Update News

က်ဳိင္းတံုၿမိဳ႕တြင္ ေထာက္ခံခ်က္မရွိသည့္ ေရသန္႔လုပ္ငန္း (၂)ခုအား ထုတ္လုပ္မႈ ပိတ္သိမ္း


ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ က်ဳိင္းတံုၿမိဳ႕တြင္ အစားအေသာက္ႏွင့္ေဆး၀ါးကြပ္ကဲေရးဦးစီးဌာန(FDA)၏ ေထာက္ခံခ်က္မရွိသည့္ ေရသန္႔လုပ္ငန္း(၂)ခုအား ဇူလိုင္လ(၁၃)ရက္ေန႔ ၾကာသပေတးေန႔က စ၍ ထုတ္လုပ္မႈ ပိတ္သိမ္း လိုက္ေၾကာင္း သိရသည္။

"FDAရဲ႕ ေထာက္ခံခ်က္မရိွေသးတဲ့ ေသာက္ေရသန္ ့လုပ္ငန္းႏွစ္ခုျဖစ္တဲ့ စိတ္စြမ္းအင္နဲ ့ စိန္လင္းလတ္ တို႔ကို ဒီေန ့ ပိတ္သိမ္းလိုက္ပါတယ္။ သူတို ့က လက္မွတ္မရိွေသးလို႔ လက္မွတ္ေလွ်ာက္ထားဖို ့အတြက္ ႀကိဳၿပီးေတာ့လည္း အေၾကာင္းၾကားထားတယ္။ အခ်ိန္(၂)လလည္း ေက်ာ္ေနၿပီ။ ဒါေပမယ့္ လာလည္း မေလွ်ာက္ဘူး၊ ဒါေၾကာင့္ FDAက ထုတ္လုပ္ခြင့္ ပိတ္သိမ္းလိုက္တာပါ။"ဟု က်ိဳင္းတုံခရိုင္ စားသုံးသူ အျငင္းပြားမႈေျဖရွင္းေရးအဖြဲ ့မွ အတြင္းေရးမွဴး ဦးသန္းစုိးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

စိတ္ႀကိဳက္၊ ေရႊခ်ယ္ရီ၊ စိတ္စြမ္းအားႏွင့္ စိန္လင္းလတ္ စသည့္ ေရသန္႔လုပ္ငန္းမ်ားအား ခရိုင္အစား အေသာက္ႏွင့္ ေဆး၀ါးကြပ္ကဲေရး ဦးစီးဌာန ဦးေဆာင္ေသာ ပူးေပါင္းအဖြဲ ့ျဖင့္ ယေန ့ဇူလိုင္လ(၁၃)ရက္ေန႔တြင္ ကြင္းဆင္းစစ္ေဆးခဲ့ရာ ေထာက္ခံခ်က္ကို ေလွ်ာက္ထားျခင္း မရိွသည့္အျပင္ ေရသန္ ့လုပ္ငန္းမ်ားအား FDA မွ သတ္မွတ္ထားေသာ စံခ်ိန္စံႏႈန္းမ်ားႏွင့္လည္း ကိုက္ညီမႈမရိွသည့္ အတြက္ FDAက ယခုကဲ့သို ့ ပိတ္သိမ္းလိုက္ျခင္းျဖစ္ေၾကာင္း သိရသည္။

