ပင္းတယေရႊဥမင္လိုဏ္ဂူအား ေဆးလိပ္ေငြ႕ကင္းစင္နယ္ေျမအျဖစ္ ၾသဂုတ္လ (၆)ရက္တြင္ စတင္ေၾကညာမည္

ပင္းတယေရႊဥမင္လိုဏ္ဂူအား ေဆးလိပ္ေငြ႕ကင္းစင္နယ္ေျမအျဖစ္ ၾသဂုတ္လ (၆)ရက္တြင္ စတင္ေၾကညာမည္
သြဂုတ် 5, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေတာင္ပိုင္း) ပင္းတယၿမိဳ႕ ေရႊဥမင္လိုဏ္ဂူ ဘုရားနယ္နိမိတ္အား ေဆးလိပ္ေငြ႕ ကင္းစင္နယ္ေျမအျဖစ္ ၾသဂုတ္လ (၆)ရက္ေန႔တြင္ ေၾကညာေတာ့မည္ျဖစ္ရာ အဆိုပါ ဧရိယာအတြင္း ေဆးလိပ္ေသာက္သံုး၊ ေရာင္းခ်ျခင္းမ်ားအား ဥပေဒအရ အေရးယူေတာ့မည္ ျဖစ္ေၾကာင္း ရွမ္းျပည္နယ္အစိုးရအဖြဲ႕ထံမွ သိရသည္။

“ ရွမ္းျပည္နယ္ ပင္းတယေဒသမွာရိွတဲ့ ဝန္ထမ္းေတြ အထူးသျဖင့္ ေဆးရံုအုပ္ႀကီး အပါအဝင္ က်န္းမာေရး ဝန္ထမ္းေတြနဲ႔ အရပ္ဖက္အဖြဲ႕အစည္းေတြရဲ႕ ဦးေဆာင္မႈ ပင္းတယသူ ပင္းတယသားေတြရဲ႕ ပူးေပါင္း ေဆာင္ရြက္မႈအား ေကာင္းတဲ့အတြက္ ကၽြန္ေတာ္တုိ႔ သတ္မွတ္ထားတဲ့ ဒီဇုန္အတြင္းမွာ ေဆးလိပ္ မေရာင္းခ်ရ၊ ေဆးလိပ္မေသာက္ရဆိုတာက ေအာင္ျမင္ေနၿပီ။ အဲဒီလို ေအာင္ျမင္ေနတာကို ၾသဂုတ္လ (၆)ရက္ေန႔မွာ ကမၻာကသိေအာင္ ေၾကညာေပးေတာ့မွာ ျဖစ္ပါတယ္”ဟု ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္ လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေဆးလိပ္/ေဆးရြက္ႀကီးထိန္းခ်ဳပ္ေရး အေရွ႕ေတာင္အာရွႏုိင္ငံမ်ား မဟာမိတ္အဖြဲ႕ (South East Asia Tobacco Control Alliance – SEATCA )၏ အဖြဲ႔ဝင္ျဖစ္သည့္ ျမန္မာႏုိင္ငံအေနျဖင့္ ဖိလစ္ပိုင္ႏုိင္ငံတြင္ က်င္းပခဲ့သည့္ အာဆီယံႏုိင္ငံမ်ား၏ ေဆးလိပ္/ေဆးရြက္ႀကီးထိန္းခ်ဳပ္ေရး ေဒသတြင္း တတိယအႀကိမ္ အစည္းအေဝးတြင္ ေဆးလိပ္ေငြ႕ကင္းစင္ေဒသ (၃)ေနရာေဖာ္ေဆာင္ရန္ ေၾကညာခဲ့ျခင္းျဖစ္ၿပီး က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန ႏွင့္ SEATCA သေဘာတူညီခ်က္အရ မႏၱေလးတိုင္း ေဒသႀကီး အတြင္းရိွ ပုဂံေရွးေဟာင္း ယဥ္ေက်းမႈနယ္ေျမ၊ ရွမ္းျပည္နယ္အတြင္း အင္းေလးေဒသႏွင့္ ပင္းတယ လိုဏ္ဂူနယ္ေျမတို႔အား ေဆးလိပ္ေငြ႕ကင္းစင္ေဒသမ်ားအျဖစ္ ၂၀၁၅ ခုႏွစ္ကတည္းက ေၾကညာၿပီး ပညာေပးကာလ ေဆာင္ရြက္လာခဲ့ျခင္း ျဖစ္သည္။

