မေကြးတုိင္းအတြင္း ခ်င္းေက်ာင္းသား/ေက်ာင္းသူမ်ားအား မူလတန္းသင္ရိုးအျပင္ ခ်င္းစာေပျဖည့္စြက္ သင္ၾကားေန

မေကြးတုိင္းအတြင္း ခ်င္းေက်ာင္းသား/ေက်ာင္းသူမ်ားအား မူလတန္းသင္ရိုးအျပင္ ခ်င္းစာေပျဖည့္စြက္ သင္ၾကားေန
သြဂုတ် 7, 2017
By Tachileik News Agency

မေကြးတိုင္းေဒသႀကီးအတြင္း ခ်င္းတိုင္းရင္းသား ေက်ာင္းသား/ေက်ာင္းသူ (၆၆၈၃) ဦးရိွေနရာ မူလသင္႐ိုးမ်ားတြင္ ခ်င္းစာေပမ်ား ျဖည့္စြက္သင္ၾကားေပးလ်က္႐ွိေၾကာင္း မေကြးတုိင္းေဒသႀကီး အစိုးရအဖြဲ႕ ခ်င္းတိုင္းရင္းသားလူမ်ိဳးေရးရာဝန္ႀကီးထံမွ သိရသည္။

“အစိုးရအဖြဲ႔က ေဒသဖံြ႔ၿဖိဳးမႈနဲ႔ စီးပြားေရးဖံြ႔ၿဖိဳးမႈလုပ္ေဆာင္ေပးတဲ့ ေနရာမွာ ခ်င္းတိုင္းရင္းသားေတြ ေနထိုင္တဲ့ ေဒသေတြက သီးျခားနယ္ေျမေတြ မဟုတ္ေတာ႔ အားလံုးအက်ံဳး ၀င္ပါတယ္။ ဒါေၾကာင့္ သီးျခား ေငြေၾကးေတာင္းခံၿပီး ဖြံ႔ၿဖိဳးေရးလုပ္ငန္းေတြ လုပ္ေဆာင္ေပးဖို႔က အေရးႀကီးတဲ့ လိုအပ္ခ်က္ မဟုတ္တာေၾကာင္႔ ၀န္ႀကီးဌာနအေနနဲ႔ စာေပ၊ယဥ္ေက်းမႈ႐ိုးရာ ဓေလ႔ထံုးစံျမႇင့္ တင္ေရးတာ၀န္နဲ႔ တိုင္းရင္းသား အခြင္႔အေရး ကာကြယ္ျမႇင္႔တင္ေရး တာ၀န္ႏွစ္ခုပဲ အေလးေပး ေဆာင္ရြက္လ်က္ ရိွေနပါတယ္” ဟု ခ်င္းတိုင္းရင္းသား လူမ်ိဳးေရးရာ၀န္ႀကီး ဦးလွထြန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ခ်င္းတိုင္းရင္းသားမ်ား၏ စာေပ၊ ယဥ္ေက်းမႈ႐ိုးရာဓေလ႔ထံုးစံႏွင့္ အခြင္႔အေရးျမႇင့္ တင္ႏုိင္ေရးတို႔ကို မေကြးတုိင္းေဒသႀကီးအစိုးရအဖြဲ႕ဝင္ ခ်င္းတိုင္းရင္းသားလူမ်ိဳးေရးရာ ဝန္ႀကီးအေနျဖင္႔ မေကြးတိုင္း ေဒသႀကီး အတြင္းရိွ ၿမိဳ႕နယ္အသီးသီး၌ ခ်င္းတိုင္းရင္းသားစာေပႏွင္႔ယဥ္ေက်းမႈအသင္း (၂၀)သင္း ဖြဲ႔စည္းထား႐ွိၿပီး ၿမိဳ႕နယ္(၁၂)ၿမိဳ႕နယ္႐ွိ ေက်ာင္း(၁၅)ေက်ာင္းတြင္ ခ်င္းတိုင္းရင္းသား ေက်ာင္းသား/ ေက်ာင္းသူ (၆၆၈၃) ဦးအား မူလသင္႐ိုးမ်ားအျပင္ ခ်င္းစာေပမ်ား ျဖည္႔စြက္ သင္ၾကားေပးလ်က္႐ွိေၾကာင္း ၀န္ႀကီးဌာနမွတ္တမ္းမ်ားအရ သိရသည္။

