အထူးစိုးရိမ္ေရမွတ္သို႔ ေရာက္ရိွေနသျဖင့္ ေရစႀကိဳၿမိဳ႕နယ္တြင္ သဘာ၀ေဘးအႏၲရာယ္ ႀကိဳတင္ကာကြယ္ေရးႏွင့္ ျပန္လည္ထူေထာင္ေရးလုပ္ငန္းမ်ား အရိွန္ျမႇင္႔တင္ေဆာင္ရြက္လ်က္ရိွေန

အထူးစိုးရိမ္ေရမွတ္သို႔ ေရာက္ရိွေနသျဖင့္ ေရစႀကိဳၿမိဳ႕နယ္တြင္ သဘာ၀ေဘးအႏၲရာယ္ ႀကိဳတင္ကာကြယ္ေရးႏွင့္ ျပန္လည္ထူေထာင္ေရးလုပ္ငန္းမ်ား အရိွန္ျမႇင္႔တင္ေဆာင္ရြက္လ်က္ရိွေန
ဇူလိုင် 11, 2017
By Tachileik News Agency

မေကြးတိုင္းေဒသႀကီး ၊ ပခုကၠဴခရိုင္ ၊ ေရစႀကိဳၿမိဳ႕နယ္တြင္ ခ်င္းတြင္းျမစ္ေရ တိုးျမင္႔လာမႈေၾကာင္႔ သဘာဝေဘးအႏၱရာယ္ ႀကိဳတင္ကာကြယ္ေရးႏွင့္ ျပန္လည္ထူေထာင္ေရး လုပ္ငန္းမ်ားကို အရိွန္အဟုန္ျမႇင့္တင္ ေဆာင္ရြက္ေနလ်က္ရိွေႀကာင္း ေရစႀကိဳၿမိဳ႕နယ္ သဘာ၀ေဘးအႏၲရာယ္ ႀကိဳတင္ကာကြယ္ေရးႏွင့္ ျပန္လည္ထူေထာင္ေရးလုပ္ငန္း ေကာ္မတီထံမွ သိရသည္။

“လက္ရိွအေျခအေနမွာ ခ်င္းတြင္းျမစ္ေရဟာ ေရစႀကိဳၿမိဳ႕ရဲ႕ အထူးစိုး႐ိမ္ေရမွတ္ကိုေရာက္႐ွိေနၿပီျဖစ္လို႔ ၿမိဳ႕အတြင္းကို ျမစ္ေရလ်င္ျမန္စြာ၀င္ေရာက္ႏိုင္တဲ႔ ျမစ္ကမ္းေဘးေျမနိမ့္ပိုင္းကရပ္ကြက္ေတြနဲ႔ ေက်းရြာေတြမွာ ၿမိဳ႕နယ္သဘာ၀ေဘးအႏၲ႐ာယ္ႀကိဳတင္ကာကြယ္ေရးေကာ္မတီက ႀကိဳတင္ကာကြယ္ေရး လုပ္ငန္းမ်ား ေဆာင္ရြက္ေနလ်က္႐ွိျပီး ျပည္သူေတြအေနနဲ႔ အထူးသတိျပဳေနထိုင္ေ႐းအတြက္ ႏိႈးေဆာ္သတိေပးတဲ႔လုပ္ငန္းေတြ ေဆာင္ရြက္ေနလ်က္ရိွပါတယ္”ဟု ေရစႀကိဳၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးေအာင္ျမင္က ေျပာသည္။

ဇြန္(၅)ရက္ေန႔မွစတင္ကာ ႀကိဳတင္ကာကြယ္ေရးလုပ္ငန္းမ်ားကို ေဆာင္ရြက္ႏိုင္ေရးအတြက္ မေကြးတိုင္းေဒသႀကီး အစိုးရအဖြဲ႔ တိုင္းေဒသႀကီးသဘာ၀ေဘးအေရးေပၚကာကြယ္ထိန္းသိမ္းေရး႐န္ပံုေငြမွ ေထာက္ပံ့ေငြက်ပ္သိန္း(၃၀၀)ျဖင့္ မတည္၍ လူမႈ၀န္ထမ္းကယ္ဆယ္ေရး၀န္ႀကီးဌာနမွ က်ပ္သိန္း(၆၀)၊ ျပည္သူမ်ားမွထည့္၀င္ေငြ က်ပ္(၉၂)သိန္းေက်ာ္၊ စုစုေပါင္း က်ပ္ (၄၅၂) သိန္းခန္႔ျဖင့္ ေဆာင္ရြက္ေနလ်က္ရိွေၾကာင္းသိရသည္။

