မိုင်းဖုန်းဆရာတော် ဦးစီးတည်ထောင်ထားသည့် စာသင်တိုက်တွင် မြန်မာ၊ အင်္ဂလိပ် နှင့် ဂုံရှမ်းဘာသာတို့ဖြင့် သင်ကြားမှု စတင်

မိုင်းဖုန်းဆရာတော် ဦးစီးတည်ထောင်ထားသည့် စာသင်တိုက်တွင် မြန်မာ၊ အင်္ဂလိပ် နှင့် ဂုံရှမ်းဘာသာတို့ဖြင့် သင်ကြားမှု စတင်
ဇူလိုငျ 26, 2017
By Tachileik News Agency

တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)ကျေးရွာအုပ်စု၌ မိုင်းဖုန်းဆရာတော် ဦးစီးတည်ထောင်သည့် ရတနသုဝဏ္ဏပရိယတ္တိ စာသင်တိုက်တွင် စာပေသင်ကြားမှု အစီအစဉ်အား ၂၀၁၇ခုနှစ် ဇူလိုင်လ(၂၄)ရက်နေ့က စတင်နေပြီး မြန်မာ၊ အင်္ဂလိပ် နှင့် ဂုံရှမ်းဘာသာများကိုလည်း သင်ကြားပေးနေပြီဖြစ်ကြောင်း သိရသည်။


အဆိုပါ စာသင်တိုက်တွင် နံနက်ပိုင်း အချိန်များ၌ စာသင်ရဟန်းသာမဏေ စုစုပေါင်း (၁၃၀)ပါးရှိရာ ၎င်းတို့အား မြန်မာစာ အခြေခံသင်ကြားမှုအနေဖြင့် ဆရာတော် ဦးပညာက လည်းကောင်း၊ အင်္ဂလိပ်စာ သင်ကြားပေးမှုအနေဖြင့် ဆရာတော်စ၀်တုရှဲန်က လည်းကောင်း အသီးသီး သင်ကြားပေးနေလျက် ရှိကြောင်း သိရသည်။

နေ့လယ်ပိုင်းအချိန်တွင် စာသင်ရဟန်းသာမဏေ စုစုပေါင်း (၇၃)ပါးရှိရာတွင် ဆရာတော် စဝ်ခူးဆွာတိဆမ်ဝုန်းက ဂုံရှမ်းဘာသာဖြင့် ပရိယတ္တိစာပေများကို တာဝန်ယူ သင်ကြားပေးနေပြီဖြစ်ကြောင်း သိရှိရသည်။

Photo: အရှင်သုဓမ္မ


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)ကျေးရွာအုပ်စု၌ မိုင်းဖုန်းဆရာတော် ဦးစီးတည်ထောင်သည့် ရတနသုဝဏ္ဏပရိယတိ္တ စာသင်တိုက်တွင် စာပေသင်ကြားမှု အစီအစဉ်အား ၂၀၁၇ခုနှစ် ဇူလိုင်လ(၂၄)ရက်နေ့က စတင်နပြေီး မြန်မာ၊ အင်္ဂလိပ် နှင့် ဂုံရှမ်းဘာသာများကိုလည်း သင်ကြားပေးနပြေီဖြစ်ကြောင်း သိရသည်။

"များသော အားဖြင့်က မြန်မာစာ မတတ်ကြသေးဘူး၊ မြန်မာစာကို ရေးတတ်၊ ဖတ်တတ်၊ ပြောတတ်အောင်တော့ အရင်သင်ပေးပါမယ်၊ ဗုဒ္ဓစာပေကိုတော့ ဂုံရှမ်းဘာသာဖြင့် သင်ကြား ပေးပါတယ်၊"ဟု ရတနသုဝဏ္ဏပရိယတ္တိ စာသင်တိုက်၏ သင်ကြားမှု ကျောင်းအုပ် ဆရာတော်ဖြစ်သူ နဂါးနှစ်ကောင်ကျောင်းတိုက်မှ ဆရာတော် အရှင်သုဓမ္မ (ဆွာတိစိုင်းနွဲ့)က တာချီလိတ်သတင်း အေဂျင်စီသို့ မိန့်သည်။

အဆိုပါ စာသင်တိုက်တွင် နံနက်ပိုင်း အချိန်များ၌ စာသင်ရဟန်းသာမဏေ စုစုပေါင်း (၁၃၀)ပါးရှိရာ၎င်းတို့အား မြန်မာစာ အခြေခံသင်ကြားမှုအနဖြေင့် ဆရာတော် ဦးပညာက လည်းကောင်း၊ အင်္ဂလိပ်စာ သင်ကြားပေးမှုအနဖြေင့် ဆရာတော်စဝ်တုရှဲန်က လည်းကောင်း အသီးသီး သင်ကြားပေးနေလျက် ရှိကြောင်း သိရသည်။

နေ့လယ်ပိုင်းအချိန်တွင် စာသင်ရဟန်းသာမဏေ စုစုပေါင်း (၇၃)ပါးရှိရာတွင် ဆရာတော် စဝ်ခူးဆွာတိဆမ်ဝုန်းက ဂုံရှမ်းဘာသာဖြင့် ပရိယတ္တိစာပေများကို တာဝန်ယူ သင်ကြားပေးနပြေီဖြစ်ကြောင်း သိရှိရသည်။

Photo: အရှင်သုဓမ္မ 

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~