ေလာပိတ ေရအားလွ်ပ္စစ္ဝန္ထမ္းမိသားစုႏွင့္ ေဒသခံေတာင္သူမ်ားအၾကား ေျမယာအျငင္းပြား၍ တရားစြဲမႈမ်ားအား တရားမွ်တစြာေျဖရွင္းေပးရန္ ေတာင္သူမ်ားေတာင္းဆို

ေလာပိတ ေရအားလွ်ပ္စစ္ဝန္ထမ္းမိသားစုႏွင့္ ေဒသခံေတာင္သူမ်ားအၾကား ေျမယာအျငင္းပြား၍ တရားစြဲမႈမ်ားအား တရားမွ်တစြာေျဖရွင္းေပးရန္ ေတာင္သူမ်ားေတာင္းဆို
သြဂုတ် 31, 2017
By Tachileik News Agency

ကယားျပည္နယ္ လိြဳင္ေကာ္ၿမိဳ႕နယ္ ေလာပိတေက်းရြာအုပ္စု ေလာကထူးေက်းရြာတြင္ မူရင္းေျမပိုင္ရွင္ ဌာေနတိုင္းရင္းသားမ်ားကို တရားစြဲဆိုထားသည့္ အေပၚ တရားမွ်တစြာ ေျဖရွင္းေပးရန္ ေတာင္သူမ်ားက ေတာင္းဆိုလုိက္သည္။

“ကြ်န္ေတာ့္ ေျမကို ျပန္လိုခ်င္တယ္။ ဘာလို႔လဲဆို ကြ်န္ေတာ္ အသက္ႀကီးၿပီ။ ေနာက္လာမယ့္ ကြ်န္ေတာ့္ သားသမီးအတြက္ ေျမးျမစ္အတြက္ အေမြက ဒါပဲရွိတယ္။ ဒီေျမနဲ႔ပဲ လုပ္ကိုင္စားေနရလို႕ပါ "ဟု တရားစြဲခံထားရသည့္ ေတာင္သူတစ္ဦးျဖစ္သည့္ ဦးထိုးရယ္က ေျပာသည္။

ေလာပိတေရအား လွ်ပ္စစ္စက္ရုံအမွတ္(၁)မွ ဝန္ထမ္းမိသားစုမ်ားက ေလာကထူးေက်းရြာရွိ ေတာင္သူ (၆)ဦးအား ယာေျမမ်ားက်ဴးေက်ာ္လုပ္ကိုင္ေနသည္ဟုဆိုကာ ၂၀၁၇ ခုႏွစ္ ေမလ (၂၄)ရက္ေန႔တြင္ လိြဳင္ေကာ္ၿမိဳ႕နယ္ တရားရုံးတြင္ တရားစြဲဆိုထားျခင္းျဖစ္ေၾကာင္း သိရသည္။

" ကၽြန္ေတာ္ ၁၉၇၇ ခုႏွွစ္က ၿခံစလုပ္တာ ခုခ်ိန္ထိပါ။ ကြ်န္ေတာ့္ၿခံနဲ႔ ပတ္သက္ၿပီး အမ်ိဳးမ်ိဳး ကြ်န္ေတာ့္ကို လာေႏွာက္ယွက္တယ္။ နံပါတ္တစ္ တဲမီးလာရႈိ႕ခံရတယ္။ နံပါတ္ႏွစ္ စစ္သားနဲ႕လာေမာင္းထုတ္ခိုင္းတယ္။ နံပါတ္သုံး ရဲစခန္းကို ေခၚသြားတယ္။ အမ်ိဳးမ်ိဳးလာ ၿခိမ္းေျခာက္တယ္။ အဲဒါၿပီးသြားၿပီလားဆို မၿပီးဘူး ထပ္ၿပီး တရားစြဲတာခံရတယ္”ဟု ဦးထိုးရယ္က ဆိုသည္။

