မိုးရာသီတြင္ ႏြံနစ္သည့္ တာခ်ီလိတ္ - မိုင္းတြမ္းလမ္းေပၚ ေမာ္ေတာ္ယာဥ္မ်ား အခ်ိန္ေစာင့္ဆုိင္းသြားလာေနရ

မိုးရာသီတြင္ ႏြံနစ္သည့္ တာခ်ီလိတ္ - မိုင္းတြမ္းလမ္းေပၚ ေမာ္ေတာ္ယာဥ္မ်ား အခ်ိန္ေစာင့္ဆုိင္းသြားလာေနရ
သြဂုတ် 17, 2017
By Tachileik News Agency

မိုးအဆက္မျပတ္ ရြာသြန္းမႈမ်ားေၾကာင့္ ျပဳျပင္ျခင္းမရိွသည့္ တာခ်ီလိတ္ - မိုင္းတြမ္းလမ္းမွာ ခ်ိဳင့္ခြက္မ်ားျဖင့္ ႏြံနစ္ျခင္းမ်ား ျဖစ္ေပၚေနသည့္အတြက္ ယာဥ္မ်ား ခက္ခက္ခဲခဲႏွင့္ အခ်ိန္ၾကာျမင့္စြာ ေမာင္းႏွင္ သြားေနရေၾကာင္း သိရသည္။

"လမ္းက အရမ္း ဆိုးလြန္းေနပါတယ္။ ဖိုး၀ွီး(4x4)ေတြေတာင္ မနည္း တက္ယူေနရတယ္။ လမ္းက အဆင္မေျပလို႔ သြားလာဖို႔ အဆင္ေျပမယ့္ အခ်ိန္ကို ေစာင့္ေနတဲ့ လူေတြက အမ်ားႀကီးပဲ"ဟု တာခ်ီလိတ္မွ မိုင္းတြမ္းသို႔ သြားသည့္ ယာဥ္ေမာင္းတစ္ဦးက ေျပာသည္။

အဆိုပါ လမ္းသည္ ႏွစ္စဥ္ မိုးရာသီကာလမ်ားတြင္ ယာဥ္မ်ား သြားလာရခက္ခဲမႈ ျဖစ္ေပၚေလ့ရွိေၾကာင္း ႏွင့္ ၾသဂုတ္လ(၁၇)ရက္ေန႔အထိ လမ္းမေကာင္း၍ ယာဥ္တန္းရွည္မ်ား ေစာင့္ဆိုင္းေနရသည္အထိ ျဖစ္ေနရေၾကာင္းလည္း သိရသည္။

"တာခ်ီလိတ္ - မိုင္းဆတ္သြားလမ္း နဲ႔ မိုင္းတြမ္းသြားလမ္းေပၚ လမ္းအသံုးျပဳခဆိုၿပီး ေကာက္တာကေတာ့ မ်ားတယ္။ ဒါေပမယ့္ လမ္းကေတာ့ အခုလိုျဖစ္ေနတယ္။ လမ္းကို ေရရွည္အတြက္ တာ၀န္ရွိသူေတြ ညႇိႏႈိင္းေဆာင္ရြက္ၿပီး ျပဳျပင္ေပးႏိုင္မယ္ဆိုရင္ သိပ္ေကာင္းမွာပဲဗ်ာ"ဟု ယာဥ္ေမာင္း ကိုစိုင္းလွက တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။

တာခ်ီလိတ္မွ မိုင္းတြမ္း၊ မိုင္းဆတ္၊ မိုင္းတံုၿမိဳ႕မ်ားသို႔ ေန႔စဥ္ကူးသန္းသြားလာမႈႏွင့္ ကုန္စည္ပို႔ေဆာင္မႈမ်ား အတြက္ အဆိုပါလမ္းပိုုင္းကို အဓိက အသံုးျပဳေနရၿပီး ေန႔စဥ္ယာဥ္အစီးေရမ်ားစြာ ျဖတ္သန္း သြားလာေနသည့္ လမ္းပိုင္းျဖစ္သည္။



~~~~~~~~⊰❂ unicode ~~~~~~~~

မိုးအဆက်မပြတ် ရွာသွန်းမှုများကြောင့် ပြုပြင်ခြင်းမရှိသည့် တာချီလိတ် - မိုင်းတွမ်းလမ်းမှာ ချိုင့်ခွက်များဖြင့် နွံနစ်ခြင်းများ ဖြစ်ပေါ်နေသည့်အတွက် ယာဉ်များ ခက်ခက်ခဲခဲနှင့် အချိန်ကြာမြင့်စွာ မောင်းနှင် သွားနေရကြောင်း သိရသည်။

"လမ်းက အရမ်း ဆိုးလွန်းနေပါတယ်။ ဖိုးဝှီး(4x4)တွေတောင် မနည်း တက်ယူနေရတယ်။ လမ်းက အဆင်မပြေလို့ သွားလာဖို့ အဆင်ပြေမယ့် အချိန်ကို စောင့်နေတဲ့ လူတွေက အများကြီးပဲ"ဟု တာချီလိတ်မှ မိုင်းတွမ်းသို့ သွားသည့် ယာဉ်မောင်းတစ်ဦးက ပြောသည်။

အဆိုပါ လမ်းသည် နှစ်စဉ် မိုးရာသီကာလများတွင် ယာဉ်များ သွားလာရခက်ခဲမှု ဖြစ်ပေါ်လေ့ရှိကြောင်း နှင့် သြဂုတ်လ(၁၇)ရက်နေ့အထိ လမ်းမကောင်း၍ ယာဉ်တန်းရှည်များ စောင့်ဆိုင်းနေရသည်အထိ ဖြစ်နေရကြောင်းလည်း သိရသည်။

"တာချီလိတ် - မိုင်းဆတ်သွားလမ်း နဲ့ မိုင်းတွမ်းသွားလမ်းပေါ် လမ်းအသုံးပြုခဆိုပြီး ကောက်တာကတော့ များတယ်။ ဒါပေမယ့် လမ်းကတော့ အခုလိုဖြစ်နေတယ်။ လမ်းကို ရေရှည်အတွက် တာဝန်ရှိသူတွေ ညှိနှိုင်းဆောင်ရွက်ပြီး ပြုပြင်ပေးနိုင်မယ်ဆိုရင် သိပ်ကောင်းမှာပဲဗျာ"ဟု ယာဉ်မောင်း ကိုစိုင်းလှက တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

တာချီလိတ်မှ မိုင်းတွမ်း၊ မိုင်းဆတ်၊ မိုင်းတုံမြို့များသို့ နေ့စဉ်ကူးသန်းသွားလာမှုနှင့် ကုန်စည်ပို့ဆောင်မှုများ အတွက် အဆိုပါလမ်းပိုင်းကို အဓိက အသုံးပြုနေရပြီး နေ့စဉ်ယာဉ်အစီးရေများစွာ ဖြတ်သန်း သွားလာနေသည့် လမ်းပိုင်းဖြစ်သည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~