မူဆယ္ခရိုင္အတြင္း ရာသီတုပ္ေကြး ကာကြယ္ေရးမ်ား ဆက္လက္လုပ္ေဆာင္ေနေသာ္လည္း ၾကက္သားစားပြဲ က်င္းပမည္ မဟုတ္

မူဆယ္ခရိုင္အတြင္း ရာသီတုပ္ေကြး ကာကြယ္ေရးမ်ား ဆက္လက္လုပ္ေဆာင္ေနေသာ္လည္း ၾကက္သားစားပြဲ က်င္းပမည္ မဟုတ္
သြဂုတ် 6, 2017
By Tachileik News Agency

ရွမ္းျပည္နယ္ (ေျမာက္ပိုင္း) မူဆယ္ခရိုင္အတြင္း ရာသီတုပ္ေကြးေရာဂါႀကိဳတင္ကာကြယ္ေရး ပညာေပးလုပ္ငန္းမ်ားအား ရာသီတုပ္ေကြးအေျခအေနစိတ္ခ်ရသည့္အခ်ိန္ထိ လုပ္ေဆာင္သြားမည္ျဖစ္ၿပီး ၾကက္ဥ/ႀကက္သားစားပြဲ လုပ္ရန္ အစီအစဥ္ မရိွေၾကာင္း သိရသည္။

“ရာသီတုပ္ေကြးေရာဂါ စိတ္ခ်ရတဲ့ အခ်ိန္ေရာက္တဲ့အထိ ႀကိဳတင္ကာကြယ္မႈေတြ လုပ္သြားဦးမွာ ျဖစ္ပါတယ္။ မူဆယ္ခရိုင္အတြင္းမွာ ကေတာ့ H1N1 ေရာဂါနဲ႔ပတ္သက္တဲ့ သံသယလူနာတစ္ေယာက္မွ မရွိေသးပါဘူး။ အမ်ားျပည္သူ အေနနဲ႔လည္း တုပ္ေကြးေရာဂါနဲ႔ပတ္သက္တဲ့ ေဆာင္ရန္ ေရွာင္ရန္ အခ်က္ေတြ အတိုင္း လိုက္နာေဆာင္ရြက္ေစခ်င္ပါတယ္။ ကြ်န္ေတာ္တို႔ဖက္ကေတာ့ တတ္ႏိုင္သမွ် ႀကိဳတင္ကာကြယ္မႈေတြ ပညာေပးလုပ္ငန္းေတြကို ဆက္လက္လုပ္ေဆာင္သြားမွာျဖစ္ပါတယ္ “ဟု မူဆယ္ ဒုတိယခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးဆန္းလိႈင္က တာခ်ီလိတ္သတင္းေအဂ်င္စီ သို႔ ေျပာသည္။

ရာသီတုပ္ေကြး H1N1 ႏွင့္ပတ္သက္သည့္ ပညာေပးလုပ္ငန္းအျဖစ္ လက္ကမ္း စာေစာင္မ်ားျဖန္႔ေဝျခင္း ေဆာင္ရြက္ရာတြင္ မူဆယ္ခရိုင္ရဲတပ္ဖြဲ႔မွ ပါဝင္ကူညီေနၿပီး ယာဥ္စည္းကမ္း/လမ္းစည္းကမ္း ပညာေပး လုပ္ငန္းမ်ားကိုလည္း ပူးတြဲလုပ္ေဆာင္လ်က္ရွိေၾကာင္း သိရသည္။

“အျခားၿမိဳ႕နယ္ေတြမွာလို ေရာဂါကင္းစင္ေၾကာင္းျပသၿပီး ၾကက္ဥ၊ ႀကက္သားစားပြဲေတြေတာ့ လုပ္ဖို႔အစီအစဥ္ မရွိေသးပါဘူး။ ဒီကေမြး/ကု ဌာနကေနလည္း ခရိုင္ထဲမွာရွိတဲ့ ေမြးျမဴေရး လုပ္ငန္းရွင္ေတြကို ပညာေပးလုပ္ငန္းေတြ လုပ္တာရွိတယ္။ ေမြးျမဴေရးလုပ္ငန္းက မ်ားမ်ားစားစား မရွိတဲ့အတြက္ သီးသန္႔ စီစဥ္ထားတာေတာ့ မရွိဘူး။ အဓိက ကေတာ့ H1N1 နဲ႔ပတ္သက္တဲ့ ပညာေပးလုပ္ငန္းေတြကို လုပ္ေပးေနပါတယ္။ ခရိုင္အတြင္းက ၿမိဳ႕နယ္(၃)ခု လံုးမွာ ရာသီတုပ္ေကြး ေရာဂါနဲ႔ ပတ္သက္တဲ့ အသိပညာေပး ဗီႏိုင္းပိုစတာေတြကိုလည္း ျမင္သာထင္သာ ရွိတဲ့ေနရာေတြမွာ ထားဖို႔ အစီအစဥ္ေတြ ရွိပါတယ္”ဟု မူဆယ္ ဒုတိယခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးဆန္းလိႈင္က ေျပာသည္။

