လားရိႈး ၾကက္သားေစ်းကြက္သို႔ ျဖန္႔မည့္ ၾကက္ၿခံမ်ားအား သံုးလတစ္ႀကိမ္ ဓာတ္ခြဲစစ္ေဆးမည္

လားရိႈး ၾကက္သားေစ်းကြက္သို႔ ျဖန္႔မည့္ ၾကက္ၿခံမ်ားအား သံုးလတစ္ႀကိမ္ ဓာတ္ခြဲစစ္ေဆးမည္
သြဂုတ် 27, 2017
By Tachileik News Agency

ရွမ္းျပည္နယ္ (ေျမာက္ပိုင္း) လားရိႈးတြင္ ၾကက္ငွက္တုပ္ေကြး ကာကြယ္ေရးအျဖစ္ ေစ်းကြက္ျဖန္႔မည့္ ၾကက္မ်ားအား သံုးလတစ္ႀကိမ္ ဓာတ္ခြဲစစ္ေဆးမႈမ်ား လုပ္ေဆာင္မည္ျဖစ္ၿပီး ၾသဂုတ္လအတြင္း ပထမအႀကိမ္ ဓာတ္ခြဲစစ္ေဆးမႈတြင္ ေရာဂါပိုးမေတြ႔ရေၾကာင္း သိရသည္။

“ကၽြန္ေတာ္တို႔ဌာနကေန ေစ်းကြက္ပို႔မယ့္ၾကက္ၿခံေတြကို သံုးလတစ္ႀကိမ္ ေသြးေဖာက္စစ္ေဆးဖို႔ရိွပါတယ္။ ေမြးျမဴေရးၿခံေတြကိုေတာ့ ရံဖန္ရံခါစစ္ေဆးသြားမွာပါ။ ပထမတစ္ႀကိမ္ ဓာတ္ခြဲခန္းအေျဖမွာလည္း ဘာေရာဂါမွ မေတြ႔ရပါဘူး။ ဒီအေၾကာင္းကိုလည္း ဓာတ္ခြဲခန္းက ၾကက္ၿခံေတြကို စာပို႔သြားမယ္လို႔ သိရပါတယ္။ ဒီမွာ ၾကက္သားေစ်းကြက္ကလည္း ပံုမွန္အေနအထားမွာပဲ ရိွပါတယ္”ဟု လားရိႈးၿမိဳ႕နယ္ ေမြးျမဴေရးႏွင့္ ကုသေရးဦးစီးဌာန ၿမိဳ႕နယ္ဦးစီးမွဴး ေဒါက္တာ စိုးႏုိင္ဝင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ၾကက္ငွက္တုပ္ေကြး ႀကိဳတင္ကာကြယ္ေရးအျဖစ္ လားရိႈးၿမိဳ႕ၾကက္သား ေစ်းကြက္သို႔ ျဖန္႔မည့္ ၾကက္ဒိုင္မ်ားမွ ၾကက္မ်ားကို ဓာတ္ခြဲစစ္ေဆးျခင္းအား ၾသဂုတ္လ (၅) ရက္ေန႔မွစတင္၍ လုပ္ေဆာင္ခဲ့ျခင္း ျဖစ္သည္။

“လားရိႈးၿမိဳ႕နယ္ ေမြးျမဴေရးႏွင့္ကုသေရး ဦးစီးဌာနကို လွမ္းေမးၾကည့္လိုက္ေတာ့ သူတို႔ ဓာတ္ခြဲစစ္ေဆးေနတဲ့ ၾကက္ဒိုင္ေတြက ၾကက္ေတြမွာ ၾကက္ငွက္တုပ္ေကြးေရာဂါပိုး မေတြ႔ရွိရဘူးလို႔ သိရပါတယ္။ ေရာဂါပိုး ကင္းရွင္းတယ္ဆိုေတာ့ ပံုမွန္အတိုင္း ေစ်းကြက္ကို ျဖန္႔ျဖဴးဖို႔ အဆင္ေျပသြားၿပီျဖစ္ပါတယ္” ဟု စားသံုးသူ ေရးရာဦးစီးဌာန လားရႈိးမွ ဒုတိယျပည္နယ္ဦးစီးမွဴး ဦးေဇာ္မင္းသန္းက တာခ်ီလိတ္သတင္းေအဂ်င္စီ သို႔ ေျပာသည္။