ႀကိဳတင္ကာကြယ္ေရးအစီအစဥ္အေနနဲ႔ ေဖာင္ေတာ္ဦးဘုရား ေရထိန္းနံရံျပဳျပင္ႏိုင္ဖို႔ အလ်ား(၉၀)၊ အနံ(၇)ေပ၊ (၂)တန္းသြား ထန္းလံုးပိုက္႐ိုက္ျခင္းလုပ္ငန္း(၂)ခု၊ ပီနံအိတ္ခြံမ်ားအတြင္း သဲထည့္ၿပီး သဲအိတ္ေပါင္း (၁၃၃၂၁၉) အိတ္ကို ေရဝင္ေရာက္လာမယ္႔ေနရာေတြမွာ စီတန္းခ်ျခင္းစတဲ႔ လုပ္ငန္းေတြကို ဇြန္(၅) ရက္ေန႔ကစၿပီး ေဆာင္ရြက္ခဲ့ပါတယ္”ဟု ၿမိဳ႕နယ္သဘာ၀ေဘးအႏၲ႐ာယ္ႀကိဳတင္ကာကြယ္ေရးေကာ္မတီဝင္တစ္ဦးက ေျပာသည္။

ျမစ္ေရႀကီးျမင့္မႈေၾကာင့္ ျပည္သူမ်ားေျပာင္းေရႊ႕ေနထိုင္ရပါက အသင့္ေနထိုင္ႏိုင္႐န္အတြက္ အမွတ္(၈)ရပ္ကြက္ ဂူႀကီးေက်ာင္းအတြင္း ေရေဘးေ႐ွာင္စခန္း၌ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဦးစီးဌာန၏ ေထာက္ပံ့မႈျဖင့္လူ(၃၀)ဦးဆံ့ မိုးကာတဲ(၂)လံုး၊ (၁၅)ဦးဆံ့ မိုးကာတဲ(၆)လံုး၊ (၁၀)ဦးဆံ့ မိုးကာ တဲ(၄)လံုး၊ အိမ္သာ(၁၀)လံုးႏွင္႔ သံုးေရကန္(၃)လံုးတည္ေဆာက္ၿပီးျဖစ္ေၾကာင္း သိရသည္။

ေရစႀကိဳၿမိဳ႕နယ္အတြင္း သဘာ၀ေဘးအႏၲရာယ္ႀကိဳတင္ကာကြယ္ေရးႏွင့္ ျပန္လည္ထူေထာင္ေရးလုပ္ငန္းေကာ္မတီအား ဥကၠဌအျဖစ္ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေ႐းမွဴးမွ တာ၀န္ယူေဆာင္ရြက္၍ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ ဌာနဆိုင္ရာမ်ားႏွင္႔ လူမႈေရးအသင္းအဖြဲ႔မ်ားပါ၀င္သည့္ အဖြဲ႔၀င္(၁၇)ဦးျဖင့္ ဖြဲ႔စည္းေဆာင္ရြက္ထား႐ွိၿပီး လုပ္ငန္းေကာ္မတီ(၁၂)ခုျဖင္႔ ဖြဲ႔စည္းေဆာင္ရြက္လ်က္႐ွိေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - #ဖီးနစ္၊ #ေအာင္ေက်ာ္ဇင္


~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် ချင်းတွင်းမြစ်ရေ တိုးမြင့်လာမှုကြောင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နေလျက်ရှိကြောင်း ရေစကြိုမြို့နယ် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း ကော်မတီထံမှ သိရသည်။