“အင္းေလးကေတာ့ ဧရိယာက်ယ္ေနတာ တစ္ခုရယ္၊ ေနာက္တစ္ခုကေတာ့ ပူးေပါင္းပါဝင္မႈ လိုအပ္ခ်က္ ရိွေသးတာေၾကာင့္ရယ္ ကၽြန္ေတာ္တို႔ ေၾကညာႏုိင္တဲ့အဆင့္ထိ ေရာက္မလာေသးပါဘူး။ ပင္းတယကေတာ့ ဌာနဆိုင္ရာေတြအပါအဝင္ လူထု၊ အရပ္ဖက္အဖြဲ႕အစည္းေတြကလည္း အားေကာင္းတယ္။ အားလံုးရဲ႕ ပူးေပါင္းေဆာင္ရြက္မႈ အားေကာင္းတယ္။ ဒါက ျမန္မာႏုိင္ငံမွာ ပထမဆံုး ေၾကညာႏုိင္တာျဖစ္မွာပါ။ တျခားတုိင္းနဲ႔ ျပည္နယ္ေတြမွာ ေၾကညာတာ မေတြ႕ဖူးေသးဘူး။ တျခားေနရာေတြမွာလည္း ဒီဟာကို အေကာင္အထည္ေဖာ္ေနၾကတယ္။ ဒါေပမယ့္ မေၾကညာႏုိင္ေသးတာပါ။ ကၽြန္ေတာ္တို႔ကေတာ့ ေၾကညာႏုိင္ၿပီလို႔ ဆိုလိုတာပါ။ လုပ္ေတာ့ လုပ္ေနၾကပါတယ္”ဟု ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္ လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္းက ေျပာသည္။

၂၀၁၆ ခုႏွစ္ ေဆးလိပ္ႏွင့္ ေဆးရြက္ႀကီးထြက္ပစၥည္းေသာက္သံုးမႈထိန္းခ်ဳပ္ေရးဥပေဒတြင္ ေဆးလိပ္ ေသာက္ခြင့္မရိွသည့္ ေနရာမ်ား တိတိက်က်ျပဌာန္းထားၿပီး ေဆးလိပ္ေငြ႕ကင္းစင္ေနရာမ်ားတြင္ ေရာင္းခ်၊ေသာက္သံုးပါက ျပစ္ဒဏ္မ်ားလည္း ျပဌာန္းထားၿပီးျဖစ္ရာ ပင္းတယေရႊဥမင္လိုဏ္ဂူဧရိယာအား ေဆးလိပ္ေငြ႕ကင္းစင္ေဒသအျဖစ္ ေၾကညာၿပီးပါက အဆိုပါဧရိယာအတြင္း ေဆးလိပ္ေရာင္းခ်၊ ေသာက္သံုးျခင္းမ်ားကို ဥပေဒအရ အေရးယူသြားေတာ့မည္ျဖစ္ေၾကာင္း သိရသည္။

