ဖရူဆိုၿမိဳ႕နယ္မွ ႏုိင္ငံပိုင္ ပိုးစာၿခံ ျပန္လည္ျပဳျပင္ထိန္းသိမ္းၿပီး ပိုးေမြးျမဴေရး ျပန္လည္လုပ္ကိုင္မည္

ဖရူဆိုၿမိဳ႕နယ္မွ ႏုိင္ငံပိုင္ ပိုးစာၿခံ ျပန္လည္ျပဳျပင္ထိန္းသိမ္းၿပီး ပိုးေမြးျမဴေရး ျပန္လည္လုပ္ကိုင္မည္
သြဂုတ် 30, 2017
By 🌸
ကယားျပည္နယ္ ၊ ဖရူဆိုၿမိဳ႕နယ္ ၊ ထီးေပါ့ဆိုေက်းရြာအုပ္စု ၊ ထီးစကလူေဒါေက်းရြာရွိ ႏိုင္ငံပိုင္ ပိုးစာၿခံအား ျပည္လည္ျပဳျပင္ထိန္းသိမ္း၍ ပိုးစာလုပ္ငန္းမ်ား ျပည္လည္လုပ္ေဆာင္သြားမည္ ျဖစ္ေၾကာင္း သိရသည္။

" ပိုးစာၿခံသည္ ယခင္က ပိုးစာပင္မ်ားႏွင့္ လယ္ယာထြက္သီးႏွံမ်ား စိုက္ပ်ိဳးျဖစ္ထြန္းေအာင္ျမင္ခဲ့သျဖင့္ ျပန္လည္တိုးခ်ဲ႕စိုက္ပ်ိဳးသြားမည္ျဖစ္ၿပီး ကြ်ဲ/ႏြားလႊတ္ေက်ာင္းျခင္းမ်ားမွ ကာကြယ္ရန္ႏွင့္ သြပ္ဆူးႀကိဳး ႏွင့္ အုတ္တံတိုင္း ကာရံ၍ ပိုးစာပင္ စိုက္ပ်ိဳးျခင္း၊ ပိုးေမြးျမဴျခင္းလုပ္ငန္းမ်ားကို တိုးခ်ဲ႕ ေဆာင္ရြက္သြားမွာျဖစ္ပါတယ္ "ဟု ကယားျပည္နယ္ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီး ဦးေဘာ့စကိုက ေျပာသည္။

ဧက (၁၀၀)ေက်ာ္ရိွသည့္ ပိုးစာၿခံမွာ လက္ရိွတြင္ ပိုးစာပင္မ်ား စိုက္ပ်ိဳးျခင္းမရွိဘဲ အေဆာက္ဦမ်ားမွာလည္း ပ်က္စီးေနသျဖင့္ ႏြားမ်ားလႊတ္ေက်ာင္းရာေနရာ ျဖစ္ေနေၾကာင္း သိရသည္။

"ကြ်န္ေတာ္ ဖရူဆိုေရာက္တိုင္း ျဖတ္သြားတယ္ ။ ပိုးစာၿခံလို႔သာေျပာတယ္။ မသုံးတာၾကာေတာ့ ခ်ံဳေတြနဲ႕ျပည့္ေနတယ္။ အေဆာက္အဦေတြလည္း ႏွေျမာစရာေကာင္းတယ္။ တခ်ိဳ႕ဆို ပ်က္ေနၿပီေပါ့။ ႏြားေတြလည္း ဝင္လိုဝင္ေပါ့။ ျပန္ထိန္းသိမ္းၿပီး လူထုအတြက္ အက်ိဳးျပဳလုပ္ငန္းေလး ေဖာ္ေဆာင္ေပးရင္ ေကာင္းတာေပါ့”ဟု ဒီးေမာ့ဆိုၿမိဳ႕မွ ဦးဆူရယ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ ပိုးစာၿခံအားျပန္လည္ထိန္းသိမ္းရန္အစီအစဥ္ ရိွ/မရိွကို ဖရူဆိုၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးခင္ေမာင္ထြန္းက ၾသဂုတ္လ (၂၉)ရက္ေန႔တြင္ က်င္းပသည့္ ဒုတိယအႀကိမ္ ကယားျပည္နယ္လႊတ္ေတာ္ သတၱမပံုမွန္အစည္းအေဝးတြင္ ေမးျမန္းခဲ့ျခင္းျဖစ္သည္။

