လားရိႈးတြင္ ၾကက္ငွက္တုပ္ေကြး ကာကြယ္ေရး ေစ်းကြက္ျဖန္႔မည့္ၾကက္မ်ားအား ဓါတ္ခြဲစစ္ေဆး

လားရိႈးတြင္ ၾကက္ငွက္တုပ္ေကြး ကာကြယ္ေရး ေစ်းကြက္ျဖန္႔မည့္ၾကက္မ်ားအား ဓါတ္ခြဲစစ္ေဆး
သြဂုတ် 6, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရိႈးၿမိဳ႕တြင္ ၾကက္ငွက္တုပ္ေကြး ႀကိဳတင္ကာကြယ္ေရးအျဖစ္ ၾကက္သားေစ်းကြက္သို႔ ျဖန္႔ျဖဴးမည့္ ၾကက္ဒိုင္မ်ားမွ ၾကက္မ်ားတြင္ ေရာဂါရိွ၊ မရိွ ဓါတ္ခြဲစစ္ေဆးျခင္းကို ၾသဂုတ္လ (၅)ရက္ေန႔က လုပ္ေဆာင္ထားေၾကာင္း သိရသည္။

“ဓါတ္ခြဲခန္းနဲ႔ ပူးေပါင္းၿပီးေတာ့ ေသြး နမူနာယူတာတို႔၊ တို႔ပတ္ နမူနာယူတာတို႔ လုပ္တာပါ။ ေရာဂါရိွ မရိွ စမ္းသပ္ဖို႔ သြားယူူတာပါ။ ရပ္ကြက္(၉)မွာရိွတဲ့ ၾကက္ဒိုင္ (၆)ဒိုင္မွာ သြားစစ္ေဆးတာ။ ေက်ာက္မဲတို႔၊ ျပင္ဦးလြင္တို႔ စတဲ့ ေဒသေတြကေန တင္သြင္းလာတဲ့ အသားစားၾကက္၊ ဥစားၾကက္ေတြကို ဒီမွာျပန္ျဖန္႔တဲ့ ဒိုင္ေတြကို သြားစစ္ေဆးတာပါ”ဟု လားရိႈးၿမိဳ႕နယ္ ေမြးျမဴေရးႏွင့္ ကုသေရးဦးစီးဌာန ၿမိဳ႕နယ္ဦးစီးမွဴး ေဒါက္တာ စိုးႏုိင္ဝင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေစ်းကြက္အတြင္း ျဖန္႔မည့္ ၾကက္မ်ားတြင္ ေရာဂါရိွမရိွဓါတ္ခြဲစစ္ေဆးျခင္းအား လားရိႈးၿမိဳ႕ရိွ ဓါတ္ခြဲခန္းတြင္ လုပ္ေဆာင္ေနသျဖင့္ ရက္သတၱပတ္တစ္ပတ္အတြင္း အေျဖထြက္လာႏုိင္ေၾကာင္း သိရၿပီး ၾကက္ငွက္ တုပ္ေကြး ကာကြယ္ေရး လုပ္ငန္းမ်ားကို သက္ဆိုင္ရာဌာနမ်ား ပူးေပါင္း၍ ဆက္လက္ လုပ္ေဆာင္ သြားမည္ျဖစ္ေၾကာင္း သိရသည္။

“ ဒီေန႔ ဓါတ္ခြဲခန္း ပို႔ေနပါၿပီ။ ဒီမွာပဲ စစ္တာဆိုေတာ့ စစ္ေဆးမႈအေျဖကလည္း အခ်ိန္ၾကာၾကာေတာ့ မေစာင့္ရပါဘူး။ ၾကက္တုပ္ေကြးကာကြယ္ေရးအတြက္  ဂိတ္ေတြကို စစ္ေဆးတာလုပ္မယ္။ ၾကက္ၿခံေတြကို လုိက္စစ္ေဆးတယ္။ ေနာက္ထပ္ ေစ်းကြက္ထဲမွာ စစ္ေဆးမယ္ေပါ့။ ကၽြန္ေတာ္တုိ ႔ဌာနအေနနဲ႔က စားသံုးသူေရးရာ အပုိင္းကေနၿပီးေတာ့ သက္ဆုိင္ရာ ဌာနေတြနဲ႔ ပူးေပါင္းလုပ္ေဆာင္ သြားမွာပါ”ဟု ရွမ္းျပည္နယ္ေျမာက္ပိုင္း စားသံုးသူေရးရာဦးစီးဌာနမွ ဒုတိယျပည္နယ္ဦးစီးမွဴး ဦးေဇာ္မင္းသန္းက တာခ်ီလိတ္ သတင္းေအဂ်င္စီသို႔ ေျပာသည္။