“ကၽြန္ေတာ္တို႔ အသိပညာေပးကာလနဲ႔ အေရးယူေဆာင္ရြက္တဲ့ကာလဆိုတာ ရိွပါတယ္။ ပင္းတယမွာ ကၽြန္ေတာ္တုိ႔ အသိပညာေပးကာလကို (၂)ႏွစ္လုပ္ခဲ့ပါၿပီ။ (၂)ႏွစ္ပညာေပးကာလေက်ာ္လာၿပီး ဒီေန႔အေျခအေနကို ေရာက္လာတာပါ။ ဒီလိုသတ္မွတ္ၿပီး ခ်ိဳးေဖာက္တယ္ဆိုရင္ေတာ့ ၂၀၀၆ ခုႏွစ္က ျပဌာန္းထားတဲ့ ေဆးလိပ္နဲ႔ေဆးရြက္ႀကီးထိန္းခ်ဳပ္ေရးဥပေဒအတိုင္း အေရးယူေတာ့မွာပါ။ ဥပေဒက ရိွၿပီးသားပါ။ ေဂါပကေတြ ၊ အဖြဲ႕အစည္းေတြေပါင္းၿပီး ေစာင့္ၾကပ္ႀကီးၾကပ္ေရး အတြက္ ေဆာင္ရြက္ရမွာေပါ့” ဟု ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္ လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္းက ေျပာသည္။

ျမန္မာႏုိင္ငံ၏ ေဆးလိပ္ႏွင့္ ေဆးရြက္ႀကီးထြက္ပစၥည္းမ်ား ထိန္းခ်ဳပ္ေရးတြင္ ပထမဦးဆံုး က်ယ္က်ယ္ျပန္႔ျပန္႔ႏွင့္ အခ်က္အလက္စံုလင္စြာပါဝင္ေသာ ဥပေဒတစ္ရပ္ျဖစ္လာသည့္ ေဆးလိပ္ႏွင့္ ေဆးရြက္ႀကီးထြက္ပစၥည္း ေသာက္သံုးမႈထိန္းခ်ဳပ္ေရးဥပေဒအား ၂၀၁၆ ခုႏွစ္က ျပဌာန္းထားၿပီး ၂၀၀၇ ခုႏွစ္ ေမလ (၂၄) ရက္ေန႔ကတည္းက အသက္ဝင္ခဲ့ျခင္းျဖစ္သည္။

“အခုအေကာင္အထည္ေဖာ္ေနတဲ့ ရည္ရြယ္ခ်က္ကေတာ့ တစ္ဆင့္ခံေဆးလိပ္ေငြ႕ရွဴ ရတဲ့ အျပစ္မဲ့တဲ့ မဆီမဆိုင္ဘဲ ရွဴရတဲ့လူေတြကို ကာကြယ္ေပးတဲ့ရည္ရြယ္ခ်က္ေပါ့။ ေနာက္တစ္ခုကေတာ့ မူးယစ္ေဆးဝါး တုိက္ဖ်က္ေရးမွာလည္း တစ္ဖက္တစ္လမ္းက အေထာက္အကူျပဳတဲ့အေနနဲ႔ ေဆာင္ရြက္တာေပါ့။ ေနာက္တစ္ခ်က္ကေတာ့ ျပဌာန္းထားတဲ့ ဥပေဒေတြကို ႏုိင္ငံသူႏုိင္ငံသားေတြအေနနဲ႔ ေလးစား လုိက္နာတတ္တဲ့ အမူအက်င့္ေကာင္းေလးတစ္ခုရေစခ်င္တဲ့ ရည္ရြယ္ခ်က္ေလးပါတာေပါ့”ဟု ေဆးလိပ္ေငြ႕ကင္းစင္နယ္ေျမ သတ္မွတ္ေဆာင္ရြက္သည့္ ရည္ရြယ္ခ်က္အား ျပည္နယ္လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္းက ေျပာၾကားသည္။

ျမန္မာႏုိင္ငံတြင္ မကူးစက္ႏုိင္ေသာေရာဂါျဖင့္ ေသဆံုးမႈမွာ (၆၀) ရာခိုင္ႏႈန္းခန္႔ရိွေနၿပီး အဆိုပါေရာဂါမ်ားအနက္ ေသဆံုးမႈ အျမင့္ဆံုးျဖစ္ေစသည့္ ႏွလံုးေသြးေၾကာက်ဥ္းေရာဂါ၊ ဆီးခ်ိဳေသြးခ်ိဳ၊ ကင္ဆာႏွင့္ အျခားနာတာရွည္ေရာဂါမ်ားမွာ ေဆးလိပ္ႏွင့္ ေဆးရြက္ႀကီးသံုးစြဲမႈႏွင့္ ဆက္စပ္ေနေၾကာင္း သိရသည္။