ေရာဂါကာကြယ္ေရးအတြက္ အသိပညာေပးလုပ္ငန္းမ်ားကို က်န္းမာေရးဦးစီးဌာန၊ စည္ပင္သာယာေရး ဌာန၊ ပညာေရးဌာန၊ ခရိုင္အုပ္ခ်ဳပ္ေရး၊ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးမ်ား၊ လူမႈေရးအဖြဲ႔မ်ားႏွင့္ NGO အဖြဲ႔မ်ားလည္း ပူးေပါင္း လုပ္ေဆာင္ေနေၾကာင္း သိရသည္။

သတင္း  - ေနၿဖိဳးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်ခရိုင်အတွင်း ရာသီတုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး ပညာပေးလုပ်ငန်းများအား ရာသီတုပ်ကွေးအခြေအနေစိတ်ချရသည့်အချိန်ထိ လုပ်ဆောင်သွားမည်ဖြစ်ပြီး ကြက်ဥ/ကြက်သားစားပွဲ လုပ်ရန် အစီအစဉ် မရှိကြောင်း သိရသည်။

“ရာသီတုပ်ကွေးရောဂါ စိတ်ချရတဲ့ အချိန်ရောက်တဲ့အထိ ကြိုတင်ကာကွယ်မှုတွေ လုပ်သွားဦးမှာ ဖြစ်ပါတယ်။ မူဆယ်ခရိုင်အတွင်းမှာ ကတော့ H1N1 ရောဂါနဲ့ပတ်သက်တဲ့ သံသယလူနာတစ်ယောက်မှ မရှိသေးပါဘူး။ အများပြည်သူ အနေနဲ့လည်း တုပ်ကွေးရောဂါနဲ့ပတ်သက်တဲ့ ဆောင်ရန် ရှောင်ရန် အချက်တွေ အတိုင်း လိုက်နာဆောင်ရွက်စေချင်ပါတယ်။ ကျွန်တော်တို့ဖက်ကတော့ တတ်နိုင်သမျှ ကြိုတင်ကာကွယ်မှုတွေ ပညာပေးလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ် “ဟု မူဆယ် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဆန်းလှိုင်က တာချီလိတ်သတင်းအေဂျင်စီ သို့ ပြောသည်။

ရာသီတုပ်ကွေး H1N1 နှင့်ပတ်သက်သည့် ပညာပေးလုပ်ငန်းအဖြစ် လက်ကမ်း စာစောင်များဖြန့်ဝခြေင်း ဆောင်ရွက်ရာတွင် မူဆယ်ခရိုင်ရဲတပ်ဖွဲ့မှ ပါဝင်ကူညီနပြေီး ယာဉ်စည်းကမ်း/လမ်းစည်းကမ်း ပညာပေး လုပ်ငန်းများကိုလည်း ပူးတွဲလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

“အခြားမြို့နယ်တွေမှာလို ရောဂါကင်းစင်ကြောင်းပြသပြီး ကြက်ဥ၊ ကြက်သားစားပွဲတွေတော့ လုပ်ဖို့အစီအစဉ် မရှိသေးပါဘူး။ ဒီကမွေး/ကု ဌာနကနေလည်း ခရိုင်ထဲမှာရှိတဲ့ မွေးမြူရေး လုပ်ငန်းရှင်တွေကို ပညာပေးလုပ်ငန်းတွေ လုပ်တာရှိတယ်။ မွေးမြူရေးလုပ်ငန်းက များများစားစား မရှိတဲ့အတွက် သီးသန့် စီစဉ်ထားတာတော့ မရှိဘူး။ အဓိက ကတော့ H1N1 နဲ့ပတ်သက်တဲ့ ပညာပေးလုပ်ငန်းတွေကို လုပ်ပေးနေပါတယ်။ ခရိုင်အတွင်းက မြို့နယ်(၃)ခု လုံးမှာ ရာသီတုပ်ကွေး ရောဂါနဲ့ ပတ်သက်တဲ့ အသိပညာပေး ဗီနိုင်းပိုစတာတွေကိုလည်း မြင်သာထင်သာ ရှိတဲ့နေရာတွေမှာ ထားဖို့ အစီအစဉ်တွေ ရှိပါတယ်”ဟု မူဆယ် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဆန်းလှိုင်က ပြောသည်။

ရောဂါကာကွယ်ရေးအတွက် အသိပညာပေးလုပ်ငန်းများကို ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေး ဌာန၊ ပညာရေးဌာန၊ ခရိုင်အုပ်ချုပ်ရေး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအဖွဲ့များနှင့် NGO အဖွဲ့များလည်း ပူးပေါင်း လုပ်ဆောင်နေကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့် 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~