လားရိႈးၿမိဳ႕တြင္ ေမြးျမဴေရးႏွင့္ ကုသေရးဦးစီးဌာနထံတြင္ မွတ္ပံုတင္ထားသည့္ ၾကက္ေမြးျမဴေရးၿခံ (၅၀)ခန္႔ရိွၿပီး အဆိုပါ ၾကက္ၿခံမ်ားတြင္ ေရာဂါပိုးမဝင္ေစရန္ ဇီဝလံုၿခံဳမႈျမႇင့္တင္ေရးကိုလည္း လုပ္ေဆာင္ ေနေၾကာင္း သိရသည္။

“ၾကက္ၿခံေတြမွာေတာ့ ဇီဝလံုၿခံဳမႈျမႇင့္တင္တာကိုလုပ္တာေပါ့။ ဥပမာ ငွက္ရိုင္းေတြနဲ႔ မထိေတြ႕ေအာင္၊ လူစိမ္းအဝင္အထြက္ေတြ မလုပ္ေအာင္ အသိေပးတာေပါ့။ ပိုးသတ္ေဆးျဖန္းတာတို႔ေပါ့ တစ္ျခားေဒသက ေရာဂါကူးစက္မႈမရိွေအာင္လုပ္တာကို အသိပညာေပးလုပ္ေပးထားပါတယ္”ဟု လားရိႈးၿမိဳ႕နယ္ ေမြးျမဴေရးႏွင့္ ကုသေရးဦးစီးဌာန ၿမိဳ႕နယ္ဦးစီးမွဴး ေဒါက္တာ စိုးႏုိင္ဝင္းက ေျပာသည္။

အနယ္နယ္ အရပ္ရပ္မွ ၾကက္မ်ားကို လားရိႈးၿမိဳ႕ ၾကက္သားေစ်းကြက္အတြင္းျဖန္႕ျဖဴးေနသည့္ လားရိႈးၿမိဳ႕ ရပ္ကြက္ (၆)မွ ၾကက္ဒိုင္မ်ားမွ ၾကက္မ်ားအား ဓါတ္ခြဲစမ္းသပ္ေရး ေသြး၊တို႔ပတ္နမူနာရယူျခင္းအတြက္ ေမြးျမဴေရးႏွင့္ ကုသေရးဦးစီးဌာန၊ စားသံုးသူေရးရာဦးစီးဌာန၊ စည္ပင္သာယာေရးဦးစီးဌာန၊ ရပ္ကြက္ အုပ္ခ်ဳပ္ေရးရံုးမွ တာဝန္ရိွသူမ်ား၊ မီးသတ္တပ္ဖြဲ႕ဝင္မ်ား စုစုေပါင္း (၁၂)ဦးပါဝင္သည့္အဖြဲ႕ျဖင့္ ေဆာင္ရြက္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

သတင္း  - ခ်ယ္ရီထုိက္
ဓါတ္ပံု  - STT



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ကြက်ငှက်တုပ်ကွေး ကြိုတင်ကာကွယ်ရေးအဖြစ် ကြက်သားဈေးကွက်သို့ ဖြန့်ဖြူးမည့် ကြက်ဒိုင်များမှ ကြက်များတွင် ရောဂါရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်းကို သြဂုတ်လ (၅)ရက်နေ့က လုပ်ဆောင်ထားကြောင်း သိရသည်။