"အျငင္းပြားမႈ ေျဖရွင္းေရးအဖြဲ႕ရဲ႕ အစည္းအေ၀း ဆုံးျဖတ္ခ်က္အရ က်ိဳင္းတုံၿမိဳ႕မွာ ရိွေနတဲ ့ ေရသန္ ့စက္ရံုေပါင္း (၁၄)စက္မွာ မင္စိမ္းနဲ ့ လျပည္၀န္း (၂)ခုဘဲ FDAရဲ ့ ေထာက္ခံခ်က္ရိွ ထားတဲ့အတြက္ က်န္တာေတြကို ေထာက္ခံခ်က္ရေအာင္ ေလွ်ာက္ဖို ့အတြက္ ေရသန္႔လုပ္ငန္းေတြကို အသိေပးတာေတြ လုပ္ၿပီးပါၿပီ။ အခုေတာ့ ကြင္းဆင္းစစ္ေဆးတာေတြကိုလည္း FDAရဲ႕ အစီအစဥ္နဲ႔ စလုပ္ ေနပါၿပီ။ ဒီေန ့ ကတ္ေတာင္၊ ကတ္ဖ ဘက္က ေရသန္ ့လုပ္ငန္း (၄)ခုကို စစ္ပါတယ္။ က်န္တဲ့ ေရသန္ ့စက္ (၁၀)စက္ကိုလည္း ဆက္ၿပီး စစ္ေဆးသြားဦးမွာပါ။"ဟု က်ိဳင္းတုံခရိုင္ စားသုံးသူ အျငင္းပြားမႈေျဖရွင္းေရးအဖြဲ ့မွ အတြင္းေရးမွဴး ဦးသန္းစုိးက ေျပာသည္။

အစားအေသာက္ႏွင့္ ေဆး၀ါးကြပ္ကဲေရးဦးစီးဌာန၏ ေထာက္ခံခ်က္လက္မွတ္ ရရိွႏိုင္ရန္အတြက္ အခ်ဳိ႕ေသာ ေရသန္ ့လုပ္ငန္းမ်ားမွာ လာေရာက္ေလွွ်ာက္ထားၿပီးျဖစ္သလို ေရနမူနာမ်ားကိုလည္း မႏၱေလးရိွ ဓာတ္ခြဲခန္းမ်ားသို ့ ပို ့ေဆာင္ထားၿပီးျဖစ္ကာ ေထာက္ခံခ်က္လက္မွတ္ကို လာေရာက္ေလွ်ာက္ထားျခင္း မရိွသည့္ အဆိုပါ လုပ္ငန္း(၂)ခုကိုလည္း FDA၏ ေထာက္ခံခ်က္ကို လာေရာက္ေလွ်ာက္ထားသည့္ အခ်ိန္မွသာ ျပန္လည္ ထုတ္လုပ္ခြင့္ျပဳမည္ျဖစ္ေၾကာင္း ၎ထံမွ သိရသည္။

က်ဳိင္းတံုခရိုင္အတြင္းရွိ ေရသန္႔စက္ရံုမ်ားႏွင့္ ပတ္သက္၍ သက္ဆိုင္ရာမွ စားသံုးသူမ်ား မနစ္နာေစေရးႏွင့္ ေရသန္႔ လုပ္ငန္းရွင္မ်ားဘက္မွလည္း ေထာက္ခံခ်က္မ်ား ရယူရာတြင္ ဌာနမ်ားအေနျဖင့္လည္း လုပ္ထံုးလုပ္နည္းႏွင့္အညီ အျမန္ဆံုး ေဆာင္ရြက္ေပးႏိုင္မွ သာလ်င္ အဆင္ေျပေစမွာ ျဖစ္ေၾကာင္း ေဒသခံ တစ္ဦးက ဆိုသည္။

"ေရသန္႔ေတြက တစ္မ်ဳိးၿပီး တစ္မ်ဳိးထြက္ေနတယ္၊ ဘယ္တံဆိပ္က က်န္းမာေရးနဲ႔ညီညႊတ္တယ္၊ စံႏႈန္းျပည့္မီတယ္ဆိုတာ မသိရဘူး၊ တံဆိပ္ေတြကေတာ့ ကပ္ထားတာပဲ၊ ဒါေတြကို ေသခ်ာ ၾကပ္မတ္ေဆာင္ရြက္သင့္ပါတယ္၊ အဲ့လိုပဲ တာ၀န္ရွိသူမ်ားဖက္ကလည္း ေထာက္ခံခ်က္ေတြ ေလွ်ာက္ထားတဲ့အခါမွာ အျမန္ဆံုးေဆာင္ရြက္ေပးႏိုင္ရင္ေကာင္းတာေပါ့။ အခ်ိန္ေတြၾကာေတာ့ မေလွ်ာက္ထားၾကေတာ့ဘဲ ျဖစ္သလိုလုပ္ရင္ ကြ်န္ေတာ္တို႔လို စားသံုးသူေတြပဲ နစ္နာရပါတယ္"ဟု က်ဳိင္းတံုေဒသခံျဖစ္သူ ကိုေဘာ္ဂ်ာက ေျပာသည္။