ပိုင္နက္က်ဴးလြန္သည္ဟုဆိုကာ တရားစြဲဆိုခံထားရေသာ ယာေျမမ်ားမွာ ေလာပိတေရအားလွ်ပ္စစ္စက္ရုံ မတည္ေဆာက္မီ ၁၉၇၇ ခုႏွစ္ကတည္းက ဘိုးဘြားစဥ္ဆက္လုပ္ကိုင္လာၾကျခင္းျဖစ္ၿပီး စက္ရုံစီမံကိန္း စတင္ခ်ိန္တြင္ ယခုတရားစြဲဆိုခံရသည့္ေတာင္သူမ်ား ေျပာင္းေရႊ႕ခဲ့ရျခင္းျဖစ္ေၾကာင္း အဆိုပါ ေတာင္သူမ်ားက ဆိုသည္။

ေလာကထူးေက်းရြာမွ ေတာင္သူမ်ားျဖစ္သည့္ ဦးထိုးရယ္၊ ဦးေဆာ္ရယ္၊ ဦးစိုးရယ္၊ ဦးထားရုတို႔အား ေလာပိတေရအားလွ်ပ္စစ္ စက္ရုံအမွတ္(၁)မွ စက္ရုံဝန္ထမ္းမိသားစု အမ်ိဳးသမီး(၄)ဦးမွ တရားလို ျပဳလုပ္ကာ ေမလ ၂၄ ရက္ေန႔တြင္ တရားစြဲဆိုခဲ့ျခင္းျဖစ္ၿပီး တစ္လခန္႔အၾကာတြင္ ခူးလူရယ္ႏွင့္ ေဒၚမဲမိုတို႔ကိုလည္း ပိုင္နက္က်ဴးလြန္မႈျဖင့္ ထပ္မံတရားစြဲဆိုခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

"ကၽြန္မတို႔ တရားရုံးခဏခဏသြားေနရတာ အရမ္းအလုပ္အကိုင္ပ်က္တယ္။ ေထာင္ခ်မယ္ဆိုလည္း ကၽြန္မတို႔ တစ္ခါတည္း ဝင္လိုက္မယ္။ ကၽြန္မက စာလည္းမတတ္ဘူး။ ကၽြန္မမွာ ဒီေျမတစ္ကြက္ပဲ ရွိတယ္"ဟု တရားစြဲဆိုခံထားရသူ ေဒၚမဲမိုက ေျပာသည္။

ေလာပိတစက္ရုံဝန္ထမ္းမ်ားႏွင့္ ေလာကထူးေက်းရြာ ေတာင္သူမ်ား အၾကား ေျမယာျပႆနာမ်ား ျဖစ္ပြားေနရာ တရားစြဲဆိုခံထားရသူေပါင္း (၃၄)ဦးရိွေနေၾကာင္း သိရၿပီး တရားစြဲဆိုခံထားရသည့္ ေတာင္သူမ်ားအတြက္ ကရင္နီျပည္ေတာင္သူလယ္သမား သမဂၢက ကူညီေဆာင္ရြက္ေပးေနေၾကာင္း သိရသည္။

