ေက်ာက္မဲၿမိဳ႕နယ္မွ တကၠသိုလ္ဝင္တန္း ဂုဏ္ထူးရွင္ ၁၂၉ ဦးအား ဂုဏ္ျပဳဆုခ်ီးျမႇင့္

ေက်ာက္မဲၿမိဳ႕နယ္မွ တကၠသိုလ္ဝင္တန္း ဂုဏ္ထူးရွင္ ၁၂၉ ဦးအား ဂုဏ္ျပဳဆုခ်ီးျမႇင့္
သြဂုတ် 27, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕နယ္မွ ၂၀၁၆ - ၂၀၁၇ ပညာသင္ႏွစ္ တကၠသိုလ္ဝင္တန္း စာေမးပြဲ ဂုဏ္ထူးရ ေက်ာင္းသူ/ေက်ာင္းသားမ်ား၊ ဂုဏ္ထူးရဘာသာရပ္သင္ ဆရာ/ဆရာမမ်ား၊ ဘက္စံုထူးခၽြန္ ေက်ာင္းသား/ေက်ာင္းသူမ်ားႏွင့္ ေအာင္ခ်က္အေကာင္းဆံုးေက်ာင္းမ်ားအား ၾသဂုတ္လ(၂၇)ရက္ေန႔က ေက်ာက္မဲၿမိဳ႕တြင္ ဂုဏ္ျပဳဆုခ်ီးျမႇင့္ေၾကာင္း သိရသည္။

အဆိုပါ အခမ္းအနားတြင္ (၄)ဘာသာ ဂုဏ္ထူး ရွင္(၁၀)ဦး၊ (၃)ဘာသာ ဂုဏ္ထူးရွင္(၁၄)ဦး၊ (၂)ဘာသာ ဂုဏ္ထူးရွင္(၁၈)ဦး၊ (၁)ဘာသာ ဂုဏ္ထူးရွင္ (၈၇)ဦး ၊ စုစုေပါင္း ဂုဏ္ထူးရွင္ (၁၂၉)ဦးတို႔အား ဂုဏ္ျပဳဆုေငြမ်ား ေပးအပ္ရာ (၄)ဘာသာ ဂုဏ္ထူးရွင္မ်ားအတြက္ တစ္ဦးလွ်င္ က်ပ္(၁)သိန္း၊ (၃)ဘာသာ ဂုဏ္ထူးရွင္တစ္ဦးလွ်င္ က်ပ္(၆၀၀၀၀)၊ ႏွစ္ဘာသာ ဂုဏ္ထူးရွင္တစ္ဦးလ်ွင္ က်ပ္(၃၅၀၀၀)ႏွင့္ တစ္ဘာသာ ဂုဏ္ထူးရွင္တစ္ဦးလွ်င္ က်ပ္(၁၅၀၀၀)ျဖင့္ အသီးသီး ဆုခ်ီးျမႇင့္ျခင္းျဖစ္ေၾကာင္း သိရသည္။

ေက်ာက္မဲၿမိဳ႕ အမွတ္(၁)ရပ္ကြက္ရွိ ၿမိဳ႕က်က္သေရေဆာင္ခန္းမတြင္ က်င္းပသည့္ အဆိုပါ ဂုဏ္ျပဳဆု ခ်ီးျမွင့္ပြဲအခမ္းအနားသို႔ စစ္ဆင္ေရးကြပ္ကဲမႈဌာနခ်ဳပ္မွဴး၊ ေက်ာက္မဲခရိုင္အေထြေထြအုပ္ခ်ဳပ္ေရးမွဴး၊ ေက်ာက္မဲၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးမွဴး၊ ခရိုင္ရဲတပ္ဖြဲ႔မွဴး၊ ၿမိဳ႕နယ္ရဲတပ္ဖြဲ႔မွဴး၊ ခရိုင္ၿမိဳ႕နယ္အဆင့္ ဌာနဆိုင္ရာတာဝန္ရိွသူမ်ား၊ ဆရာ/ဆရာမမ်ားႏွင့္ ေက်ာင္းသားေက်ာင္းသူမ်ားအပါအဝင္ စုစုေပါင္း လူဦးေရ(၅၀၀)ခန္႔ တက္ေရာက္ၾကေၾကာင္း သတင္းရရွိသည္။

သတင္း - ေနၿဖိဳးျမင့္
ဓာတ္ပံု - kmm


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ်မှ ၂၀၁၆ - ၂၀၁၇ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဂုဏ်ထူးရ ကျောင်းသူ/ကျောင်းသားများ၊ ဂုဏ်ထူးရဘာသာရပ်သင် ဆရာ/ဆရာမများ၊ ဘက်စုံထူးချွန် ကျောင်းသား/ကျောင်းသူများနှင့် အောင်ချက်အကောင်းဆုံးကျောင်းများအား သြဂုတ်လ(၂၇)ရက်နေ့က ကျောက်မဲမြို့တွင် ဂုဏ်ပြုဆုချီးမြှင့်ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် (၄)ဘာသာ ဂုဏ်ထူး ရှင်(၁၀)ဦး၊ (၃)ဘာသာ ဂုဏ်ထူးရှင်(၁၄)ဦး၊ (၂)ဘာသာ ဂုဏ်ထူးရှင်(၁၈)ဦး၊ (၁)ဘာသာ ဂုဏ်ထူးရှင် (၈၇)ဦး၊ စုစုပေါင်း ဂုဏ်ထူးရှင် (၁၂၉)ဦးတို့အား ဂုဏ်ပြုဆုငွေများ ပေးအပ်ရာ (၄)ဘာသာ ဂုဏ်ထူးရှင်များအတွက် တစ်ဦးလျှင် ကျပ်(၁)သိန်း၊ (၃)ဘာသာ ဂုဏ်ထူးရှင်တစ်ဦးလျှင် ကျပ်(၆၀၀၀၀)၊ နှစ်ဘာသာ ဂုဏ်ထူးရှင်တစ်ဦးလျှင် ကျပ်(၃၅၀၀၀)နှင့် တစ်ဘာသာ ဂုဏ်ထူးရှင်တစ်ဦးလျှင် ကျပ်(၁၅၀၀၀)ဖြင့် အသီးသီး ဆုချီးမြှင့်ခြင်းဖြစ်ကြောင်း သိရသည်။

ကျောက်မဲမြို့ အမှတ်(၁)ရပ်ကွက်ရှိ မြို့ကျက်သရေဆောင်ခန်းမတွင် ကျင်းပသည့် အဆိုပါ ဂုဏ်ပြုဆု ချီးမြှင့်ပွဲအခမ်းအနားသို့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး၊ ကျောက်မဲခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး၊ ကျောက်မဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ခရိုင်မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသားကျောင်းသူများအပါအဝင် စုစုပေါင်း လူဦးရေ(၅၀၀)ခန့် တက်ရောက်ကြကြောင်း သတင်းရရှိသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - kmm

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~