သတင္း #ဆန္းၿဖိဳးထြန္း

~~~~~~~~⊰❂ unicode ~~~~~~~~

ဖရူဆိုမြို့နယ်မှ နိုင်ငံပိုင် ပိုးစာခြံ ပြန်လည်ပြုပြင်ထိန်းသိမ်းပြီး ပိုးမွေးမြူရေး ပြန်လည်လုပ်ကိုင်မည်
************
ကယားပြည်နယ် ၊ ဖရူဆိုမြို့နယ် ၊ ထီးပေါ့ဆိုကျေးရွာအုပ်စု ၊ ထီးစကလူဒေါကျေးရွာရှိ နိုင်ငံပိုင် ပိုးစာခြံအား ပြည်လည်ပြုပြင်ထိန်းသိမ်း၍ ပိုးစာလုပ်ငန်းများ ပြည်လည်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

" ပိုးစာခြံသည် ယခင်က ပိုးစာပင်များနှင့် လယ်ယာထွက်သီးနှံများ စိုက်ပျိုးဖြစ်ထွန်းအောင်မြင်ခဲ့သဖြင့် ပြန်လည်တိုးချဲ့စိုက်ပျိုးသွားမည်ဖြစ်ပြီး ကျွဲ/နွားလွှတ်ကျောင်းခြင်းများမှ ကာကွယ်ရန်နှင့် သွပ်ဆူးကြိုး နှင့် အုတ်တံတိုင်း ကာရံ၍ ပိုးစာပင် စိုက်ပျိုးခြင်း၊ ပိုးမွေးမြူခြင်းလုပ်ငန်းများကို တိုးချဲ့ ဆောင်ရွက်သွားမှာဖြစ်ပါတယ် "ဟု ကယားပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဘော့စကိုက ပြောသည်။

ဧက (၁၀၀)ကျော်ရှိသည့် ပိုးစာခြံမှာ လက်ရှိတွင် ပိုးစာပင်များ စိုက်ပျိုးခြင်းမရှိဘဲ အဆောက်ဦများမှာလည်း ပျက်စီးနေသဖြင့် နွားများလွှတ်ကျောင်းရာနေရာ ဖြစ်နေကြောင်း သိရသည်။

"ကျွန်တော် ဖရူဆိုရောက်တိုင်း ဖြတ်သွားတယ် ။ ပိုးစာခြံလို့သာပြောတယ်။ မသုံးတာကြာတော့ ချုံတွေနဲ့ပြည့်နေတယ်။ အဆောက်အဦတွေလည်း နှမြောစရာကောင်းတယ်။ တချို့ဆို ပျက်နေပြီပေါ့။ နွားတွေလည်း ဝင်လိုဝင်ပေါ့။ ပြန်ထိန်းသိမ်းပြီး လူထုအတွက် အကျိုးပြုလုပ်ငန်းလေး ဖော်ဆောင်ပေးရင် ကောင်းတာပေါ့”ဟု ဒီးမော့ဆိုမြို့မှ ဦးဆူရယ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ ပိုးစာခြံအားပြန်လည်ထိန်းသိမ်းရန်အစီအစဉ် ရှိ/မရှိကို ဖရူဆိုမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ထွန်းက သြဂုတ်လ (၂၉)ရက်နေ့တွင် ကျင်းပသည့် ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် သတ္တမပုံမှန်အစည်းအဝေးတွင် မေးမြန်းခဲ့ခြင်းဖြစ်သည်။

သတင်း၊ဓါတ်ပုံ #ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~