင္ တရားမဝင္ ေရႊ႕ေျပာင္းျမန္မာလုပ္သားမ်ားအား စီမံခ်က္ျဖင့္ ဖမ္းဆီးမည္ျဖစ္သျဖင့္ သတိထားၾကရန္ တရုတ္ႏိုင္ငံႏွင့္ နယ္စပ္ျဖစ္သည့္ မူဆယ္ၿမိဳ႕၌ ၿပီးခဲ့သည့္တစ္ပတ္ကတည္းက ႀကိဳတင္ အသိေပးမႈမ်ား လုပ္ေဆာင္ထားေသာ္လည္း ၾသဂုတ္လ (၂၄)ရက္ေန႔စီမံခ်က္တြင္ တရားမဝင္ ျမန္မာလုပ္သားမ်ား ဖမ္းဆီးခံရမႈရိွေနေၾကာင္း သိရသည္။

တရုတ္ႏုိင္ငံအတြင္း တရားမဝင္ျပည္ဝင္ျခင္း၊ တရားမဝင္ေနထိုင္ျခင္းႏွင့္ တရားမဝင္ အလုပ္ လုပ္ကိုင္ေနသည့္ ျမန္မာလုပ္သားမ်ားအား စီမံခ်က္ျဖင့္ ဖမ္းဆီးမႈမ်ားျပဳလုပ္မည့္အေၾကာင္းကို မူဆယ္ၿမိဳ႕တြင္ သတိေပး ေၾကညာျခင္းမ်ားႏွင့္ လက္ကမ္းစာေစာင္မ်ားျဖန္႔ေဝျခင္းမ်ားအား ၿပီးခဲ့သည့္ တစ္ပတ္ကတည္းက ႀကိဳတင္ ေဆာင္ရြက္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

“ေရႊလီဘက္က ျပည္ပဆက္ဆံေရးဌာနေတြကေန စီမံခ်က္နဲ႔ ဒီလိုစိစစ္ေဆာင္ရြက္သြားမယ္ဆိုၿပီး ကြ်န္ေတာ္တို႔ကို ႀကိဳတင္အသိေပးထားတာရွိတယ္။ ၿပီးခဲ့တဲ့တစ္ပတ္ေလာက္ကတည္းက ႏွစ္ႏိုင္ငံအဝင္အထြက္ေနရာေတြမွာ ျမန္မာႏိုင္ငံသားေတြကို အသိေပးေၾကညာတဲ့အေနနဲ႔ လက္ကမ္းစာေစာင္ေတြ ေဝတာလုပ္တယ္။ ဗီႏိုင္းပိုစတာေတြနဲ႔လည္း ေၾကညာေပးထားတယ္။ ဒါေပမဲ့ ၾသဂုတ္(၂၄)ရက္ညပိုင္း ေရႊလီမွာ တကယ္ဖမ္းဆီးတဲ့အခ်ိန္မွာ ျမန္မာလုပ္သားေတြဖမ္းခံရတယ္။ အေရအတြက္ကေတာ့ အခုထိ တရားဝင္အသိေပးလာတာ မရွိေသးဘူး” ဟု မူဆယ္ ဒုတိယခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးဆန္းလႈိင္က တာခ်ီလိတ္သတင္းေအဂ်င္စီ သို႔ ေျပာသည္။

တရုတ္ႏုိင္ငံတြင္ တရားမဝင္ျပည္ဝင္ျခင္း၊ တရားမဝင္အလုပ္လုပ္ကိုင္ျခင္းႏွင့္ တရားမဝင္ ေနထိုင္ျခင္းတို႔အား ဖမ္းဆီးစစ္ေဆးရာတြင္ အနည္းဆံုး တစ္ပတ္ခန္႔ၾကာတတ္ၿပီး ဖမ္းဆီးခံရသည့္ ျမန္မာမ်ားအား မူဆယ္ၿမိဳ႕ရွိ လူဝင္မွဳ ၾကီးၾကပ္ေရးဌာနသို႔ ျပန္လည္လႊဲေျပာင္းေပးေၾကာင္း သိရသည္။

“ကြ်န္ေတာ္တို႔ဘက္ကေတာ့ ဒီစီမံခ်က္နဲ႔ပတ္သက္ၿပီး ေရႊလီက ျပည္ပေရးရာဌာနေတြကို ေမတၱာရပ္ခံထားတာေတြရွိတယ္။ လိုအပ္လို႔ရွိရင္ ကြ်န္ေတာ္တို႔ ျမန္မာႏိုင္ငံသားေတြနဲ႔ ပတ္သက္ၿပီးေတာ့ ကြ်န္ေတာ္တို႔ကို ျပန္ေမးဖို႔၊ ေျပာထားတယ္။ လုိသလိုစီစဥ္ေပးမယ္လို႔လည္း ေျပာထားတာရွိတယ္”ဟု ဒုတိယခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးဆန္းလိႈင္က ေျပာသည္။