ေရသန္ ့လုပ္ငန္းမ်ားကို ကြင္းဆင္းစစ္ေဆးရာတြင္ ခရိုင္အစားအေသာက္ႏွင့္ေဆး၀ါးကြပ္ကဲေရးဦးစီးဌာနမွ ခရိုင္ဦးစီးမွဴး ေဒါက္တာေတဇာ၀င္း၊ ခရိုင္စားသုံးသူေရးရာ ဦးစီးဌာနမွ ခရိုင္ဦးစီးမွဴး ဦးသန္းစိုးႏွင့္ သက္ဆိုင္ရာ ဌာနဆိုင္ရာမ်ားမွ တာ၀န္ရိွသူမ်ားက လိုက္ပါ၍ စစ္ေဆးခဲ့ေၾကာင္း သိရသည္။

သတင္း - ဇြဲျမတ္
ဓာတ္ပံု - က်ိဳင္းတုံခရိုင္စားသံုးသူေရးရာဦးစီးဌာန







~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့တွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)၏ ထောက်ခံချက်မရှိသည့် ရေသန့်လုပ်ငန်း(၂)ခုအား ဇူလိုင်လ(၁၃)ရက်နေ့ ကြာသပတေးနေ့က စ၍ ထုတ်လုပ်မှု ပိတ်သိမ်း လိုက်ကြောင်း သိရသည်။

"FDAရဲ့ ထောက်ခံချက်မရှိသေးတဲ့ သောက်ရေသန့်လုပ်ငန်းနှစ်ခုဖြစ်တဲ့ စိတ်စွမ်းအင်နဲ့ စိန်လင်းလတ် တို့ကို ဒီနေ့ ပိတ်သိမ်းလိုက်ပါတယ်။ သူတို့က လက်မှတ်မရှိသေးလို့ လက်မှတ်လျှောက်ထားဖို့အတွက် ကြိုပြီးတော့လည်း အကြောင်းကြားထားတယ်။ အချိန်(၂)လလည်း ကျော်နပြေီ။ ဒါပေမယ့် လာလည်း မလျှောက်ဘူး၊ ဒါကြောင့် FDAက ထုတ်လုပ်ခွင့် ပိတ်သိမ်းလိုက်တာပါ။"ဟု ကျိုင်းတုံခရိုင် စားသုံးသူ အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့မှ အတွင်းရေးမှူး ဦးသန်းစိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

စိတ်ကြိုက်၊ ရွှေချယ်ရီ၊ စိတ်စွမ်းအားနှင့် စိန်လင်းလတ် စသည့် ရေသန့်လုပ်ငန်းများအား ခရိုင်အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန ဦးဆောင်သော ပူးပေါင်းအဖွဲ့ဖြင့် ယနေ့ဇူလိုင်လ(၁၃)ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးခဲ့ရာ ထောက်ခံချက်ကို လျှောက်ထားခြင်း မရှိသည့်အပြင် ရေသန့်လုပ်ငန်းများအား FDA မှ သတ်မှတ်ထားသော စံချိန်စံနှုန်းများနှင့်လည်း ကိုက်ညီမှုမရှိသည့် အတွက် FDAက ယခုကဲ့သို့ ပိတ်သိမ်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

"အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ရဲ့ အစည်းအေဝး ဆုံးဖြတ်ချက်အရ ကျိုင်းတုံမြို့မှာ ရှိနေတဲ့ ရေသန့်စက်ရုံပေါင်း (၁၄)စက်မှာ မင်စိမ်းနဲ့ လပြည်ဝန်း (၂)ခုဘဲ FDAရဲ့ ထောက်ခံချက်ရှိ ထားတဲ့အတွက် ကျန်တာတွေကို ထောက်ခံချက်ရအောင် လျှောက်ဖို့အတွက် ရေသန့်လုပ်ငန်းတွေကို အသိပေးတာတွေ လုပ်ပြီးပါပြီ။ အခုတော့ ကွင်းဆင်းစစ်ဆေးတာတွေကိုလည်း FDAရဲ့ အစီအစဉ်နဲ့ စလုပ် နေပါပြီ။ ဒီနေ့ ကတ်တောင်၊ ကတ်ဖ ဘက်က ရေသန့်လုပ်ငန်း (၄)ခုကို စစ်ပါတယ်။ ကျန်တဲ့ ရေသန့်စက် (၁၀)စက်ကိုလည်း ဆက်ပြီး စစ်ဆေးသွားဦးမှာပါ။"ဟု ကျိုင်းတုံခရိုင် စားသုံးသူ အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့မှ အတွင်းရေးမှူး ဦးသန်းစိုးက ပြောသည်။

