တာခ်ီလိတ္ၿမိဳ႕တြင္ ၾသဂုတ္လအတြင္း စားပြဲတင္ တင္းနစ္ၿပိဳင္ပြဲ ႏွင့္ ပိုက္ေက်ာ္ျခင္း ၿပိဳင္ပြဲ က်င္းပျပဳလုပ္မည္

တာခ်ီလိတ္ၿမိဳ႕တြင္ ၾသဂုတ္လအတြင္း စားပြဲတင္ တင္းနစ္ၿပိဳင္ပြဲ ႏွင့္ ပိုက္ေက်ာ္ျခင္း ၿပိဳင္ပြဲ က်င္းပျပဳလုပ္မည္
သြဂုတ် 9, 2017
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕တြင္ ခရိုင္စီမံခန္႔ခြဲမႈေကာ္မတီ ဥကၠဌဖလား လူသစ္တန္း/အလြတ္တန္း ပိုက္ေက်ာ္ျခင္းၿပိဳင္ပြဲ ႏွင့္ ၿမိဳ႕နယ္စီမံခန္႔ခြဲမႈေကာ္မတီ ဥကၠဌဖလား လူသစ္တန္း/အလြတ္တန္း စားပြဲတင္ တင္းနစ္ၿပိဳင္ပြဲတို႔အား ၾသဂုတ္လအတြင္း က်င္းပျပဳလုပ္မည္ျဖစ္ရာ ၿပိဳင္ပြဲ မက်င္းပမီ (၂)ရက္အလိုအထိ တာခ်ီလိတ္ၿမိဳ႕ရွိ ခရိုင္အားကစားခန္းမ(မိုးလံုေလလံု အားကစားရံု)သို႔ လာေရာက္ စာရင္းေပးသြင္းႏိုင္ေၾကာင္း သိရသည္။

ၿမိဳ႕နယ္စီမံခန္႔ခြဲမႈေကာ္မတီ ဥကၠဌ ဖလား လူသစ္တန္း ႏွင့္ အလြတ္တန္း စားပြဲတင္ တင္းနစ္ၿပိဳင္ပြဲအား ၾသဂုတ္လ(၁၈)ရက္ေန႔တြင္လည္းေကာင္း၊ ခရိုင္စီမံခန္႔ခြဲမႈေကာ္မတီ ဥကၠဌဖလား လူသစ္တန္းႏွင့္ အလြတ္တန္း ပိုက္ေက်ာ္ျခင္း ၿပိဳင္ပြဲအား ၾသဂုတ္လ(၂၉)ရက္ေန႔တြင္လည္းေကာင္း ခရိုင္အားကစားခန္းမ(မိုးလံုေလလံု အားကစားရံု)တြင္ သတ္မွတ္ရက္မ်ားအလိုက္ က်င္းပျပဳလုပ္သြားမည္ျဖစ္ေၾကာင္း သိရွိရသည္။



~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့တွင် ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌဖလား လူသစ်တန်း/အလွတ်တန်း ပိုက်ကျော်ခြင်းပြိုင်ပွဲ နှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌဖလား လူသစ်တန်း/အလွတ်တန်း စားပွဲတင် တင်းနစ်ပြိုင်ပွဲတို့အား သြဂုတ်လအတွင်း ကျင်းပပြုလုပ်မည်ဖြစ်ရာ ပြိုင်ပွဲ မကျင်းပမီ (၂)ရက်အလိုအထိ တာချီလိတ်မြို့ရှိ ခရိုင်အားကစားခန်းမ(မိုးလုံလေလုံ အားကစားရုံ)သို့ လာရောက် စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဖလား လူသစ်တန်း နှင့် အလွတ်တန်း စားပွဲတင် တင်းနစ်ပြိုင်ပွဲအား သြဂုတ်လ(၁၈)ရက်နေ့တွင်လည်းကောင်း၊ ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌဖလား လူသစ်တန်းနှင့် အလွတ်တန်း ပိုက်ကျော်ခြင်း ပြိုင်ပွဲအား သြဂုတ်လ(၂၉)ရက်နေ့တွင်လည်းကောင်း ခရိုင်အားကစားခန်းမ(မိုးလုံလေလုံ အားကစားရုံ)တွင် သတ်မှတ်ရက်များအလိုက် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~