လားရိႈးၿမိဳ႕တြင္ ေမြးျမဴေရးႏွင့္ကုသေရးဦးစီးဌာနထံတြင္ မွတ္ပံုတင္ထားသည့္ ၾကက္ေမြးျမဴေရးၿခံ(၅၀)ခန္႔ရွိၿပီး အဆိုပါၾကက္ၿခံမ်ားတြင္လည္း ေရာဂါပိုးမဝင္ေစရန္ ဇီဝလံုၿခံဳမႈျမွင့္တင္ေရးကိုလည္း လုပ္ေဆာင္ထားေၾကာင္း သိရွိရသည္။

သတင္း - ေနၿဖဳိးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးတွင် ကြက်ငှက်တုပ်ကွေး ကာကွယ်ရေးအဖြစ် ဈေးကွက်ဖြန့်မည့် ကြက်များအား သုံးလတစ်ကြိမ် ဓာတ်ခွဲစစ်ဆေးမှုများ လုပ်ဆောင်မည်ဖြစ်ပြီး သြဂုတ်လအတွင်း ပထမအကြိမ် ဓာတ်ခွဲစစ်ဆေးမှုတွင် ရောဂါပိုးမတွေ့ရကြောင်း သိရသည်။

“ကျွန်တော်တို့ဌာနကနေ ဈေးကွက်ပို့မယ့်ကြက်ခြံတွေကို သုံးလတစ်ကြိမ် သွေးဖောက်စစ်ဆေးဖို့ရှိပါတယ်။ မွေးမြူရေးခြံတွေကိုတော့ ရံဖန်ရံခါစစ်ဆေးသွားမှာပါ။ ပထမတစ်ကြိမ် ဓာတ်ခွဲခန်းအဖြေမှာလည်း ဘာရောဂါမှ မတွေ့ရပါဘူး။ ဒီအကြောင်းကိုလည်း ဓာတ်ခွဲခန်းက ကြက်ခြံတွေကို စာပို့သွားမယ်လို့ သိရပါတယ်။ ဒီမှာ ကြက်သားဈေးကွက်ကလည်း ပုံမှန်အနေအထားမှာပဲ ရှိပါတယ်”ဟု လားရှိုးမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာ စိုးနိုင်ဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကြက်ငှက်တုပ်ကွေး ကြိုတင်ကာကွယ်ရေးအဖြစ် လားရှိုးမြို့ကြက်သား ဈေးကွက်သို့ ဖြန့်မည့် ကြက်ဒိုင်များမှ ကြက်များကို ဓာတ်ခွဲစစ်ဆေးခြင်းအား သြဂုတ်လ (၅) ရက်နေ့မှစတင်၍ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

“လားရှိုးမြို့နယ် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနကို လှမ်းမေးကြည့်လိုက်တော့ သူတို့ ဓာတ်ခွဲစစ်ဆေးနေတဲ့ ကြက်ဒိုင်တွေက ကြက်တွေမှာ ကြက်ငှက်တုပ်ကွေးရောဂါပိုး မတွေ့ရှိရဘူးလို့ သိရပါတယ်။ ရောဂါပိုး ကင်းရှင်းတယ်ဆိုတော့ ပုံမှန်အတိုင်း ဈေးကွက်ကို ဖြန့်ဖြူးဖို့ အဆင်ပြေသွားပြီဖြစ်ပါတယ်” ဟု စားသုံးသူ ရေးရာဦးစီးဌာန လားရှိုးမှ ဒုတိယပြည်နယ်ဦးစီးမှူး ဦးဇော်မင်းသန်းက တာချီလိတ်သတင်းအေဂျင်စီ သို့ ပြောသည်။

လားရှိုးမြို့တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနထံတွင် မှတ်ပုံတင်ထားသည့် ကြက်မွေးမြူရေးခြံ(၅၀)ခန့်ရှိပြီး အဆိုပါကြက်ခြံများတွင်လည်း ရောဂါပိုးမဝင်စေရန် ဇီဝလုံခြုံမှုမြှင့်တင်ရေးကိုလည်း လုပ်ဆောင်ထားကြောင်း သိရှိရသည်။

သတင်း - နဖြေိုးမြင့် 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~