ႏိုင္ငံအတြင္း ေဆးလိပ္ႏွင့္ေဆးရြက္ႀကီး သံုးစြဲမႈႏွင့္ တစ္ဆင့္ခံရွဴရွိဳက္မႈ အႏၱရာယ္မ်ား ေလ်ာ့က်လာေရး လုပ္ေဆာင္ေနျခင္းျဖစ္ရာ ရွမ္းျပည္နယ္တြင္လည္း ေဆးလိပ္ေငြ႕ကင္းစင္ဧရိယာမ်ား ထပ္မံ လုပ္ေဆာင္သြား မည္ေၾကာင္း သိရသည္။

“ရွမ္းျပည္နယ္တစ္ခုလံုး ၿမိဳ႕နယ္တုိင္းမွာ ခရိုင္အုပ္ခ်ဳပ္ေရးမွဴးေတြနဲ႔ က်န္းမာေရးဌာနကို စီမံခ်က္ ေတာင္းထားတယ္။ ေတာင္းထားတဲ့အခါမွာ ေတာင္ႀကီးမွာ ေရႊဘုန္းပြင့္ဘုရားရယ္၊ စူဠာမုနိဘုရားရယ္ မၾကာခင္အေကာင္အထည္ေဖာ္ေတာ့မယ္။ အဲဒီလိုပဲ ၿမိဳ႕နယ္တုိင္း ၿမိဳ႕နယ္တုိင္း လ်ာထားတဲ့ ဟာေတြရိွတယ္” ဟု ျပည္နယ္လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္းက ေျပာသည္။

ျမန္မာႏုိင္ငံသည္ အေရွ႕ေတာင္အာရွႏုိင္ငံမ်ားအတြင္း ေဆးလိပ္ႏွင့္ ေဆးရြက္ႀကီးသံုးစြဲမႈျမင့္မားသည့္ ႏုိင္ငံျဖစ္ေနၿပီး ကမၻာ့က်န္းမာေရးအဖြဲ႕၏ ၂၀၁၄ ခုႏွစ္ က်န္းမာေရးစစ္တမ္းအရ ျမန္မာႏုိင္ငံ၏ ေဆးရြက္ႀကီး (ေဆးလိပ္)သံုးစြဲမႈတြင္ အမ်ိဳးသား ၆၂ ဒသမ ၂ ရာခုိင္ႏႈန္းႏွင့္ အမ်ိဳးသမီး ၂၄ ဒသမ ၁ ရာခုိင္ႏႈန္းရိွၿပီး မကူးစက္ႏုိင္ေသာ ေရာဂါမ်ားျဖင့္ ေသဆံုးမႈတြင္ အမ်ိဳးသား (၃၉)ရာခုိင္ႏႈန္းႏွင့္ အမ်ိဳးသမီး (၄၅)ရာခိုင္ႏႈန္းအထိ ရိွေနေၾကာင္း ေဖာ္ျပထားသည္။

ျမန္မာႏိုင္ငံသည္ ကမၻာ့က်န္းမာေရးအဖြဲ႔၏ ၂၀၀၃ ခုႏွစ္ ေဆးရြက္ႀကီးသံုးစြဲမႈ ထိန္းခ်ဳပ္သည့္ အျပည္ျပည္ဆိုင္ရာကြန္ဗင္းရွင္း (WHO FCTC) တြင္လည္း လက္မွတ္ေရးထိုးထားသည့္ ႏုိင္ငံျဖစ္သည္။