တိုင္းေဒသႀကီးအတြင္း႐ွိ ၿမိဳ႕နယ္အသီးသီး၌ ဟားခါးခ်င္း(၁၁,၀၄၂)ဦး ၊ ဇိုတုန္ခ်င္း(၁,၇၄၈)ဦး ၊ ႐ိုးေတာင္ခ်င္း (၆၄)ဦး ၊ ခ်ိဳခ်င္း (၁၄၅)ဦး ၊ ဖလမ္းခ်င္း (၄)ဦး ၊ တီးတိန္ခ်င္း (၂)ဦး ၊ အပၸဴး(ခ)ခ်င္းပံုခ်င္း (၁၄,၃၂၀)ဦး ၊မယင္းခ်င္း(၆,၀၂၀)ဦး ၊မင္းက်ခ်င္း(၅,၉၁၂)ဦး ၊အ႐ိႈခ်င္း(၆၅,၁၂၅)ဦး အေျခခ်ေနထိုင္သည့္ အတြက္ တိုင္းေဒသႀကီးအတြင္းရိွလူဦးေရအားလံုး၏ (၂ဒသမ၅) ရာခိုင္ႏႈန္း႐ွိၿပီး ေတာင္သားခ်င္းမ်ား ရိွေသာ္လည္း လူဦးေရအတိအက် စာရင္း မသိရိွရေသးေၾကာင္း သိရသည္။

သတင္း - ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးတိုင်းဒေသကြီးအတွင်း ချင်းတိုင်းရင်းသား ကျောင်းသား/ကျောင်းသူ (၆၆၈၃) ဦးရှိနေရာ မူလသင်ရိုးများတွင် ချင်းစာပေများ ဖြည့်စွက်သင်ကြားပေးလျက်ရှိကြောင်း မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ချင်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးထံမှ သိရသည်။

“အစိုးရအဖွဲ့က ဒေသဖွံ့ဖြိုးမှုနဲ့ စီးပွားရေးဖွံ့ဖြိုးမှုလုပ်ဆောင်ပေးတဲ့ နေရာမှာ ချင်းတိုင်းရင်းသားတွေ နေထိုင်တဲ့ ဒေသတွေက သီးခြားနယ်မြေတွေ မဟုတ်တော့ အားလုံးအကျုံး ဝင်ပါတယ်။ ဒါကြောင့် သီးခြား ငွေကြေးတောင်းခံပြီး ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ဆောင်ပေးဖို့က အရေးကြီးတဲ့ လိုအပ်ချက် မဟုတ်တာကြောင့် ဝန်ကြီးဌာနအနေနဲ့ စာပေ၊ယဉ်ကျေးမှုရိုးရာ ဓလေ့ထုံးစံမြှင့် တင်ရေးတာဝန်နဲ့ တိုင်းရင်းသား အခွင့်အရေး ကာကွယ်မြှင့်တင်ရေး တာဝန်နှစ်ခုပဲ အလေးပေး ဆောင်ရွက်လျက် ရှိနေပါတယ်” ဟု ချင်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးလှထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ချင်းတိုင်းရင်းသားများ၏ စာပေ၊ ယဉ်ကျေးမှုရိုးရာဓလေ့ထုံးစံနှင့် အခွင့်အရေးမြှင့် တင်နိုင်ရေးတို့ကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ချင်းတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးအနဖြေင့် မကွေးတိုင်း ဒေသကြီး အတွင်းရှိ မြို့နယ်အသီးသီး၌ ချင်းတိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်း (၂၀)သင်း ဖွဲ့စည်းထားရှိပြီး မြို့နယ်(၁၂)မြို့နယ်ရှိ ကျောင်း(၁၅)ကျောင်းတွင် ချင်းတိုင်းရင်းသား ကျောင်းသား/ ကျောင်းသူ (၆၆၈၃) ဦးအား မူလသင်ရိုးများအပြင် ချင်းစာပေများ ဖြည့်စွက် သင်ကြားပေးလျက်ရှိကြောင်း ဝန်ကြီးဌာနမှတ်တမ်းများအရ သိရသည်။

တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီး၌ ဟားခါးချင်း(၁၁,ဝ၄၂)ဦး၊ ဇိုတုန်ချင်း(၁,၇၄၈)ဦး၊ ရိုးတောင်ချင်း (၆၄)ဦး၊ ချိုချင်း (၁၄၅)ဦး၊ ဖလမ်းချင်း (၄)ဦး၊ တီးတိန်ချင်း (၂)ဦး၊ အပ္ပူး(ခ)ချင်းပုံချင်း (၁၄,၃၂၀)ဦး၊မယင်းချင်း(၆,ဝ၂၀)ဦး၊မင်းကျချင်း(၅,၉၁၂)ဦး၊အရှိုချင်း(၆၅,၁၂၅)ဦး အခြေချနေထိုင်သည့် အတွက် တိုင်းဒေသကြီးအတွင်းရှိလူဦးရေအားလုံး၏ (၂ဒသမ၅) ရာခိုင်နှုန်းရှိပြီး တောင်သားချင်းများ ရှိသော်လည်း လူဦးရေအတိအကျ စာရင်း မသိရှိရသေးကြောင်း သိရသည်။

သတင်း - ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~