ေတာင္က်ေရႏွင့္ ေတာင္ၿပိဳျခင္းမ်ားေၾကာင့္ မုိင္းျဖတ္ၿမိဳ႕နယ္အတြင္း လယ္ဧက ၃၀၀ ေက်ာ္ႏွင့္ လမ္းမ်ားပ်က္စီးၿပီး ငါးေမြးကန္တမံက်ိဳးက်

ေတာင္က်ေရႏွင့္ ေတာင္ၿပိဳျခင္းမ်ားေၾကာင့္ မုိင္းျဖတ္ၿမိဳ႕နယ္အတြင္း လယ္ဧက ၃၀၀ ေက်ာ္ႏွင့္ လမ္းမ်ားပ်က္စီးၿပီး ငါးေမြးကန္တမံက်ိဳးက်
သြဂုတ် 17, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ခ႐ိုင္ ၊ မိုင္းျဖတ္ၿမိဳ႕နယ္တြင္ မိုးအဆက္မျပတ္ရြာသြန္းကာ ၾသဂုတ္လ (၁၆) ရက္ေန႔ ည (၁၁)နာရီခြဲ၀န္းက်င္အခ်ိန္က ေတာင္က်ေရစီးလာျခင္းႏွင့္ ေတာင္ၿပိဳက်ျခင္းမ်ားေၾကာင့္ လယ္ဧက (၃၀၀)ေက်ာ္တြင္ ရႊံ႕ႏြံမ်ားဖံုးလႊမ္းျခင္း၊ လမ္းမ်ားပ်က္စီးျခင္းႏွင့္ ငါးကန္တမံက်ိဳးျခင္းမ်ား ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

လမ္းပိတ္ဆို႔မႈမ်ား ျဖစ္ေပၚေနသည့္ ေနရာမ်ားတြင္ မိုင္းျဖတ္ၿမိဳ႕နယ္ ျပည္သူ႔ေဆာက္လုပ္ေရးလုပ္ငန္းက ရွင္းလင္းျခင္းမ်ားကို ၾသဂုတ္လ (၁၇)ရက္ေန႔တြင္ လုပ္ေဆာင္ေနေၾကာင္း သိရသည္။

ေတာင္က်ေရေၾကာင့္ ေကာင္းမႈရြာႏွင့္ ဘိုရွီးၾကားရိွ ဦးေယာဟန္၏ ငါးေမြးကန္တမံ က်ိဳးက်သြားၿပီး မိုင္းျဖတ္ - မုိင္းဆတ္လမ္း မိုင္တိုင္အမွတ္ (၁၃၅)ႏွင့္ (၁၃၇) ၾကား လမ္းအရွည္ေပ (၇၀၀)တြင္ သဲေက်ာက္ ရႊံ႕ႏြံ မ်ား ဖံုးလႊမ္းျခင္း၊ လမ္းပုခံုးမ်ားအား ေရတိုက္စားခံရျခင္း၊ ကြန္ကရစ္တံတား (၂) စင္းႏွင့္ အရွည္ေပ (၃၀)ရွိ သစ္သားတံတားတို႔တြင္ သဲ ေက်ာက္ ရႊံ႕ႏြံ မ်ား၊ သစ္ပင္ ဝါးပင္မ်ား ဖံုးလႊမ္းသြားေၾကာင္း သိရသည္။

မိုင္းျဖတ္ - မုိင္းဆတ္လမ္း မိုင္တုိင္အမွတ္ (၁၄၄) ႏွင့္ (၁၄၅) ၾကားတြင္လည္း ေတာင္ၿပိဳက်သျဖင့္ လမ္းအရွည္ (၁၅) ေပခန္႔ လမ္းပိတ္ဆို႔သြားၿပီး မိုင္တိုင္အမွတ္ (၁၃၃) ႏွင့္ (၁၃၄) ၾကားရိွ လမ္းအရွည္ေပ (၁၀၀)ခန္႔တြင္ သစ္ပင္ ဝါးပင္ ႏွင့္ ရႊံ႕ႏြံမ်ား ပိတ္ဆို႔လ်က္ရွိေၾကာင္း သိရသည္။

မိုင္းဟဲေက်းရြာအုပ္စုအတြင္းရွိ ေက်းရြာ (၈) ရြာမွ ေတာင္သူ (၁၂၅) ဦးတို႔၏ လယ္ဧက (၃၀၁.၅၇)ဧကတြင္လည္း သဲေက်ာက္ရႊံႏြံမ်ား ဖံုးလႊမ္းသြားေၾကာင္း သိရသည္။

သတင္း -  ကိုသာ


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းကာ သြဂုတ်လ (၁၆) ရက်နေ့ ည (၁၁)နာရီခွဲဝန်းကျင်အချိန်က တောင်ကျရေစီးလာခြင်းနှင့် တောင်ပြိုကျခြင်းများကြောင့် လယ်ဧက (၃၀၀)ကျော်တွင် ရွှံ့နွံများဖုံးလွှမ်းခြင်း၊ လမ်းများပျက်စီးခြင်းနှင့် ငါးကန်တမံကျိုးခြင်းများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

လမ်းပိတ်ဆို့မှုများ ဖြစ်ပေါ်နေသည့် နေရာများတွင် မိုင်းဖြတ်မြို့နယ် ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းက ရှင်းလင်းခြင်းများကို သြဂုတ်လ (၁၇)ရက်နေ့တွင် လုပ်ဆောင်နေကြောင်း သိရသည်။

တောင်ကျရေကြောင့် ကောင်းမှုရွာနှင့် ဘိုရှီးကြားရှိ ဦးယောဟန်၏ ငါးမွေးကန်တမံ ကျိုးကျသွားပြီး မိုင်းဖြတ် - မိုင်းဆတ်လမ်း မိုင်တိုင်အမှတ် (၁၃၅)နှင့် (၁၃၇) ကြား လမ်းအရှည်ပေ (၇၀၀)တွင် သဲကျောက် ရွှံ့နွံ များ ဖုံးလွှမ်းခြင်း၊ လမ်းပုခုံးများအား ရေတိုက်စားခံရခြင်း၊ ကွန်ကရစ်တံတား (၂) စင်းနှင့် အရှည်ပေ (၃၀)ရှိ သစ်သားတံတားတို့တွင် သဲ ကျောက် ရွှံ့နွံ များ၊ သစ်ပင် ဝါးပင်များ ဖုံးလွှမ်းသွားကြောင်း သိရသည်။

မိုင်းဖြတ် - မိုင်းဆတ်လမ်း မိုင်တိုင်အမှတ် (၁၄၄) နှင့် (၁၄၅) ကြားတွင်လည်း တောင်ပြိုကျသဖြင့် လမ်းအရှည် (၁၅) ပေခန့် လမ်းပိတ်ဆို့သွားပြီး မိုင်တိုင်အမှတ် (၁၃၃) နှင့် (၁၃၄) ကြားရှိ လမ်းအရှည်ပေ (၁၀၀)ခန့်တွင် သစ်ပင် ဝါးပင် နှင့် ရွှံ့နွံများ ပိတ်ဆို့လျက်ရှိကြောင်း သိရသည်။

မိုင်းဟဲကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ (၈) ရွာမှ တောင်သူ (၁၂၅) ဦးတို့၏ လယ်ဧက (၃၀၁.၅၇)ဧကတွင်လည်း သဲကျောက်ရွှံနွံများ ဖုံးလွှမ်းသွားကြောင်း သိရသည်။

သတင်း - ကိုသာ 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~