သတင္း - ခ်ယ္ရီထုိက္
ဓာတ္ပံု - ကိုေဇာင္း


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်းတယမြို့ ရွှေဥမင်လိုဏ်ဂူ ဘုရားနယ်နိမိတ်အား ဆေးလိပ်ငွေ့ ကင်းစင်နယ်မြေအဖြစ် သြဂုတ်လ (၆)ရက်နေ့တွင် ကြေညာတော့မည်ဖြစ်ရာ အဆိုပါ ဧရိယာအတွင်း ဆေးလိပ်သောက်သုံး၊ ရောင်းချခြင်းများအား ဥပဒေအရ အရေးယူတော့မည် ဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

“ ရှမ်းပြည်နယ် ပင်းတယဒေသမှာရှိတဲ့ ဝန်ထမ်းတွေ အထူးသဖြင့် ဆေးရုံအုပ်ကြီး အပါအဝင် ကျန်းမာရေး ဝန်ထမ်းတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ ဦးဆောင်မှု ပင်းတယသူ ပင်းတယသားတွေရဲ့ ပူးပေါင်း ဆောင်ရွက်မှုအား ကောင်းတဲ့အတွက် ကျွန်တော်တို့ သတ်မှတ်ထားတဲ့ ဒီဇုန်အတွင်းမှာ ဆေးလိပ် မရောင်းချရ၊ ဆေးလိပ်မသောက်ရဆိုတာက အောင်မြင်နပြေီ။ အဲဒီလို အောင်မြင်နေတာကို သြဂုတ်လ (၆)ရက်နေ့မှာ ကမ္ဘာကသိအောင် ကြေညာပေးတော့မှာ ဖြစ်ပါတယ်”ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဆေးလိပ်/ဆေးရွက်ကြီးထိန်းချုပ်ရေး အရှေ့တောင်အာရှနိုင်ငံများ မဟာမိတ်အဖွဲ့ (South East Asia Tobacco Control Alliance – SEATCA )၏ အဖွဲ့ဝင်ဖြစ်သည့် မြန်မာနိုင်ငံအနဖြေင့် ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပခဲ့သည့် အာဆီယံနိုင်ငံများ၏ ဆေးလိပ်/ဆေးရွက်ကြီးထိန်းချုပ်ရေး ဒေသတွင်း တတိယအကြိမ် အစည်းအဝေးတွင် ဆေးလိပ်ငွေ့ကင်းစင်ဒေသ (၃)နေရာဖော်ဆောင်ရန် ကြေညာခဲ့ခြင်းဖြစ်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန နှင့် SEATCA သဘောတူညီချက်အရ မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ၊ ရှမ်းပြည်နယ်အတွင်း အင်းလေးဒေသနှင့် ပင်းတယ လိုဏ်ဂူနယ်မြေတို့အား ဆေးလိပ်ငွေ့ကင်းစင်ဒေသများအဖြစ် ၂၀၁၅ ခုနှစ်ကတည်းက ကြေညာပြီး ပညာပေးကာလ ဆောင်ရွက်လာခဲ့ခြင်း ဖြစ်သည်။

“အင်းလေးကတော့ ဧရိယာကျယ်နေတာ တစ်ခုရယ်၊ နောက်တစ်ခုကတော့ ပူးပေါင်းပါဝင်မှု လိုအပ်ချက် ရှိသေးတာကြောင့်ရယ် ကျွန်တော်တို့ ကြေညာနိုင်တဲ့အဆင့်ထိ ရောက်မလာသေးပါဘူး။ ပင်းတယကတော့ ဌာနဆိုင်ရာတွေအပါအဝင် လူထု၊ အရပ်ဖက်အဖွဲ့အစည်းတွေကလည်း အားကောင်းတယ်။ အားလုံးရဲ့ ပူးပေါင်းဆောင်ရွက်မှု အားကောင်းတယ်။ ဒါက မြန်မာနိုင်ငံမှာ ပထမဆုံး ကြေညာနိုင်တာဖြစ်မှာပါ။ တခြားတိုင်းနဲ့ ပြည်နယ်တွေမှာ ကြေညာတာ မတွေ့ဖူးသေးဘူး။ တခြားနေရာတွေမှာလည်း ဒီဟာကို အကောင်အထည်ဖော်နကြေတယ်။ ဒါပေမယ့် မကြေညာနိုင်သေးတာပါ။ ကျွန်တော်တို့ကတော့ ကြေညာနိုင်ပြီလို့ ဆိုလိုတာပါ။ လုပ်တော့ လုပ်နကြေပါတယ်”ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ပြောသည်။