သတင္း - ဆန္းၿဖိဳးထြန္း



~~~~~~~~⊰❂ unicode ~~~~~~~~

ကယားပြည်နယ် လွိုင်ကော်မြို့နယ် လောပိတကျေးရွာအုပ်စု လောကထူးကျေးရွာတွင် မူရင်းမြေပိုင်ရှင် ဌာနေတိုင်းရင်းသားများကို တရားစွဲဆိုထားသည့် အပေါ် တရားမျှတစွာ ဖြေရှင်းပေးရန် တောင်သူများက တောင်းဆိုလိုက်သည်။

“ကျွန်တော့် မြေကို ပြန်လိုချင်တယ်။ ဘာလို့လဲဆို ကျွန်တော် အသက်ကြီးပြီ။ နောက်လာမယ့် ကျွန်တော့် သားသမီးအတွက် မြေးမြစ်အတွက် အမွေက ဒါပဲရှိတယ်။ ဒီမြေနဲ့ပဲ လုပ်ကိုင်စားနေရလို့ပါ "ဟု တရားစွဲခံထားရသည့် တောင်သူတစ်ဦးဖြစ်သည့် ဦးထိုးရယ်က ပြောသည်။

လောပိတရေအား လျှပ်စစ်စက်ရုံအမှတ်(၁)မှ ဝန်ထမ်းမိသားစုများက လောကထူးကျေးရွာရှိ တောင်သူ (၆)ဦးအား ယာမြေများကျူးကျော်လုပ်ကိုင်နေသည်ဟုဆိုကာ ၂၀၁၇ ခုနှစ် မေလ (၂၄)ရက်နေ့တွင် လွိုင်ကော်မြို့နယ် တရားရုံးတွင် တရားစွဲဆိုထားခြင်းဖြစ်ကြောင်း သိရသည်။

" ကျွန်တော် ၁၉၇၇ ခုနှစ်က ခြံစလုပ်တာ ခုချိန်ထိပါ။ ကျွန်တော့်ခြံနဲ့ ပတ်သက်ပြီး အမျိုးမျိုး ကျွန်တော့်ကို လာနှောက်ယှက်တယ်။ နံပါတ်တစ် တဲမီးလာရှို့ခံရတယ်။ နံပါတ်နှစ် စစ်သားနဲ့လာမောင်းထုတ်ခိုင်းတယ်။ နံပါတ်သုံး ရဲစခန်းကို ခေါ်သွားတယ်။ အမျိုးမျိုးလာ ခြိမ်းခြောက်တယ်။ အဲဒါပြီးသွားပြီလားဆို မပြီးဘူး ထပ်ပြီး တရားစွဲတာခံရတယ်”ဟု ဦးထိုးရယ်က ဆိုသည်။

ပိုင်နက်ကျူးလွန်သည်ဟုဆိုကာ တရားစွဲဆိုခံထားရသော ယာမြေများမှာ လောပိတရေအားလျှပ်စစ်စက်ရုံ မတည်ဆောက်မီ ၁၉၇၇ ခုနှစ်ကတည်းက ဘိုးဘွားစဉ်ဆက်လုပ်ကိုင်လာကြခြင်းဖြစ်ပြီး စက်ရုံစီမံကိန်း စတင်ချိန်တွင် ယခုတရားစွဲဆိုခံရသည့်တောင်သူများ ပြောင်းရွှေ့ခဲ့ရခြင်းဖြစ်ကြောင်း အဆိုပါ တောင်သူများက ဆိုသည်။

လောကထူးကျေးရွာမှ တောင်သူများဖြစ်သည့် ဦးထိုးရယ်၊ ဦးဆော်ရယ်၊ ဦးစိုးရယ်၊ ဦးထားရုတို့အား လောပိတရေအားလျှပ်စစ် စက်ရုံအမှတ်(၁)မှ စက်ရုံဝန်ထမ်းမိသားစု အမျိုးသမီး(၄)ဦးမှ တရားလို ပြုလုပ်ကာ မေလ ၂၄ ရက်နေ့တွင် တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး တစ်လခန့်အကြာတွင် ခူးလူရယ်နှင့် ဒေါ်မဲမိုတို့ကိုလည်း ပိုင်နက်ကျူးလွန်မှုဖြင့် ထပ်မံတရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ကျွန်မတို့ တရားရုံးခဏခဏသွားနေရတာ အရမ်းအလုပ်အကိုင်ပျက်တယ်။ ထောင်ချမယ်ဆိုလည်း ကျွန်မတို့ တစ်ခါတည်း ဝင်လိုက်မယ်။ ကျွန်မက စာလည်းမတတ်ဘူး။ ကျွန်မမှာ ဒီမြေတစ်ကွက်ပဲ ရှိတယ်"ဟု တရားစွဲဆိုခံထားရသူ ဒေါ်မဲမိုက ပြောသည်။

လောပိတစက်ရုံဝန်ထမ်းများနှင့် လောကထူးကျေးရွာ တောင်သူများ အကြား မြေယာပြဿနာများ ဖြစ်ပွားနေရာ တရားစွဲဆိုခံထားရသူပေါင်း (၃၄)ဦးရှိနေကြောင်း သိရပြီး တရားစွဲဆိုခံထားရသည့် တောင်သူများအတွက် ကရင်နီပြည်တောင်သူလယ်သမား သမဂ္ဂက ကူညီဆောင်ရွက်ပေးနေကြောင်း သိရသည်။

သတင်း - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~