တာခ်ီလိတ္တြင္ မိုးသက္ေလျပင္းတိုက္ခတ္၍ ဖန္မင္ေက်းရြာအုပ္စုရွိ စာသင္ေက်ာင္းေပၚ သစ္ပင္လဲက်

တာခ်ီလိတ္တြင္ မိုးသက္ေလျပင္းတိုက္ခတ္၍ ဖန္မင္ေက်းရြာအုပ္စုရွိ စာသင္ေက်ာင္းေပၚ သစ္ပင္လဲက်
သြဂုတ် 24, 2017
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕နယ္တြင္ ၾသဂုတ္လ(၂၄)ရက္ေန႔ အကူးအခ်ိန္က မိုးသက္ေလျပင္း တိုက္ခတ္မႈေၾကာင့္ ဖန္မင္ေက်းရြာအုပ္စုရွိ စာသင္ေက်ာင္းတစ္ေက်ာင္းေပၚ သစ္ပင္ လဲက်မႈ ျဖစ္ေပၚခဲ့ရာ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴး ႏွင့္ အဖြဲ႔မွ သြားေရာက္ရွင္းလင္းခဲ့ရေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕နယ္၊ ဖန္မင္ေက်းရြာအုပ္စု၊ မယ္ယန္းေက်းရြာရွိ အေျခခံပညာအလယ္တန္းေက်ာင္း(မယ္ဟုတ္)တြင္  ၾသဂုတ္လ(၂၄)ရက္ေန႔ (၀၀း၅၀)နာရီ၀န္းက်င္ အခ်ိန္က  ေတာေဂြးသီးပင္ အမ်ဳိးအစား သင္ပင္မွာ ေက်ာင္းအေဆာက္အဦးေပၚ လဲက်ရာမွ ခန္႔မွန္း ဆံုးရႈံးမႈတန္ဖိုး က်ပ္(၃)သိန္း ၀န္းက်င္ ရွိခဲ့ေၾကာင္း သိရသည္။

အဆိုပါ ေက်ာင္းသို႔ ဖန္မင္ေက်းရြာအုပ္ခ်ဳပ္ေရးမွဴး ဦးလွသိန္းႏွင့္ အဖြဲ႔၀င္မ်ား၊ ေက်းရြာအတြင္းရွိ ရြာမိရြာဖမ်ား၊ တာ၀န္ရွိသူမ်ား စသည္တို႔မွ သြားေရာက္ ရွင္းလင္းခဲ့ေၾကာင္း ႏွင့္ ယင္းက့ဲသို႔ ျဖစ္ပြားမႈေၾကာင့္ ထိခိုက္ဒဏ္ရာ ရွရိမႈမရွိေၾကာင္း သိရွိရသည္။



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်တွင် သြဂုတ်လ(၂၄)ရက်နေ့ အကူးအချိန်က မိုးသက်လပြေင်း တိုက်ခတ်မှုကြောင့် ဖန်မင်ကျေးရွာအုပ်စုရှိ စာသင်ကျောင်းတစ်ကျောင်းပေါ် သစ်ပင် လဲကျမှု ဖြစ်ပေါ်ခဲ့ရာ ကျေးရွာအုပ်ချုပ်ရေးမှူး နှင့် အဖွဲ့မှ သွားရောက်ရှင်းလင်းခဲ့ရကြောင်း သိရသည်။

တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စု၊ မယ်ယန်းကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်း(မယ်ဟုတ်)တွင် သြဂုတ်လ(၂၄)ရက်နေ့ (ဝဝး၅၀)နာရီဝန်းကျင် အချိန်က တောဂွေးသီးပင် အမျိုးအစား သင်ပင်မှာ ကျောင်းအဆောက်အဦးပေါ် လဲကျရာမှ ခန့်မှန်း ဆုံးရှုံးမှုတန်ဖိုး ကျပ်(၃)သိန်း ဝန်းကျင် ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ကျောင်းသို့ ဖန်မင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှသိန်းနှင့် အဖွဲ့ဝင်များ၊ ကျေးရွာအတွင်းရှိ ရွာမိရွာဖများ၊ တာဝန်ရှိသူများ စသည်တို့မှ သွားရောက် ရှင်းလင်းခဲ့ကြောင်း နှင့် ယင်းကဲ့သို့ ဖြစ်ပွားမှုကြောင့် ထိခိုက်ဒဏ်ရာ ရှရိမှုမရှိကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~