၂၀၁၆ ခုနှစ် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းသောက်သုံးမှုထိန်းချုပ်ရေးဥပဒေတွင် ဆေးလိပ် သောက်ခွင့်မရှိသည့် နေရာများ တိတိကျကျပြဌာန်းထားပြီး ဆေးလိပ်ငွေ့ကင်းစင်နေရာများတွင် ရောင်းချ၊သောက်သုံးပါက ပြစ်ဒဏ်များလည်း ပြဌာန်းထားပြီးဖြစ်ရာ ပင်းတယရွှေဥမင်လိုဏ်ဂူဧရိယာအား ဆေးလိပ်ငွေ့ကင်းစင်ဒေသအဖြစ် ကြေညာပြီးပါက အဆိုပါဧရိယာအတွင်း ဆေးလိပ်ရောင်းချ၊ သောက်သုံးခြင်းများကို ဥပဒေအရ အရေးယူသွားတော့မည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ အသိပညာပေးကာလနဲ့ အရေးယူဆောင်ရွက်တဲ့ကာလဆိုတာ ရှိပါတယ်။ ပင်းတယမှာ ကျွန်တော်တို့ အသိပညာပေးကာလကို (၂)နှစ်လုပ်ခဲ့ပါပြီ။ (၂)နှစ်ပညာပေးကာလကျော်လာပြီး ဒီနေ့အခြေအနေကို ရောက်လာတာပါ။ ဒီလိုသတ်မှတ်ပြီး ချိုးဖောက်တယ်ဆိုရင်တော့ ၂၀၀၆ ခုနှစ်က ပြဌာန်းထားတဲ့ ဆေးလိပ်နဲ့ဆေးရွက်ကြီးထိန်းချုပ်ရေးဥပဒေအတိုင်း အရေးယူတော့မှာပါ။ ဥပဒေက ရှိပြီးသားပါ။ ဂေါပကတွေ၊ အဖွဲ့အစည်းတွေပေါင်းပြီး စောင့်ကြပ်ကြီးကြပ်ရေး အတွက် ဆောင်ရွက်ရမှာပေါ့” ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ပြောသည်။

မြန်မာနိုင်ငံ၏ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများ ထိန်းချုပ်ရေးတွင် ပထမဦးဆုံး ကျယ်ကျယ်ပြန့်ပြန့်နှင့် အချက်အလက်စုံလင်စွာပါဝင်သော ဥပဒေတစ်ရပ်ဖြစ်လာသည့် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ်ရေးဥပဒေအား ၂၀၁၆ ခုနှစ်က ပြဌာန်းထားပြီး ၂၀၀၇ ခုနှစ် မေလ (၂၄) ရက်နေ့ကတည်းက အသက်ဝင်ခဲ့ခြင်းဖြစ်သည်။

“အခုအကောင်အထည်ဖော်နေတဲ့ ရည်ရွယ်ချက်ကတော့ တစ်ဆင့်ခံဆေးလိပ်ငွေ့ရှူ ရတဲ့ အပြစ်မဲ့တဲ့ မဆီမဆိုင်ဘဲ ရှူရတဲ့လူတွေကို ကာကွယ်ပေးတဲ့ရည်ရွယ်ချက်ပေါ့။ နောက်တစ်ခုကတော့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးမှာလည်း တစ်ဖက်တစ်လမ်းက အထောက်အကူပြုတဲ့အနေနဲ့ ဆောင်ရွက်တာပေါ့။ နောက်တစ်ချက်ကတော့ ပြဌာန်းထားတဲ့ ဥပဒေတွေကို နိုင်ငံသူနိုင်ငံသားတွေအနေနဲ့ လေးစား လိုက်နာတတ်တဲ့ အမူအကျင့်ကောင်းလေးတစ်ခုရစေချင်တဲ့ ရည်ရွယ်ချက်လေးပါတာပေါ့”ဟု ဆေးလိပ်ငွေ့ကင်းစင်နယ်မြေ သတ်မှတ်ဆောင်ရွက်သည့် ရည်ရွယ်ချက်အား ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ပြောကြားသည်။