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်လက်မှတ် ရရှိနိုင်ရန်အတွက် အချို့သော ရေသန့်လုပ်ငန်းများမှာ လာရောက်လျှောက်ထားပြီးဖြစ်သလို ရေနမူနာများကိုလည်း မန္တလေးရှိ ဓာတ်ခွဲခန်းများသို့ ပို့ဆောင်ထားပြီးဖြစ်ကာ ထောက်ခံချက်လက်မှတ်ကို လာရောက်လျှောက်ထားခြင်း မရှိသည့် အဆိုပါ လုပ်ငန်း(၂)ခုကိုလည်း FDA၏ ထောက်ခံချက်ကို လာရောက်လျှောက်ထားသည့် အချိန်မှသာ ပြန်လည် ထုတ်လုပ်ခွင့်ပြုမည်ဖြစ်ကြောင်း၎င်းထံမှ သိရသည်။

ကျိုင်းတုံခရိုင်အတွင်းရှိ ရေသန့်စက်ရုံများနှင့် ပတ်သက်၍ သက်ဆိုင်ရာမှ စားသုံးသူများ မနစ်နာစေရေးနှင့် ရေသန့် လုပ်ငန်းရှင်များဘက်မှလည်း ထောက်ခံချက်များ ရယူရာတွင် ဌာနများအနဖြေင့်လည်း လုပ်ထုံးလုပ်နည်းနှင့်အညီ အမြန်ဆုံး ဆောင်ရွက်ပေးနိုင်မှ သာလျင် အဆင်ပြေစေမှာ ဖြစ်ကြောင်း ဒေသခံ တစ်ဦးက ဆိုသည်။

"ရေသန့်တွေက တစ်မျိုးပြီး တစ်မျိုးထွက်နေတယ်၊ ဘယ်တံဆိပ်က ကျန်းမာရေးနဲ့ညီညွှတ်တယ်၊ စံနှုန်းပြည့်မီတယ်ဆိုတာ မသိရဘူး၊ တံဆိပ်တွေကတော့ ကပ်ထားတာပဲ၊ ဒါတွေကို သေချာ ကြပ်မတ်ဆောင်ရွက်သင့်ပါတယ်၊ အဲ့လိုပဲ တာဝန်ရှိသူများဖက်ကလည်း ထောက်ခံချက်တွေ လျှောက်ထားတဲ့အခါမှာ အမြန်ဆုံးဆောင်ရွက်ပေးနိုင်ရင်ကောင်းတာပေါ့။ အချိန်တွကြောတော့ မလျှောက်ထားကြတော့ဘဲ ဖြစ်သလိုလုပ်ရင် ကျွန်တော်တို့လို စားသုံးသူတွေပဲ နစ်နာရပါတယ်"ဟု ကျိုင်းတုံဒေသခံဖြစ်သူ ကိုဘော်ဂျာက ပြောသည်။

ရေသန့်လုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါက်တာတေဇာဝင်း၊ ခရိုင်စားသုံးသူရေးရာ ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသန်းစိုးနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက လိုက်ပါ၍ စစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်း - ဇွဲမြတ်
ဓာတ်ပုံ - ကျိုင်းတုံခရိုင်စားသုံးသူရေးရာဦးစီးဌာန
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~


« PREV
NEXT »

No comments

Post a Comment

:::::::::: လႈိက္လွဲစြာ ေက်းဇုူးတင္ရွိပါသည္ ::::::::::