လက္ရိွတြင္ စီမံခ်က္ျဖင့္ ဖမ္းဆီးခံထားရသည့္ ျမန္မာလုပ္သားအေရအတြက္ကို ေရႊလီၿမိဳ႕ တာဝန္ရိွသူမ်ားထံမွ အေၾကာင္းၾကားျခင္းမရိွေသးေၾကာင္းသိရသည္။

“အရင္တုန္းကလည္းဖမ္းတယ္။ အခုေနာက္ပိုင္း ပိုၿပီးစိပ္စိပ္ဖမ္းတယ္။ မေန႔က ဖမ္းတာကေတာ့ စီမံခ်က္နဲ႔ ဖမ္းတာ။ ေရႊလီမွာ ဖမ္းဆီးခံရသူေတြကို မူဆယ္ဘက္ ျပန္လႊဲေပးတဲ့အခါ မူဆယ္က လူမႈကူညီေရး အသင္းေတြက အကူအညီေတြေပးရတယ္။ ေနရပ္ျပန္မယ့္သူေတြကို ကားေပၚတင္ေပးတယ္။ အခုေနာက္ပိုင္းေတာ့ အဲဒီလို ဖမ္းခံရလည္း (၈၀)ရာခိုင္ႏႈန္းေလာက္က ေရႊလီကိုပဲျပန္ဝင္သြားၾကၿပီး ျပန္အလုပ္လုပ္ၾကတာဆိုေတာ့ အကူအညီေပးရတာေတာ့ သိပ္မရွိေတာ့ဘူး”ဟု မူဆယ္ၿမိဳ႕ ကရုဏာလူမႈကူညီေရးအသင္းမွ အသင္းဥကၠဌ ဦးေသာင္းထြန္းက တာခ်ီလိတ္သတင္းေအဂ်င္စီ သို႔ေျပာသည္။

တရုတ္ႏုိင္ငံ ေရႊလီၿမိဳ႕သို႔ မူဆယ္ၿမိဳ႕မွတစ္ဆင့္ သြားေရာက္ အလုပ္လုပ္ကိုင္မႈမ်ားရိွေနၿပီး တရုတ္ႏုိင္ငံအတြင္း တရားမဝင္ေနထိုင္အလုပ္လုပ္ေနသည့္ ျမန္မာႏုိင္ငံသားမ်ားအား တရုတ္ရဲတပ္ဖြဲ႕က မၾကာခဏစစ္ေဆး ဖမ္းဆီးေလ့ရိွေၾကာင္းသိရသည္။

သတင္း - ေနၿဖိဳးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

တရုတ် - မြန်မာနယ်စပ် တရုတ်နိုင်ငံ ရွှေလီမြို့တွင် တရားမဝင် ရွှေ့ပြောင်းမြန်မာလုပ်သားများအား စီမံချက်ဖြင့် ဖမ်းဆီးမည်ဖြစ်သဖြင့် သတိထားကြရန် တရုတ်နိုင်ငံနှင့် နယ်စပ်ဖြစ်သည့် မူဆယ်မြို့၌ ပြီးခဲ့သည့်တစ်ပတ်ကတည်းက ကြိုတင် အသိပေးမှုများ လုပ်ဆောင်ထားသော်လည်း သြဂုတ်လ (၂၄)ရက်နေ့စီမံချက်တွင် တရားမဝင် မြန်မာလုပ်သားများ ဖမ်းဆီးခံရမှုရှိနေကြောင်း သိရသည်။

တရုတ်နိုင်ငံအတွင်း တရားမဝင်ပြည်ဝင်ခြင်း၊ တရားမဝင်နေထိုင်ခြင်းနှင့် တရားမဝင် အလုပ် လုပ်ကိုင်နေသည့် မြန်မာလုပ်သားများအား စီမံချက်ဖြင့် ဖမ်းဆီးမှုများပြုလုပ်မည့်အကြောင်းကို မူဆယ်မြို့တွင် သတိပေး ကြေညာခြင်းများနှင့် လက်ကမ်းစာစောင်များဖြန့်ဝခြေင်းများအား ပြီးခဲ့သည့် တစ်ပတ်ကတည်းက ကြိုတင် ဆောင်ရွက်နခြေင်းဖြစ်ကြောင်း သိရသည်။