မြန်မာနိုင်ငံတွင် မကူးစက်နိုင်သောရောဂါဖြင့် သေဆုံးမှုမှာ (၆၀) ရာခိုင်နှုန်းခန့်ရှိနပြေီး အဆိုပါရောဂါများအနက် သေဆုံးမှု အမြင့်ဆုံးဖြစ်စေသည့် နှလုံးသွေးကြောကျဉ်းရောဂါ၊ ဆီးချိုသွေးချို၊ ကင်ဆာနှင့် အခြားနာတာရှည်ရောဂါများမှာ ဆေးလိပ်နှင့် ဆေးရွက်ကြီးသုံးစွဲမှုနှင့် ဆက်စပ်နေကြောင်း သိရသည်။

နိုင်ငံအတွင်း ဆေးလိပ်နှင့်ဆေးရွက်ကြီး သုံးစွဲမှုနှင့် တစ်ဆင့်ခံရှူရှိုက်မှု အန္တရာယ်များ လျော့ကျလာရေး လုပ်ဆောင်နခြေင်းဖြစ်ရာ ရှမ်းပြည်နယ်တွင်လည်း ဆေးလိပ်ငွေ့ကင်းစင်ဧရိယာများ ထပ်မံ လုပ်ဆောင်သွား မည်ကြောင်း သိရသည်။

“ရှမ်းပြည်နယ်တစ်ခုလုံး မြို့နယ်တိုင်းမှာ ခရိုင်အုပ်ချုပ်ရေးမှူးတွေနဲ့ ကျန်းမာရေးဌာနကို စီမံချက် တောင်းထားတယ်။ တောင်းထားတဲ့အခါမှာ တောင်ကြီးမှာ ရွှေဘုန်းပွင့်ဘုရားရယ်၊ စူဠာမုနိဘုရားရယ် မကြာခင်အကောင်အထည်ဖော်တော့မယ်။ အဲဒီလိုပဲ မြို့နယ်တိုင်း မြို့နယ်တိုင်း လျာထားတဲ့ ဟာတွေရှိတယ်” ဟု ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ပြောသည်။

မြန်မာနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများအတွင်း ဆေးလိပ်နှင့် ဆေးရွက်ကြီးသုံးစွဲမှုမြင့်မားသည့် နိုင်ငံဖြစ်နပြေီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ၂၀၁၄ ခုနှစ် ကျန်းမာရေးစစ်တမ်းအရ မြန်မာနိုင်ငံ၏ ဆေးရွက်ကြီး (ဆေးလိပ်)သုံးစွဲမှုတွင် အမျိုးသား ၆၂ ဒသမ ၂ ရာခိုင်နှုန်းနှင့် အမျိုးသမီး ၂၄ ဒသမ ၁ ရာခိုင်နှုန်းရှိပြီး မကူးစက်နိုင်သော ရောဂါများဖြင့် သေဆုံးမှုတွင် အမျိုးသား (၃၉)ရာခိုင်နှုန်းနှင့် အမျိုးသမီး (၄၅)ရာခိုင်နှုန်းအထိ ရှိနေကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ၂၀၀၃ ခုနှစ် ဆေးရွက်ကြီးသုံးစွဲမှု ထိန်းချုပ်သည့် အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း (WHO FCTC) တွင်လည်း လက်မှတ်ရေးထိုးထားသည့် နိုင်ငံဖြစ်သည်။

သတင်း - ချယ်ရီထိုက်
ဓာတ်ပုံ - ကိုဇောင်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~