“လက်ရှိအခြေအနေမှာ ချင်းတွင်းမြစ်ရေဟာ ရေစကြိုမြို့ရဲ့ အထူးစိုးရိမ်ရေမှတ်ကိုရောက်ရှိနပြေီဖြစ်လို့ မြို့အတွင်းကို မြစ်ရေလျင်မြန်စွာဝင်ရောက်နိုင်တဲ့ မြစ်ကမ်းဘေးမြေနိမ့်ပိုင်းကရပ်ကွက်တွေနဲ့ ကျေးရွာတွေမှာ မြို့နယ်သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးကော်မတီက ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေလျက်ရှိပြီး ပြည်သူတွေအနေနဲ့ အထူးသတိပြုနေထိုင်ရေးအတွက် နှိုးဆော်သတိပေးတဲ့လုပ်ငန်းတွေ ဆောင်ရွက်နေလျက်ရှိပါတယ်”ဟု ရေစကြိုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင်က ပြောသည်။

ဇွန်(၅)ရက်နေ့မှစတင်ကာ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရေးအတွက် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ တိုင်းဒေသကြီးသဘာဝဘေးအရေးပေါ်ကာကွယ်ထိန်းသိမ်းရေးရန်ပုံငွေမှ ထောက်ပံ့ငွေကျပ်သိန်း(၃၀၀)ဖြင့် မတည်၍ လူမှုဝန်ထမ်းကယ်ဆယ်ရေးဝန်ကြီးဌာနမှ ကျပ်သိန်း(၆၀)၊ ပြည်သူများမှထည့်ဝင်ငွေ ကျပ်(၉၂)သိန်းကျော်၊ စုစုပေါင်း ကျပ် (၄၅၂) သိန်းခန့်ဖြင့် ဆောင်ရွက်နေလျက်ရှိကြောင်းသိရသည်။

ကြိုတင်ကာကွယ်ရေးအစီအစဉ်အနေနဲ့ ဖောင်တော်ဦးဘုရား ရေထိန်းနံရံပြုပြင်နိုင်ဖို့ အလျား(၉၀)၊ အနံ(၇)ပေ၊ (၂)တန်းသွား ထန်းလုံးပိုက်ရိုက်ခြင်းလုပ်ငန်း(၂)ခု၊ ပီနံအိတ်ခွံများအတွင်း သဲထည့်ပြီး သဲအိတ်ပေါင်း (၁၃၃၂၁၉) အိတ်ကို ရေဝင်ရောက်လာမယ့်နေရာတွေမှာ စီတန်းချခြင်းစတဲ့ လုပ်ငန်းတွေကို ဇွန်(၅) ရက်နေ့ကစပြီး ဆောင်ရွက်ခဲ့ပါတယ်”ဟု မြို့နယ်သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးကော်မတီဝင်တစ်ဦးက ပြောသည်။

မြစ်ရကြေီးမြင့်မှုကြောင့် ပြည်သူများပြောင်းရွှေ့နေထိုင်ရပါက အသင့်နေထိုင်နိုင်ရန်အတွက် အမှတ်(၈)ရပ်ကွက် ဂူကြီးကျောင်းအတွင်း ရေဘေးရှောင်စခန်း၌ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၏ ထောက်ပံ့မှုဖြင့်လူ(၃၀)ဦးဆံ့ မိုးကာတဲ(၂)လုံး၊ (၁၅)ဦးဆံ့ မိုးကာတဲ(၆)လုံး၊ (၁၀)ဦးဆံ့ မိုးကာ တဲ(၄)လုံး၊ အိမ်သာ(၁၀)လုံးနှင့် သုံးရေကန်(၃)လုံးတည်ဆောက်ပြီးဖြစ်ကြောင်း သိရသည်။

ရေစကြိုမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီအား ဥက္ကဌအဖြစ် မြို့နယ်အုပ်ချုပ်ရေးမှူးမှ တာဝန်ယူဆောင်ရွက်၍ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များပါဝင်သည့် အဖွဲ့ဝင်(၁၇)ဦးဖြင့် ဖွဲ့စည်းဆောင်ရွက်ထားရှိပြီး လုပ်ငန်းကော်မတီ(၁၂)ခုဖြင့် ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - #ဖီးနစ်၊ #အောင်ကျော်ဇင်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~