“ဓာတ်ခွဲခန်းနဲ့ ပူးပေါင်းပြီးတော့ သွေး နမူနာယူတာတို့၊ တို့ပတ် နမူနာယူတာတို့ လုပ်တာပါ။ ရောဂါရှိ မရှိ စမ်းသပ်ဖို့ သွားယူတာပါ။ ရပ်ကွက်(၉)မှာရှိတဲ့ ကြက်ဒိုင် (၆)ဒိုင်မှာ သွားစစ်ဆေးတာ။ ကျောက်မဲတို့၊ ပြင်ဦးလွင်တို့ စတဲ့ ဒေသတွေကနေ တင်သွင်းလာတဲ့ အသားစားကြက်၊ ဥစားကြက်တွေကို ဒီမှာပြန်ဖြန့်တဲ့ ဒိုင်တွေကို သွားစစ်ဆေးတာပါ”ဟု လားရှိုးမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာ စိုးနိုင်ဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဈေးကွက်အတွင်း ဖြန့်မည့် ကြက်များတွင် ရောဂါရှိမရှိဓာတ်ခွဲစစ်ဆေးခြင်းအား လားရှိုးမြို့ရှိ ဓာတ်ခွဲခန်းတွင် လုပ်ဆောင်နေသဖြင့် ရက်သတ္တပတ်တစ်ပတ်အတွင်း အဖြေထွက်လာနိုင်ကြောင်း သိရပြီး ကြက်ငှက် တုပ်ကွေး ကာကွယ်ရေး လုပ်ငန်းများကို သက်ဆိုင်ရာဌာနများ ပူးပေါင်း၍ ဆက်လက် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။

“ ဒီနေ့ ဓာတ်ခွဲခန်း ပို့နေပါပြီ။ ဒီမှာပဲ စစ်တာဆိုတော့ စစ်ဆေးမှုအဖြေကလည်း အချိန်ကြာကြာတော့ မစောင့်ရပါဘူး။ ကြက်တုပ်ကွေးကာကွယ်ရေးအတွက် ဂိတ်တွေကို စစ်ဆေးတာလုပ်မယ်။ ကြက်ခြံတွေကို လိုက်စစ်ဆေးတယ်။ နောက်ထပ် ဈေးကွက်ထဲမှာ စစ်ဆေးမယ်ပေါ့။ ကျွန်တော်တို့ဌာနအနေနဲ့က စားသုံးသူရေးရာ အပိုင်းကနပြေီးတော့ သက်ဆိုင်ရာ ဌာနတွေနဲ့ ပူးပေါင်းလုပ်ဆောင် သွားမှာပါ”ဟု ရှမ်းပြည်နယ်မြောက်ပိုင်း စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူး ဦးဇော်မင်းသန်းက တာချီလိတ် သတင်းအေဂျင်စီသို့ ပြောသည်။

လားရှိုးမြို့တွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနထံတွင် မှတ်ပုံတင်ထားသည့် ကြက်မွေးမြူရေးခြံ (၅၀)ခန့်ရှိပြီး အဆိုပါ ကြက်ခြံများတွင် ရောဂါပိုးမဝင်စေရန် ဇီဝလုံခြုံမှုမြှင့်တင်ရေးကိုလည်း လုပ်ဆောင် နေကြောင်း သိရသည်။

“ကြက်ခြံတွေမှာတော့ ဇီဝလုံခြုံမှုမြှင့်တင်တာကိုလုပ်တာပေါ့။ ဥပမာ ငှက်ရိုင်းတွေနဲ့ မထိတွေ့အောင်၊ လူစိမ်းအဝင်အထွက်တွေ မလုပ်အောင် အသိပေးတာပေါ့။ ပိုးသတ်ဆေးဖြန်းတာတို့ပေါ့ တစ်ခြားဒေသက ရောဂါကူးစက်မှုမရှိအောင်လုပ်တာကို အသိပညာပေးလုပ်ပေးထားပါတယ်”ဟု လားရှိုးမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာ စိုးနိုင်ဝင်းက ပြောသည်။

အနယ်နယ် အရပ်ရပ်မှ ကြက်များကို လားရှိုးမြို့ ကြက်သားဈေးကွက်အတွင်းဖြန့်ဖြူးနေသည့် လားရှိုးမြို့ ရပ်ကွက် (၆)မှ ကြက်ဒိုင်များမှ ကြက်များအား ဓာတ်ခွဲစမ်းသပ်ရေး သွေး၊တို့ပတ်နမူနာရယူခြင်းအတွက် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးဦးစီးဌာန၊ ရပ်ကွက် အုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ စုစုပေါင်း (၁၂)ဦးပါဝင်သည့်အဖွဲ့ဖြင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သတင်း - ချယ်ရီထိုက်
ဓာတ်ပုံ - STT

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~