“ရွှေလီဘက်က ပြည်ပဆက်ဆံရေးဌာနတွေကနေ စီမံချက်နဲ့ ဒီလိုစိစစ်ဆောင်ရွက်သွားမယ်ဆိုပြီး ကျွန်တော်တို့ကို ကြိုတင်အသိပေးထားတာရှိတယ်။ ပြီးခဲ့တဲ့တစ်ပတ်လောက်ကတည်းက နှစ်နိုင်ငံအဝင်အထွက်နေရာတွေမှာ မြန်မာနိုင်ငံသားတွေကို အသိပေးကြေညာတဲ့အနေနဲ့ လက်ကမ်းစာစောင်တွေ ဝေတာလုပ်တယ်။ ဗီနိုင်းပိုစတာတွေနဲ့လည်း ကြေညာပေးထားတယ်။ ဒါပေမဲ့ သြဂုတ်(၂၄)ရက်ညပိုင်း ရွှေလီမှာ တကယ်ဖမ်းဆီးတဲ့အချိန်မှာ မြန်မာလုပ်သားတွေဖမ်းခံရတယ်။ အရေအတွက်ကတော့ အခုထိ တရားဝင်အသိပေးလာတာ မရှိသေးဘူး” ဟု မူဆယ် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဆန်းလှိုင်က တာချီလိတ်သတင်းအေဂျင်စီ သို့ ပြောသည်။

တရုတ်နိုင်ငံတွင် တရားမဝင်ပြည်ဝင်ခြင်း၊ တရားမဝင်အလုပ်လုပ်ကိုင်ခြင်းနှင့် တရားမဝင် နေထိုင်ခြင်းတို့အား ဖမ်းဆီးစစ်ဆေးရာတွင် အနည်းဆုံး တစ်ပတ်ခန့်ကြာတတ်ပြီး ဖမ်းဆီးခံရသည့် မြန်မာများအား မူဆယ်မြို့ရှိ လူဝင်မှု ကြီးကြပ်ရေးဌာနသို့ ပြန်လည်လွှဲပြောင်းပေးကြောင်း သိရသည်။

“ကျွန်တော်တို့ဘက်ကတော့ ဒီစီမံချက်နဲ့ပတ်သက်ပြီး ရွှေလီက ပြည်ပရေးရာဌာနတွေကို မေတ္တာရပ်ခံထားတာတွေရှိတယ်။ လိုအပ်လို့ရှိရင် ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ကို ပြန်မေးဖို့၊ ပြောထားတယ်။ လိုသလိုစီစဉ်ပေးမယ်လို့လည်း ပြောထားတာရှိတယ်”ဟု ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဆန်းလှိုင်က ပြောသည်။

လက်ရှိတွင် စီမံချက်ဖြင့် ဖမ်းဆီးခံထားရသည့် မြန်မာလုပ်သားအရေအတွက်ကို ရွှေလီမြို့ တာဝန်ရှိသူများထံမှ အကြောင်းကြားခြင်းမရှိသေးကြောင်းသိရသည်။

“အရင်တုန်းကလည်းဖမ်းတယ်။ အခုနောက်ပိုင်း ပိုပြီးစိပ်စိပ်ဖမ်းတယ်။ မနေ့က ဖမ်းတာကတော့ စီမံချက်နဲ့ ဖမ်းတာ။ ရွှေလီမှာ ဖမ်းဆီးခံရသူတွေကို မူဆယ်ဘက် ပြန်လွှဲပေးတဲ့အခါ မူဆယ်က လူမှုကူညီရေး အသင်းတွေက အကူအညီတွေပေးရတယ်။ နေရပ်ပြန်မယ့်သူတွေကို ကားပေါ်တင်ပေးတယ်။ အခုနောက်ပိုင်းတော့ အဲဒီလို ဖမ်းခံရလည်း (၈၀)ရာခိုင်နှုန်းလောက်က ရွှေလီကိုပဲပြန်ဝင်သွားကြပြီး ပြန်အလုပ်လုပ်ကြတာဆိုတော့ အကူအညီပေးရတာတော့ သိပ်မရှိတော့ဘူး”ဟု မူဆယ်မြို့ ကရုဏာလူမှုကူညီရေးအသင်းမှ အသင်းဥက္ကဌ ဦးသောင်းထွန်းက တာချီလိတ်သတင်းအေဂျင်စီ သို့ပြောသည်။

တရုတ်နိုင်ငံ ရွှေလီမြို့သို့ မူဆယ်မြို့မှတစ်ဆင့် သွားရောက် အလုပ်လုပ်ကိုင်မှုများရှိနပြေီး တရုတ်နိုင်ငံအတွင်း တရားမဝင်နေထိုင်အလုပ်လုပ်နေသည့် မြန်မာနိုင်ငံသားများအား တရုတ်ရဲတပ်ဖွဲ့က မကြာခဏစစ်ဆေး ဖမ်းဆီးလေ့ရှိကြောင်းသိရသည်။

သတင်း - နဖြေိုးမြင့် 
 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~


« PREV
NEXT »

No comments

Post a Comment

:::::::::: လႈိက္လွဲစြာ ေက်းဇုူးတင္ရွိပါသည္ ::::::::::